မြန်မာအစိုးရနဲ့ အနီးကပ်ဆောင်ရွက် သွားဖို့ မျှော်လင့်ကြောင်း စင်ကာပူဝန်ကြီးချုပ်ပြော

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မြန်မာအထွေထွေရွေးကောက်ပွဲ အနိုင်ရရှိမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ အပေါ်ဂုဏ်ပြုစကားပေးပို့ခဲ့ပြီး မြန်မာအစိုးရနဲ့ အနီးကပ်ဆက်လက်လုပ်ဆောင်သွားဖို့ မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။

ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ အစောပိုင်းက စင်ကာပူဝန်ကြီးချုပ်ရုံးကနေ ထုတ်ပြန်သွားတာပါ။ “မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲကြီးမှာ အကြီးအကျယ် အနိုင်ရရှိခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD တို့ကို ဂုဏ်ယူမိကြောင်း၊ ဒီရလဒ်ဟာ မြန်မာနိုင်ငံကိုဦးဆောင်နေတဲ့ NLD ပါတီခေါင်းဆောင်မှုအပေါ် ပြည်သူတွေရဲ့ယုံကြည်မှုကို ပြသနေတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဆက်လက်ပြီး စင်ကာပူဟာ ကာလရှည်မြန်မာနိုင်ငံရဲ့ မိတ်ဆွေနဲ့အာဆီယံအိမ်နီးချင်းဖြစ်ကြောင်းနဲ့ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံရေး စတဲ့ကဏ္ဏတွေမှာ ဆက်လက်ပူးပေါင်း သွားလိုကြောင်းပြောကြားသွားပါတယ်။ ဒါ့အပြင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးကောင်းစေဖို့ ဆုမွန်ကောင်း တောင်းခဲ့ပြီး စင်ကာပူနိုင်ငံကို လာရောက်ဖို့ဖိတ်ခေါ်ခဲ့တယ်လို့လည်းသိရပါတယ်။

ယနေ့အစောပိုင်းကလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဒေါက်တာ ဗီဗီယန်ဘလာခရစ်ရှနန်ကလည်း ဝမ်းမြောက်စကားပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေကို အကောင်းဆုံး ဆန္ဒရှိစေလိုကြောင်းနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုနက်ရှိုင်းစေဖို့ မြန်မာအစိုးရနဲ့အနီးကပ် ဆက်လက်လုပ်ဆောင်သွားဖို့ မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။

Zawgyi

စင္ကာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းက ျမန္မာအေထြေထြေ႐ြးေကာက္ပြဲ အႏိုင္ရရွိမႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္ အတိုင္ပင္ခံ အေပၚ ဂုဏ္ျပဳစကား ေပးပို႔ခဲ့ၿပီး ျမန္မာအစိုးရနဲ႔ အနီးကပ္ ဆက္လက္ လုပ္ေဆာင္သြားဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာခဲ့ပါတယ္။

ယေန႔ ႏိုဝင္ဘာ ၁၃ ရက္ေန႔ အေစာပိုင္းက စင္ကာပူဝန္ႀကီးခ်ဳပ္႐ုံးကေန ထုတ္ျပန္သြားတာပါ။ “ျမန္မာႏိုင္ငံအေထြေထြေ႐ြးေကာက္ပြဲႀကီးမွာ အႀကီးအက်ယ္ အႏိုင္ရရွိခဲ့တဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္NLD တို႔ကို ဂုဏ္ယူမိေၾကာင္း၊ ဒီရလဒ္ဟာ ျမန္မာႏိုင္ငံကို ဦးေဆာင္ေနတဲ့ NLD ပါတီေခါင္းေဆာင္မႈအေပၚ ျပည္သူေတြရဲ႕ယုံၾကည္မႈကို ျပသေနတာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

ဆက္လက္ၿပီး စင္ကာပူဟာ ကာလရွည္ ျမန္မာႏိုင္ငံရဲ႕ မိတ္ေဆြနဲ႔ အာဆီယံအိမ္နီးခ်င္းျဖစ္ေၾကာင္းနဲ႔ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံေရး စတဲ့ ကဏၰေတြမွာ ဆက္လက္ပူးေပါင္း သြားလိုေၾကာင္း ေျပာၾကားသြားပါတယ္။ ဒါ့အျပင္ စင္ကာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ က်န္းမာေရး ေကာင္းေစဖို႔ ဆုမြန္ေကာင္း ေတာင္းခဲ့ၿပီး စင္ကာပူႏိုင္ငံကို လာေရာက္ဖို႔ ဖိတ္ေခၚခဲ့တယ္လို႔လည္း သိရပါတယ္။

ယေန႔ အေစာပိုင္းကလည္း စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးေဒါက္တာ ဗီဗီယန္ ဘလာခရစ္ရွနန္ကလည္း ဝမ္းေျမာက္စကား ေျပာၾကားခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျမန္မာျပည္သူေတြကို အေကာင္းဆုံး ဆႏၵရွိေစလိုေၾကာင္းနဲ႔ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ပိုနက္ရႈိင္းေစဖို႔ ျမန္မာအစိုးရနဲ႔ အနီးကပ္ ဆက္လက္လုပ္ေဆာင္သြားဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာခဲ့ပါတယ္။