မြဝတီမြန်မာ့အသံမှာ ကြေညာတာနဲ့ မြေပြင်ကဖုန်း/ဒိုင်း/ဂွမ်းသွားတာတွေကွာခြားပုံ ပန်ဆယ်လိုပြော

PDF တွေအများကြီးအဖမ်းခံနေရလား။ ညတိုင်းလိုလို မြဝတီမြန်မာ့အသံကနေ PDF တွေဖမ်းမိတာ အများကြီးဆိုတော့ အချို့က အားလျော့တဲ့လေသံတွေ ဖြစ်လာတယ်။ အဲ့တော့ပြောပြမယ်။

အဖမ်းခံရသူတိုင်း PDF တွေလားဆိုတော့မဟုတ်ဘူး။ PDF တွေ ပါလားဆိုတော့ပါတယ်။ ဆိုလိုတာက PDF တွေ အဖမ်းခံရတာတွေ ရှိလားဆိုတော့ရှိတယ်။ ဒါပေမယ့် မြဝတီမြန်မာ့အသံမှာ ကြေညာသလောက်များမနေဘူး။

တစ်နေရာရာမှာ ဖုန်း/ဒိုင်း/ဂွမ်းသွားတယ်။ လုပ်သွားသူမမိလိုက်ဘူးဆိုရင် ပထွေးတွေကကောင်းကောင်းဖျင်ကြိတ်မှာဆိုတော့ တွေ့ရာလူ/ အနီးနားကလူ ဆွဲဖမ်းသွားရော။

ဖမ်းသွားပြီးစစ်ကြောရေးမှာ နှိပ်စက်၊စစ်မေး။ မသိပါဘူးဖြေရင် ထပ်ရိုက်၊ မလုပ်ပါဘူးဖြေရင်ထပ်ရိုက်။ နောက်ဆုံးတော့ မထူးပါဘူး ဟုတ်ပါတယ်လုပ်ပါတယ်ဆိုပြီး ဖြေလိုက်ရရော။

စစ်ကြောရေးထဲက အရှင်ထွက်နိုင်ရင်မသေတော့ဘူး၊ ဖြေခိုင်းတဲ့အတိုင်းမဖြေရင် သတ်မှာဆိုတော့ ဟုတ်တယ်သာဖြေလိုက်ကြတာ။ အချို့ဆိုဖြစ်စဉ်ကိုတောင် ဘာမှန်းသိလိုက်ရှာတာ မဟုတ်ဘူး။

ဟုတ်ပါတယ်လုပ်ပါတယ်ဖြေလိုက်ရင် မြဝတီမြန်မာ့အသံမှာ PDF တွေမိပြီ ဘာညာမြှားတွေထိုးပြီးကြေညာ ဇာတ်ညွှန်းအတိုင်းရေးပြ ဘလာဘလာ။

မမိရင်စောက်သုံးမကျရကောင်းလား ပထွေးတွေရှယ်ပက်ကေ့ချ်နဲ့ ဖျင်ချတာလည်းသက်သာ PDF တွေအများကြီးမိနေတယ်လို့ ပြည်သူကို အားငယ်အောင်လုပ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်တွေလုပ်ကြတာ။

အချို့တွေစိတ်အားလျော့ကျလာလို့ MaALoe တွေ ခင်းနေတဲ့အကွက်ကိုပြောပြတာ။ အဖမ်းခံလိုက်ရသူတွေက PDF တွေ မဟုတ်လည်း ငါတို့ပြည်သူတွေပဲ။ ငါတို့သွေးသားတွေပဲ။ ငါတို့ကို အနိုင်ကျင့်ရက်စက်တာပဲ။

ဒီကောင်တွေလက်အောက်မှာ ဖမ်းချင်သလိုဖမ်း သတ်ချင်သလို သတ်နေတာခံပြီးနေကြမလား။ ဘာအနာဂတ်မှမရှိ ရှင်လျက်နဲ့ သေခံကြရမလား။ ဘာအပြစ်မှမရှိတဲ့သူတွေက အသက်တွေ ပေးခဲ့ကြရသလို ဘာအပြစ်မှမရှိသူတွေက ထောင်ထဲမှာ။ ငါတို့နိုင်မှသူတို့တွေ လွတ်မြောက်နိုင်မှာ။ ရက်စက်နေသမျှတွေ မကြည့်ရက်လည်းကြည့်ထား။ နာကျည်းစိတ်ဟာ အကြီးဆုံးလောင်စာပဲဖြစ်ရမယ်။

Credit :ပန်ဆယ်လို

Zawgyi

PDF ေတြအမ်ားႀကီးအဖမ္းခံေနရလား။ ညတိုင္းလိုလို ျမဝတီျမန္မာ့အသံကေန PDF ေတြဖမ္းမိတာ အမ်ားႀကီးဆိုေတာ့ အခ်ိဳ႕က အားေလ်ာ့တဲ့ေလသံေတြ ျဖစ္လာတယ္။ အဲ့ေတာ့ေျပာျပမယ္။

အဖမ္းခံရသူတိုင္း PDF ေတြလားဆိုေတာ့မဟုတ္ဘူး။ PDF ေတြ ပါလားဆိုေတာ့ပါတယ္။ ဆိုလိုတာက PDF ေတြ အဖမ္းခံရတာေတြ ရွိလားဆိုေတာ့ရွိတယ္။ ဒါေပမယ့္ ျမဝတီျမန္မာ့အသံမွာ ေၾကညာသေလာက္မ်ားမေနဘူး။

တစ္ေနရာရာမွာ ဖုန္း/ဒိုင္း/ဂြမ္းသြားတယ္။ လုပ္သြားသူမမိလိုက္ဘူးဆိုရင္ ပေထြးေတြကေကာင္းေကာင္းဖ်င္ႀကိတ္မွာဆိုေတာ့ ေတြ႕ရာလူ/ အနီးနားကလူ ဆြဲဖမ္းသြားေရာ။

ဖမ္းသြားၿပီးစစ္ေၾကာေရးမွာ ႏွိပ္စက္၊စစ္ေမး။ မသိပါဘူးေျဖရင္ ထပ္႐ိုက္၊ မလုပ္ပါဘူးေျဖရင္ထပ္႐ိုက္။ ေနာက္ဆုံးေတာ့ မထူးပါဘူး ဟုတ္ပါတယ္လုပ္ပါတယ္ဆိုၿပီး ေျဖလိုက္ရေရာ။

စစ္ေၾကာေရးထဲက အရွင္ထြက္ႏိုင္ရင္မေသေတာ့ဘူး၊ ေျဖခိုင္းတဲ့အတိုင္းမေျဖရင္ သတ္မွာဆိုေတာ့ ဟုတ္တယ္သာေျဖလိုက္ၾကတာ။ အခ်ိဳ႕ဆိုျဖစ္စဥ္ကိုေတာင္ ဘာမွန္းသိလိုက္ရွာတာ မဟုတ္ဘူး။

ဟုတ္ပါတယ္လုပ္ပါတယ္ေျဖလိုက္ရင္ ျမဝတီျမန္မာ့အသံမွာ PDF ေတြမိၿပီ ဘာညာျမႇားေတြထိုးၿပီးေၾကညာ ဇာတ္ၫႊန္းအတိုင္းေရးျပ ဘလာဘလာ။

မမိရင္ေစာက္သုံးမက်ရေကာင္းလား ပေထြးေတြရွယ္ပက္ေက့ခ်္နဲ႔ ဖ်င္ခ်တာလည္းသက္သာ PDF ေတြအမ်ားႀကီးမိေနတယ္လို႔ ျပည္သူကို အားငယ္ေအာင္လုပ္။ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ေတြလုပ္ၾကတာ။

အခ်ိဳ႕ေတြစိတ္အားေလ်ာ့က်လာလို႔ MaALoe ေတြ ခင္းေနတဲ့အကြက္ကိုေျပာျပတာ။ အဖမ္းခံလိုက္ရသူေတြက PDF ေတြ မဟုတ္လည္း ငါတို႔ျပည္သူေတြပဲ။ ငါတို႔ေသြးသားေတြပဲ။ ငါတို႔ကို အႏိုင္က်င့္ရက္စက္တာပဲ။

ဒီေကာင္ေတြလက္ေအာက္မွာ ဖမ္းခ်င္သလိုဖမ္း သတ္ခ်င္သလို သတ္ေနတာခံၿပီးေနၾကမလား။ ဘာအနာဂတ္မွမရွိ ရွင္လ်က္နဲ႔ ေသခံၾကရမလား။ ဘာအျပစ္မွမရွိတဲ့သူေတြက အသက္ေတြ ေပးခဲ့ၾကရသလို ဘာအျပစ္မွမရွိသူေတြက ေထာင္ထဲမွာ။ ငါတို႔ႏိုင္မွသူတို႔ေတြ လြတ္ေျမာက္ႏိုင္မွာ။ ရက္စက္ေနသမွ်ေတြ မၾကည့္ရက္လည္းၾကည့္ထား။ နာက်ည္းစိတ္ဟာ အႀကီးဆုံးေလာင္စာပဲျဖစ္ရမယ္။

Credit :ပန္ဆယ္လို