မြန်မာမှာရိုက်တဲ့ My Husband in Law က တရုတ်မှာ နာမည်အကြီးဆုံး ဇာတ်ကားဖြစ်လာ

My Husband in Law ဆိုတဲ့ ထိုင်းဒရမ်မာဇာတ်ကားလေးကတော့ ပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပါ။ မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးတဲ့ ဇာတ်ကားလေးမို့ မြန်မာပရိသတ်တေ်ာတော်များများရဲ့ စိတ်ဝင်စားအားပေးမှုကိုပါရခဲ့တဲ့ ဇာတ်ကားကောင်းလေးဖြစ်ခဲ့ပါတယ်။

My Husband in Law ကတော့အခုဆိုရင် တရုတ်မှာပါ နာမည်အကြီးဆုံးလူကြိုက်အများဆုံး ထိုင်းဒရမ်မာဇာတ်ကားအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ ဒီအကြောင်းကိုတော့ insight.entertainment ရဲ့ တရားဝင်အကောင့်မှာ ဖော်ပြထားတာပါ။

My Husband in Law က တော့ (၂၀၂၁)အတွက် တရုတ်မှာနာမည်အကြီးဆုံး ထိုင်းဒရမ်မာဇာတ်ကား ဖြစ်လာခဲ့ပါတယ်။ Tencent Video platform မှာတော့ ဒီဇာတ်ကားကို ကြည့်တဲ့သူသန်းနှစ်ရာအထိရှိခဲ့ပါတယ်။

ကြည့်ရှုနှုန်းကိုကြည့်မယ်ဆိုရင်တော့ တရုတ်မှာဒီကားကို အရမ်းနှစ်သက်အားပေးခဲ့တာကို တွေ့ နိုင်ပါတယ်။ ဒီဇာတ်ကားမှာတော့ Mark Prin နဲ့ Mew Nittha တို့က အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားကြတာပါ။

ရန်ကုန်မှာဆိုရင် ရွှေတိဂုံ၊ ပုဂံ မှာဆိုရင်တော့ ထီးလိုမင်းလိုဘုရားနဲ့ ရွှေစည်းခုံဘုရား ၊အင်းလေးတို့မှာပါ သွားရောက်ရိုက်ကူးထားတာပါ။ ဒါတင်မကသေးပဲ ဇာတ်ကားထဲမှာ ထားဝယ်ကပရောဂျက် တစ်ခုမှာ မင်းသားနဲ့မင်းသမီး အတူအလုပ်သွားလုပ်ကြတဲ့ ပုံစံမျိုးလည်းရိုက်ပြထားပါတယ်။

မြန်မာမှုမြန်မာဟန်တွေကိုလည်း ထည့်သွင်းထားပါတယ်။ မင်းသမီး Mew Nittha နဲ့ Mark Prin တို့ ဘုရားအတူဖူးကြတဲ့ ဇာတ်ဝင်ခန်းတွေဆိုရင်လည်း နှစ်ယောက်လုံးက မြန်မာဝတ်စုံလေးတွေကိုဝတ်ပြီး ရိုက်ကူးခဲ့ကြတာပါ။ ဒါပေမယ့် ဘုရားဖူးတဲ့ဇာတ်ဝင်ခန်းတွေက မြန်မာကနာမည်ကြီး ဘုရားတွေအကုန်လုံးကို တချိန်တည်းမှာ အကုန်ထည့်ရိုက်ပြသွားခဲ့တာပါ။ ပုဂံမှာပူဖောင်းကြီးစီးကြတဲ့အခန်း၊ အင်းလေးမှာ လှေစီးကြတဲ့အခန်းတွေကိုပါ လှလှပပထည့်ရိုက်ပြသွားခဲ့ပါတယ်။

My Husband in Law ကတော့ Thong Entertainment ကနေထုတ်တဲ့ဇာတ်ကားပါ။ ဝါရင့်မင်းသမီးကြီး Anne Thongprasom က Producer အဖြစ်နဲ့ တာဝန်ယူခဲ့ပြီး ဒါရိုက်တာကတော့ Ampaiporn Jitmaingong ပါ။ ဒီဇာတ်ကားကိုတော့ ထိုင်း CH 3 က နေ ဧပြီ (၂၁) ကနေ ဇွန် ၉ ရက်နေ့အထိ ထုတ်လွှင့်ပြသခဲ့တာပါ။

ဒီဇာတ်ကားကတော့ မြန်မာရိုက်တဲ့ ပထမဆုံးဇာတ်ကားတော့ မဟုတ်ပါဘူး။ အရမ်းနာမည်ကြီးတဲ့ ထိုင်းရုပ်ရှင်ကား Friend Zone မှာဆိုရင် လည်း တစ်ချို့ဇာတ်ဝင်ခန်းတွေက မြန်မာမှာလာရိုက်ခဲ့တာပါ။

ref:IG/insight.entertainment and wiki
credit – SHWEMOM