မြေးမလေးရဲ့အထူးနေ့လေးကို မဖျက်ဆီးစေလိုတာကြောင့် အိမ်ပြင်ထွက်ကာ တိတ်ဆိတ်စွာ ငိုကြွေးနေခဲ့တဲ့ အသက် ၉၀ အရွယ်အဘွားတစ်ဦး

လက်ထပ်ပြီးနောက် မိသားစုရှိလာတော့မဲ့မြေးလေးတွေကို မြင်တွေ့ရခြင်းက အဘိုးအဘွားအများစုအတွက် ပျော်ရွှင်စရာတစ်ခုဖြစ်ပေမဲ့လည်း ၎င်းကမြေးလေးတွေကို အရင်လိုတွေ့ချင်သလိုမတွေ့နိုင်တော့တာကြောင့် အဘိုးအဘွားများရဲ့နှလုံးသားကိုကြေကွဲစေပါတယ်။

ခုလည်းအဘွားဖြစ်သူတစ်ဦးက သူမရဲ့မြေးမလေးအိမ်ထောင်ကျသွားတဲ့အခါ သူမရဲ့မျက်ရည်များကိုသုတ်ဖို့ အိမ်အပြင်ဘက်ကို
ထွက်လာခဲ့ပုံကို ကင်မရာဖြင့်ရိုက်ကူးမိခဲ့ပြီး “ အသက် ၉၀ အရွယ်အဘွားက သူ့မြေးမလေးလက်ထပ်တဲ့နေ့မှာ သူမရဲ့မျက်ရည်တွေကို အိမ်ကလူတွေမသိအောင် အိမ်ပြင်ဘက်မှာ တိတ်ဆိတ်စွာ စီးကျစေခဲ့တယ်” ဟုတဲ့ caption ဖြင့် ဓာတ်ပုံဆရာက တင်ထားခဲ့ပါတယ်။

၎င်းမျက်ရည်ဟာ အဘွားအတွက် ဝမ်းသာခြင်းနှင့်ဝမ်းနည်းခြင်းတို့မှ ကျစီးလာခဲ့တဲ့မျက်ရည်များသာဖြစ်ပါတယ်။ အဘွားဟာ မြေးမလေးမင်္ဂဆောင်တဲ့နေ့မှာ သူမငိုနေတာကို မမြင်စေချင်လို့ အိမ်ပြင်သို့တိတ်ဆိတ်စွာ ထွက်ငိုခဲ့ပေမဲ့ ၎င်းထိမိတဲ့အခိုက်အတန့်ကို ဖမ်းယူနိုင်ခဲ့ပြီး အဘွားဟာအိမ်တံခါးပေါက်ဘေးမှာ သူမရဲ့မျက်ရည်တွေကို သုတ်နေရင်းမှာဘဲ မြေးမလေးကတော့ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ သူမရဲ့ဘဝသစ်ကိုစတင်ရန် အပြင်ကိုထွက်ဖို့ကို အဆင်သင့်ဖြစ်နေပြီ။

၎င်းထိမိတဲ့ဓာတ်ပုံကို ၎င်းမင်္ဂလာပွဲအတွက် ရိုက်ကူးပေးခဲ့တဲ့ See’N Image Studio က ရုတ်တရက်ရိုက်ကူးမိသွားခဲ့ခြင်းဘဲဖြစ်ပါတယ်။ ထို့နောက် သူမရဲ့ခရမ်းရောင်ဝတ်စုံနှင့်အိမ်အပြင်ဘက်တွင်ရပ်နေတဲ့ အသက် ၉၀ အရွယ်အဘွားဟာ မြေးမလေးရဲ့အထူးနေ့လေးကို မဖျက်ဆီးလိုတာကြောင့် သူမဟာ မျက်ရည်များကို တိတ်တဆိတ်နဲ့သုတ်လိုက်ပါတယ်။

၎င်းဓာတ်ပုံကို ပြီးခဲ့တဲ့ဧပြီ ၁၁ ရက်မှာ Facebook ပေါ်တင်လိုက်ပြီးနောက် မြေးမလေးကိုပြသတဲ့ အဘွားရဲ့ဖြူစင်တဲ့မေတ္တာကြောင့် လူများစွာရဲ့နှလုံးသားကို ထိမိသွားစေခဲ့ပါတယ်။
အချို့သောသူများက ၎င်းဓာတ်ပုံနှင့်ဆင်တူတဲ့ဇာတ်လမ်းများကိုပင် မျှဝေခဲ့ကြပါတယ်။ “ ကျွန်မအဖွားက ကျွန်မလက်ထပ်တဲ့နေ့မှာ အခန်းထဲမှာဘဲပုန်းနေခဲ့တယ်” ဟု အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး အခြားအသုံးပြုသူတစ်ဦးက“ ကျွန်မအတွက် အရမ်းကို touch ဖြစ်စေတယ် အဲဒါကကွယ်လွန်သွားပြီးဖြစ်တဲ့ကျွန်မရဲ့အဖွားကို သတိရစေတယ်” ဟုရေးသားခဲ့ပါတယ်။

ငယ်စဉ်ကတည်းကနေ ကိုယ့်လက်အောက်မှာပင် ကြီးပြင်းလာခဲ့ပြီး လက်ထပ်တဲ့အထိ တွေးထားပေးတတ်တဲ့အဘွားတစ်ဦးက သူမရဲ့မြေးမလေးအတွက် ဝမ်းနည်းဝမ်းသာဖြစ်နေတာကို မြင်ရခြင်းက အလွန်ကိုလှပလွန်းလှပါတယ်။ အချို့သောမြေးတွေဟာ မိဘများထက် အဘိုးအဘွားများကိုပိုကပ်ကြသလို အဘိုးအဘွားများကလည်း ၎င်းတို့ရဲ့မြေးလေးတွေကို အရမ်းချစ်ကြတာကို အဘိုးအဘွားနဲ့ပိုပြီး အနေနီးတဲ့သူများက ပိုသိပါလိမ့်မယ်။

Credit