မြန်မာ့အရေး အားလုံးတွေ့ဆုံဆွေးနွေး အဖြေရှာရန် အရေးတကြီး လိုအပ်နေဟု ကုလမဟာမင်းကြီးဆို

မြန်မာ့အရေးနှင့်ပတ်သက်၍အဖြေရှာရာတွင် ဩဇာလွှမ်းမိုးနိုင်သည့်နိုင်ငံများမှ သံတမန်ရေးအားထုတ်မှုများမြှင့်တင်ရန်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအရ ပါဝင်ပတ်သက်နေသူများနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အရေးတကြီးလိုအပ်နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကပြောဆိုလိုက်သည်။

မြန်မာ့တပ်မတော်အနေဖြင့် ပဋိပက္ခများအဆုံးသတ်ရန်နှင့် အတိုက်အခံအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုများစတင်ရန် အာဆီယံအဖွဲ့နှင့်အတူ ဧပြီလအတွင်းက ရရှိခဲ့သည့် ဘုံသဘောတူညီမှုအချက်ငါးချက်ကို အကောင်အထည်ဖော်လိုသည့်ဆန္ဒကို တွေ့မြင်ရခြင်းမရှိကြောင်း၎င်းကဆိုသည်။

အာဆီယံအဖွဲ့ကိုပေးအပ်ထားသည့် ကတိကဝတ်ပြုထားသော်လည်း တင်းမာမှုများလျှော့ချရန် ကြိုးစားအားထုတ်မှုမရှိသည်ကို တွေ့မြင်နေရကြောင်း Michelle Bachelet က ပြောဆိုသည်။ ယင်းသို့သောအခြေအနေများအား ရပ်တန့်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာတာဝန်ရှိသူများကို တောင်းဆိုရန်အတွက် စည်းလုံးညီညွတ်ရန်လိုအပ်ကြောင်း ၎င်းကပြောသည်။ ထိန်းသိမ်းခံထားရသူများနှင့်ပတ်သက်၍လည်း လွန်စွာစိုးရိမ်ပူပန်ကြောင်း ၎င်းကထုတ်ဖော်ပြောဆိုသည်။

သတင်း – သန့်မျိုး
ဓာတ်ပုံ – Reuters

Zawgyi

ျမန္မာ့အေရးႏွင့္ပတ္သက္၍အေျဖရွာရာတြင္ ဩဇာလႊမ္းမိုးႏိုင္သည့္ႏိုင္ငံမ်ားမွ သံတမန္ေရးအားထုတ္မႈမ်ားျမႇင့္တင္ရန္အပါအဝင္ ျမန္မာႏိုင္ငံအတြင္းရွိ ႏိုင္ငံေရးအရ ပါဝင္ပတ္သက္ေနသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးအေျဖရွာရန္ အေရးတႀကီးလိုအပ္ေနေၾကာင္း ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet ကေျပာဆိုလိုက္သည္။

ျမန္မာ့တပ္မေတာ္အေနျဖင့္ ပဋိပကၡမ်ားအဆုံးသတ္ရန္ႏွင့္ အတိုက္အခံအင္အားစုမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားစတင္ရန္ အာဆီယံအဖြဲ႕ႏွင့္အတူ ဧၿပီလအတြင္းက ရရွိခဲ့သည့္ ဘုံသေဘာတူညီမႈအခ်က္ငါးခ်က္ကို အေကာင္အထည္ေဖာ္လိုသည့္ဆႏၵကို ေတြ႕ျမင္ရျခင္းမရွိေၾကာင္း၎ကဆိုသည္။

အာဆီယံအဖြဲ႕ကိုေပးအပ္ထားသည့္ ကတိကဝတ္ျပဳထားေသာ္လည္း တင္းမာမႈမ်ားေလွ်ာ့ခ်ရန္ ႀကိဳးစားအားထုတ္မႈမရွိသည္ကို ေတြ႕ျမင္ေနရေၾကာင္း Michelle Bachelet က ေျပာဆိုသည္။ ယင္းသို႔ေသာအေျခအေနမ်ားအား ရပ္တန႔္ႏိုင္ရန္အတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနျဖင့္ ျမန္မာတာဝန္ရွိသူမ်ားကို ေတာင္းဆိုရန္အတြက္ စည္းလုံးညီၫြတ္ရန္လိုအပ္ေၾကာင္း ၎ကေျပာသည္။ ထိန္းသိမ္းခံထားရသူမ်ားႏွင့္ပတ္သက္၍လည္း လြန္စြာစိုးရိမ္ပူပန္ေၾကာင္း ၎ကထုတ္ေဖာ္ေျပာဆိုသည္။