မြန်မာ့ဖရဲ ကမ္ဘာကျော်ပါပြီ စင်ကာပူနဲ့ ကာတာတို့ကနေ အမှာစာများ ထပ်မံရောက်ရှိ

စင်္ကာပူနှင့် ကာတာနိုင်ငံတို့က အမှာပို့ထားသည့် မြန်မာ့ဖရဲ နေပြည်တော်နှင့် တောင်ငူစိုက်ခင်းများမှ ထွက်ရှိက တင်ပို့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောပါတယ်။

ဖရဲသီး တင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားလိုက်ပါတယ်။

“အခုပဲ ဒူဘိုင်းကို ပို့မယ့် ၂၅ တန် ကွန်တိန်နာထဲ ထည့်ပြီး တင်ပေးလိုက်ပြီ။ ၁၃ ရက်နေ့ သ‌င်္ဘောထွက်ဖြစ်မယ် ခင်ဗျ။ ပထမ ၆ ရက်နေ့က မထွက်ဖြစ်ဘူး။ အခုက မြန်မာက ဖရဲသီးကို အမှာတွေက ရှိပါတယ်။ စင်္ကာပူနဲ့ ကာတာကလည်း မှာထားတာ ရှိပါတယ်။ ဒါကိုတော့ တောင်ငူမှာ ဧက ၃၀ ကျော် စိုက်ထားတယ်။ နေပြည်တော်တပ်ကုန်းမှာတော့ ဧက ၂၀ ကျော် စိုက်ထားတယ်။ အဲဒါလေးပေါ်ရင်တော့ စင်္ကာပူတို့၊ ကာတာတို့ ဒူဘိုင်းတို့ ထပ်ပို့ဖြစ်မှာပါ” ဟု ၎င်းက ပြောပါတယ်။

မြန်မာဖရဲသီးများအား နှစ်စဉ် တရုတ်နိုင်ငံ ဈေးကွက်သို့ အားထားပို့ဆောင်နေရပြီး ယခင်နှစ်များက နယ်စပ်ဂိတ်များတွင် ကြန့်ကြာမှုနှင့် ဝယ်သူနည်းပါးမှုကြောင့် ဖရဲစိုက်ခင်းများ အရှုံးပေါ်ခဲ့ပါတယ်။

“အခုမြန်မာဖရဲက ဈေးကွက်သစ် တင်ပို့တယ်ဆိုတော့ အဝယ်လိုက်တာ များလာတယ်။ ဖရဲစိုက်ခင်းတောင်သူတွေ ဈေးကောင်းရတယ် ကြားတယ်။ ဝမ်းသာပါတယ်”ဟု မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ထပ်မံ ပြောပါတယ်။

Zawgyi
စကၤာပူႏွင့္ ကာတာႏိုင္ငံတို႔က အမွာပို႔ထားသည့္ ျမန္မာ့ဖရဲ ေနျပည္ေတာ္ႏွင့္ ေတာင္ငူစိုက္ခင္းမ်ားမွ ထြက္ရွိက တင္ပို႔မည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဖရဲ၊ သခြားေမႊး စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္း ဥကၠ႒ ဦးႏိုင္ဝင္းက ေျပာပါတယ္။

ဖရဲသီး တင္ပို႔ေရာင္းခ်မႈႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံ ဖရဲ၊ သခြားေမႊး စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္း ဥကၠ႒ ဦးႏိုင္ဝင္းက ဒီဇင္ဘာ ၁၁ ရက္တြင္ ေျပာၾကားလိုက္ပါတယ္။

“အခုပဲ ဒူဘိုင္းကို ပို႔မယ့္ ၂၅ တန္ ကြန္တိန္နာထဲ ထည့္ၿပီး တင္ေပးလိုက္ၿပီ။ ၁၃ ရက္ေန႔ သ‌ေဘၤာထြက္ျဖစ္မယ္ ခင္ဗ်။ ပထမ ၆ ရက္ေန႔က မထြက္ျဖစ္ဘူး။ အခုက ျမန္မာက ဖရဲသီးကို အမွာေတြက ရွိပါတယ္။ စကၤာပူနဲ႔ ကာတာကလည္း မွာထားတာ ရွိပါတယ္။ ဒါကိုေတာ့ ေတာင္ငူမွာ ဧက ၃၀ ေက်ာ္ စိုက္ထားတယ္။ ေနျပည္ေတာ္တပ္ကုန္းမွာေတာ့ ဧက ၂၀ ေက်ာ္ စိုက္ထားတယ္။ အဲဒါေလးေပၚရင္ေတာ့ စကၤာပူတို႔၊ ကာတာတို႔ ဒူဘိုင္းတို႔ ထပ္ပို႔ျဖစ္မွာပါ” ဟု ၎က ေျပာပါတယ္။

ျမန္မာဖရဲသီးမ်ားအား ႏွစ္စဥ္ တ႐ုတ္ႏိုင္ငံ ေဈးကြက္သို႔ အားထားပို႔ေဆာင္ေနရၿပီး ယခင္ႏွစ္မ်ားက နယ္စပ္ဂိတ္မ်ားတြင္ ၾကန႔္ၾကာမႈႏွင့္ ဝယ္သူနည္းပါးမႈေၾကာင့္ ဖရဲစိုက္ခင္းမ်ား အရႈံးေပၚခဲ့ပါတယ္။

“အခုျမန္မာဖရဲက ေဈးကြက္သစ္ တင္ပို႔တယ္ဆိုေတာ့ အဝယ္လိုက္တာ မ်ားလာတယ္။ ဖရဲစိုက္ခင္းေတာင္သူေတြ ေဈးေကာင္းရတယ္ ၾကားတယ္။ ဝမ္းသာပါတယ္”ဟု ျမန္မာႏိုင္ငံ ဖရဲ၊ သခြားေမႊး စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္း ဥကၠ႒ ဦးႏိုင္ဝင္းက ထပ္မံ ေျပာပါတယ္။