မြန်မာ့အရေး အမေရိကန်သမ္မတအိမ်ဖြူတော်ပြောပြီ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို နှောင့်နှေးသွားစေမည့်အခြေအနေကိုဦးတည်စေသော တပ်မတော်၏လုပ်ရပ်များနှင့် ပတ်သက်၍ သတင်းများအပေါ် အမေရိကန်ပြည်ထောင်စုမှ စိုးရိမ်မကင်းဖြစ်မိပါသည်။ သတင်းများအရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်ဘက်အရာရှိများအားလည်း ဖမ်းဆီးထားကြောင်းသိရပါသည်။

ဤအခြေအနေနှင့်ပတ်သက်၍သမ္မတ Joe Biden အား အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က အသိပေးအကြောင်းကြားထားပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ဒီမိုကရေစီနည်းလမ်းကျ အုပ်ချုပ်ရေးလုပ်ငန်းအဖွဲ့အစည်းများကို ဒေသတွင်းရှိမိတ်ဖက်နိုင်ငံများနှင့်အတူပူးပေါင်း၍ အမေရိကန်ပြည်ထောင်စုမှ ခိုင်မာစွာဆက်လက်အားပေးထောက်ခံသွားမည် ဖြစ်ကြောင်းထပ်လောင်းအတည်ပြုပါသည်။

တပ်မတော်အပါအဝင် အခြားအဖွဲ့အစည်းများအားလုံးအနေဖြင့် ဒီမိုကရေစီစံနှုန်းများနှင့် ဥပဒေစိုးမိုးရေးကိုအလေးအနက်ထားလိုက်နာပြီး ယနေ့ဖမ်းဆီးထားသည့် ပုဂ္ဂိုလ်များအား အမြန်ဆုံးလွှတ်ပေးရန်တောင်းဆိုပါသည်။ အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံတွင်မကြာသေးခင်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ ရလဒ်များကို တစုံတရာပြောင်းလဲရန်ကြိုးပမ်းခြင်း၊ မြန်မာနိုင်ငံဒီမိုကရေစီစနစ်သို့ကူးပြောင်းရေးကို ချိုးဖျက်ရန်ကြိုးပမ်းခြင်းစသည့်ကိစ္စမှန်သမျှကို ဆန့်ကျင်ပါသည်။

ဤသို့ဆောင်ရွက်သည့်တာဝန်ရှိသူများအပေါ်တွင်လည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေခဲ့ရသည့်မြန်မာပြည်သူများနှင့် အတူ ထပ်တူရပ်တည်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

Zawgyi

ျမန္မာႏိုင္ငံတြင္ ဒီမိုကေရစီေရး ျပဳျပင္ေျပာင္းလဲမႈမ်ားကို ေႏွာင့္ေႏွးသြားေစမည့္ အေျခအေနကို ဦးတည္ေစေသာ တပ္မေတာ္၏လုပ္ရပ္မ်ားႏွင့္ ပတ္သက္၍ သတင္းမ်ားအေပၚ အေမရိကန္ျပည္ေထာင္စုမွ စိုးရိမ္မကင္းျဖစ္မိပါသည္။ သတင္းမ်ားအရ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အရပ္ဘက္အရာရွိမ်ားအားလည္း ဖမ္းဆီးထားေၾကာင္းသိရပါသည္။

ဤအေျခအေနႏွင့္ပတ္သက္၍သမၼတ Joe Biden အား အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Jake Sullivan က အသိေပးအေၾကာင္းၾကားထားၿပီးျဖစ္ပါသည္။ ျမန္မာႏိုင္ငံ၏ဒီမိုကေရစီနည္းလမ္းက် အုပ္ခ်ဳပ္ေရးလုပ္ငန္းအဖြဲ႕အစည္းမ်ားကို ေဒသတြင္းရွိမိတ္ဖက္ႏိုင္ငံမ်ားႏွင့္အတူပူးေပါင္း၍ အေမရိကန္ျပည္ေထာင္စုမွ ခိုင္မာစြာဆက္လက္အားေပးေထာက္ခံသြားမည္ ျဖစ္ေၾကာင္းထပ္ေလာင္းအတည္ျပဳပါသည္။

တပ္မေတာ္အပါအဝင္ အျခားအဖြဲ႕အစည္းမ်ားအားလုံးအေနျဖင့္ ဒီမိုကေရစီစံႏႈန္းမ်ားႏွင့္ ဥပေဒစိုးမိုးေရးကို အေလးအနက္ထားလိုက္နာၿပီး ယေန႔ဖမ္းဆီးထားသည့္ ပုဂၢိဳလ္မ်ားအား အျမန္ဆုံးလႊတ္ေပးရန္ေတာင္းဆိုပါသည္။ အေမရိကန္ျပည္ေထာင္စုအေနႏွင့္ ျမန္မာႏိုင္ငံတြင္ မၾကာေသးခင္ကက်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲမွ ရလဒ္မ်ားကို တစုံတရာေျပာင္းလဲရန္ႀကိဳးပမ္းျခင္း၊ ျမန္မာႏိုင္ငံဒီမိုကေရစီစနစ္သို႔ကူးေျပာင္းေရးကို ခ်ိဳးဖ်က္ရန္ႀကိဳးပမ္းျခင္းစသည့္ကိစၥမွန္သမွ်ကို ဆန႔္က်င္ပါသည္။

ဤသို႔ေဆာင္႐ြက္သည့္တာဝန္ရွိသူမ်ားအေပၚတြင္လည္း အေရးယူေဆာင္႐ြက္သြားမည္ျဖစ္သည္။ အေမရိကန္ျပည္ေထာင္စုအေနႏွင့္ ျမန္မာႏိုင္ငံတြင္လက္ရွိျဖစ္ေပၚေနသည့္အေျခအေနမ်ားကို အနီးကပ္ေစာင့္ၾကည့္သြားမည္ျဖစ္ၿပီး ဒီမိုကေရစီႏွင့္ၿငိမ္းခ်မ္းေရးရရွိရန္ ႀကိဳးပမ္းေဆာင္႐ြက္ေနခဲ့ရသည့္ျမန္မာျပည္သူမ်ားႏွင့္ အတူ ထပ္တူရပ္တည္သြားမည္ျဖစ္ေၾကာင္း ေၾကညာအပ္ပါသည္။