မြန်မာဖီးနစ်ငှက်တို့ရဲ့ခရီးကြမ်း (အမေကျော်ပေါက်ဖော်လွမ်းခဲ့တဲ့ မအလဇတ်သိမ်း)

အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မူးကြီးမီးမီဝင်းဘက်က PDF တွေရဲ့စွမ်းဆောင်မူ့ စနစ်ကျမူ့တွေကို သူအရမ်းအံသြရပါတယ်တဲ့ အချိန်တိုအတွင်း စစ်ပညာသင်ရရာလက်နက်ကို ကိုယ်ပိုင်တီထွင်ဆန်းသစ်ပြီး စစ်တပ်ကိုရင်ဆိုင်အံတုနိုင်တာ နည်းတဲ့စွမ်းဆောင်ရည်မဟုတ်ဘူး။ မြန်မာတွေဟာသူတို့ဖြစ်ချင်လာပြီဟေ့ဆို မဖြစ်ဖြစ်အောင်လုပ်ဖို့ စိတ်ဓတ်တွေတအားပြင်းထန်ကြလို့ အခုအရေးတော်ပုံကြီးက အောင်ကိုအောင်မှာပါလို့ ​ VOA နဲ့အင်တာဗျူးမှာ ပြောသွားပါတယ်။

အမှန်တကယ်တော့ ဒေါ်မီမီဝင်းဘက်ပြောသွားတာထက်ကို pdf တွေက စိတ်ဓတ်စွမ်းဆောင်ရည်တွေ အများကြီးသာတာတွေ့ရပါတယ်။ စစ်ရေးအတွေ့အကြုံဘာမှမရှိပဲ ငါတို့စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ အဆင်းရဲခံဒုက္ခတွေခံပြီး အိုးပစ်အိမ်ပစ်မိသားစုပစ်ပြီး ရရာလက်နက်နဲ့ အသက်စတီးပြီး တိုက်နေတာ ကမ္ဘာကြီးကတောင် အံသြယူရသည်အထိပါပဲ။

ပြည်တွင်းပြည်ပက မြန်မာတိုင်းရင်းသားတွေကလဲ မစားရရင်နေပစေ PDF တွေကို ပံပိုးပေးကြတာ အံသြစရာကောင်းပါတယ်။ တော်လှန်ရေးမှာ ဘာမှလဲမလုပ် မသိသလိုကိုယ်လွတ်ရူန်းပြီး မပံပိုးပဲအောင်ပွဲရမှ ဖျာဝင်ခင်းမယ့်သူတစ်ချို့လဲ တွေ့နေရပါတယ်။ ဆင်ခြင်ဖို့ကောင်းပါပြီ ထိုသူတွေ လိပ်ပြာလုံရဲ့လား ရှက်တတ်ရဲ့လားမေးရပါမယ်။

အခုတော်လှန်ရေးဟာ အနီအစိမ်းပြဿနာမဟုတ်ပါဘူး တိုင်းပြည်အရေးပြဿနာပါ လုပ်နိုင်တဲ့ဘက်ကလုပ်ကြရင် ပိုခရီးရောက်မှာပါ လက်ခုပ်ထိုင်တီး ဘေးကင်းပါစေဆိုတာနဲ့ တော်လှန်ရေးဟာ အောင်စရာအကြောင်းကိုမရှိပါဘူး။

စကစဘက်ကတော့ သူ့တပ်ထဲတောင် ဂျင်းမျိုးစုံထည့်ပြီး စည်းရုံးနေရပါတယ်။ ရှေ့တန်းမှာလဲ သေကြတာမနည်းတော့ အမိန့်ဖိဆန်မူ့တွေဖြစ်လာသလို တပ်တွင်းမညီမျှမူ့တွေက မကြာခင်ပေါက်ကွဲထွက်လာပါတော့မယ်။ အခုတောင်အပ်ကြောင်းရာကလိုက်လာပါပြီ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ခြားက တစ်ရက်တစ်ရက် တပ်ပြေးတွေကလဲမနည်းပါဘူ။း တကယ်တိုက်ကြပြီဆိုရင် သေနတ်ပြောင်းဟာ ပြောင်းပြန်လှည့်သွားမှာပါ။

စကစဟာတိုင်းရင်းသားဒေသတွေကိုမဲပါတယ် ရှိစုမဲ့စုတပ်တွေကိုပို့ ပိတ်ဆို့ထားပြန်တယ်။ PDF တွေ နဲ့ EAOs တွေပေါင်းတက်လာမှာစိုးပုံရတယ်။ တကယ်တော့ PDF အင်အားစုတွေက မြို့ထဲကိုရောက်နေတာ စကစမသိလိုက်ဘူး သူကသူ့ခံစစ်စည်းကို တိုင်းရင်းသားဒေသတွေမှာ စုခံထားပေမယ့် မြို့ထဲထိပေါက်နေတော့ သူဘယ်လိုမှမထိန်းနိုင်တာတွေ့ရပြန်ပါတယ်။

NUG ဘက်ကတော့ 9/14 မတိုင်ခင် လူပ်ရှားမှာမဟုတ်ပါဘူး သံတမန်ရေးခိုင်မာအောင်နဲ့ NUG အစိုးရကို အသိအမှတ်ပြုရေး UN မှာကြိုးစားမှာပါ မပြုခဲ့ရင်လဲ PDFကို လက်နက်တပ်ဆင်ပြီး လက်ရှိအားနဲ့တိုက်မှာဖြစ်သလို ပြုခဲ့ရင်လဲနိုင်ငံတကာအကူအညီတောင်းပြီးတိုက်မှာပါ။

ပြိုစပြုနေတဲ့စကစကတော့ အခုထဲကပြေးဖို့နေရာရှာနေပါပြီ အောက်ခြေကစစ်သားကလဲ စကစရဲ့မိသားစုအတွက် အသေခံတိုက်ပေးမှာလား သေပေးမှာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ မြို့တွေမှာ စည်းကျပ်မူ့လျော့နည်းလာပါတယ် စကစဘက်ကရပ်တည်နေသူတွေ အကုန်စိတ်ဓတ်ကျလာသလို အခုထက်အခြေအနေဆိုးလာရင် သေနတ်ပြောင်း နောက်ပြန်လှည့်တော့မှာပါ မင်းအောင်လိူင်လိုအာဏာရူးအတွက် စစ်တိုက်မှာလားဆိုတဲ့စကားဟာ အလွန်မှကိုတာသွားမယ့်စကား ဖြစ်လာပါပြီ။

စစ်မှန်ပြီးတပ်မတော်ဆိုတဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်တဲ့စစ်သားစစ်စစ်တွေ ပြည်သူနဲ့အမြန်ပူးပေါင်းကြပါ အမှန်ကိုမြင်တတ်ကြပါ ပြည်သူကတောင် ရရာလက်နက်နဲ့တိုက်နေတာ သေရဲလို့စစ်ထဲဝင်တဲ့စစ်သားတွေက ပြည်သူဘက်ကဘာလို့ မရပ်တည်ချင်တာလဲ သိက္ခာရှိရှိသေကြစမ်းပါဗျာ။

စကစနဲ့အခုစစ်အာဏာရှင်ဟောင်းတွေ ခရိုနီတွေညှိလာကြပါပြီ ချောင်မလားလို့အာဏာသိမ်းတာကို ပံပိုးပေးလိုက်ကြတာ အရည်အချင်းမရှိတဲ့မအလကြောင့် သူတို့တွေလဲလွတ်လမ်းရှာလာကြပါပြီ။ သူတို့တင်မဟုတ်ပါဘူး တရုတ်ကပါအခုဆိုညှိနိူင်း ဖို့ ဖိအားပေးလာပါပြီ အပြစ်အားလုံးမင်းအောင်လိူင်နဲ့စကစအပေါ်ပုံပြီ ကျန်အဟောင်းတွေက ထွက်ပေါက်ရှာချင်ပုံရပါတယ်။

အာစီယမ်သံတမန် အာရီယူဆွတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆံဖို့ စကစကိုတောင်းဆိုထားသလို မြန်မာပြည်မှာ ၄ လကြာအပစ်ရပ်ဖို့ တောင်းဆိုတာကို စကစကလက်ခံပါတယ်လို့ဆိုပါတယ်။ ဒါရီစရာဖြစ်နေပြန်တယ် အဲ့လေးလအတွင်း စကစက ပြည်သူကိုမဖမ်းဘူးမသတ်ဘူးလို့ အာရီယူဆွတ်တာဝန်ယူမှာလား။

စကစအုပ်ချုပ်ရေးတည်မရတာကိုတည်ရဖို့ အာရီယူဆွတ်က တရုတ်ဖိအားနဲ့လုပ်ပေးနေတာလားလို့ မေးရပါမယ်။ တော်လှန်ရေးခါးဆက်ပြတ်အောင် ယူဆွတ်တို့ကစကစနဲ့ပေါင်း ဂျင်းထည့်ဖို့လုပ်လာထဲဆိုထဲက ရူံးနေတာကိုပြသတာပါပဲ။

အားလုံးဟာလက်လွန်သွားပါပြီ PDFရော ပြည်သူကရော EAOs တွေကပါ အဆုံးထိတိုက်ပြီးအမိူက်လှဲမှာပါ အမေစုဟာစစ်တပ်အတွက်ထွက်ပေါက်ကို အကြိမ်ကြိမ်ဖွင့်ပေးခဲ့ပေမယ့် အမေကျော်ပေါက်ဖော်လွမ်းခဲ့တဲ့ ဇတ်သိမ်းလေးမှာ မျက်ရည်မကျကြေးပါ။

အာဏာရူးတွေ ရက်စက်ယုတ်မာမူ့တွေအတွက် အားအင်အပြည့် ယုံကြည်ချက်အပြည့်နဲ့ အမိနိုင်ငံအတွက် ပွဲထွက်လာမယ့် ဒေါင်းစစ်သည်တို့ရဲ့အားမာန်နဲ့ မီးလျှံကြားကမြန်မာဖီးနစ်ငှက်တွေ ခရီးကြမ်းမှာဘာတွေစွမ်းမလဲဆိုတာ မကြာခင်မြင်တွေ့ရပါတော့မယ်လို့ ပြောချင်ပါတယ်ဗျာ။
မုဆိုး လက်