မြန်မာစစ်တပ်လုပ်ရပ် လက်ခံနိုင်စရာမရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဝေဖန်

မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေကို အလေးမထားတာ လူထုကျန်းမာရေးအတွက် ကာကွယ်ဆောင်ရွက်ဖို့ပျက်ကွက်တာတွေဟာ လုံးဝ လက်ခံနိုင်စရာမရှိဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကပြောလိုက်ပါတယ်။

အရှေ့တောင်အာရှခရီးစဉ်အတွင်း စင်္ကာပူနိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာန (IISS) မှာ ဇူလိုင် ၂၇ ရက်နေ့ကမိန့်ခွန်းပြောကြားရာမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး က အခုလို ထည့်သွင်းပြောခဲ့တာပါ။ ဒါ့ပြင်မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်အောင် အာဆီယံအနေနဲ့ထပ်ပြီး တောင်းဆိုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်ဆိုတာ ပြည်သူတွေကိုအလုပ်အကျွေးပြုဖို့ ဖွဲ့စည်းထားတာဖြစ်ပြီး တခြားဆန့်ကျင်ဘက်ကိစ္စတွေအတွက်မဟုတ်ကြောင်း၊ မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက်ငါးချက်ကိုလိုက်နာပြီး ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေးအတွက် အာဆီယံရဲ့ကြားဝင်ညှိနှိုင်းဖို့အားထုတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက ချီးကျူးကြောင်းလည်း ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

နောက်ထပ် AP သတင်းတစ်ပုဒ်မှာတော့ မြန်မာစစ်ကောင်စီ လမ်းကြောင်းမှန်ပေါ်ရောက်သွားဖို့နဲ့၊ ဖမ်းဆီးအကျဉ်းချထားတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးဖို့အတွက် အမေရိကန်အနေနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး လွိုက်အော်စတင်ကပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Zawgyi

ျမန္မာစစ္တပ္အေနနဲ႔ ျပည္သူေတြရသင့္ရထိုက္တဲ့ အေျခခံအခြင့္အေရးေတြကို အေလးမထားတာ လူထုက်န္းမာေရးအတြက္ ကာကြယ္ေဆာင္႐ြက္ဖို႔ပ်က္ကြက္တာေတြဟာ လုံးဝ လက္ခံႏိုင္စရာမရွိဘူးလို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္ကေျပာလိုက္ပါတယ္။

အေရွ႕ေတာင္အာရွခရီးစဥ္အတြင္း စကၤာပူႏိုင္ငံတကာ မဟာဗ်ဴဟာေလ့လာေရးဌာန (IISS) မွာ ဇူလိုင္ ၂၇ ရက္ေန႔ကမိန႔္ခြန္းေျပာၾကားရာမွာ အေမရိကန္ကာကြယ္ေရးဝန္ႀကီး က အခုလို ထည့္သြင္းေျပာခဲ့တာပါ။ ဒါ့ျပင္ျမန္မာစစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြကို ျပစ္တင္ရႈတ္ခ်လိုက္ၿပီး ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြအဆုံးသတ္ေအာင္ အာဆီယံအေနနဲ႔ထပ္ၿပီး ေတာင္းဆိုၾကဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။

စစ္တပ္ဆိုတာ ျပည္သူေတြကိုအလုပ္အေကြၽးျပဳဖို႔ ဖြဲ႕စည္းထားတာျဖစ္ၿပီး တျခားဆန႔္က်င္ဘက္ကိစၥေတြအတြက္မဟုတ္ေၾကာင္း၊ ျမန္မာစစ္ေကာင္စီအေနနဲ႔ အာဆီယံဘုံသေဘာတူညီခ်က္ငါးခ်က္ကိုလိုက္နာၿပီး ၿငိမ္းခ်မ္းေရးတည္တံ့ေအာင္ ေဆာင္႐ြက္ဖို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးက ေတာင္းဆိုလိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြရပ္တန႔္ေရးအတြက္ အာဆီယံရဲ႕ၾကားဝင္ညႇိႏႈိင္းဖို႔အားထုတ္မႈေတြကို အေမရိကန္ျပည္ေထာင္စုက ခ်ီးက်ဴးေၾကာင္းလည္း ကာကြယ္ေရးဝန္ႀကီးကေျပာပါတယ္။

ေနာက္ထပ္ AP သတင္းတစ္ပုဒ္မွာေတာ့ ျမန္မာစစ္ေကာင္စီ လမ္းေၾကာင္းမွန္ေပၚေရာက္သြားဖို႔နဲ႔၊ ဖမ္းဆီးအက်ဥ္းခ်ထားတဲ့ အရပ္သားေတြကို ျပန္လႊတ္ေပးဖို႔အတြက္ အေမရိကန္အေနနဲ႔ မိတ္ဖက္ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္ဆိုၿပီး လြိဳက္ေအာ္စတင္ကေျပာၾကားခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။