မျောက်တွေက အိမ်မွေးခွေး/ကြောင်များကို ပြန်ပေးဆွဲမှုများ မလေးတွင်ဆက်တိုက်ဖြစ်နေ

မလေးရှားနိုင်ငံမှာမျောက်တွေက အိမ်မွေးခွေးနဲ့ကြောင်တွေကို အတင်းပြန်ပေးဆွဲမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရပါတယ်။ ဒါဟာကိုဗစ်ကြောင့် ခရီးသွားနေရာတွေ ပိတ်ပင်ထားရခြင်းရဲ့ အကျိုးဆက်ဖြစ်ပြီး၊ ခရီးသွားတွေမရှိတဲ့အတွက် မျောက်တွေကို အစာကျွေးမဲ့သူမရှိဖြစ်နေရာကနေ အခုလို ကြံမိကြံရာ ဖြစ်ကုန်တယ်လို့ယူဆရပါတယ်။

မျောက်တွေဟာ အိမ်မွေးခွေးနဲ့ကြောင်တွေကို ပြန်ပေးဆွဲပြီးနောက် ၎င်းတို့ကိုလုံလောက်တဲ့ အစားအစာတွေပေးမှ ယင်း ပြန်ပေးဆွဲထားတဲ့ သတ္တဝါတွေကို ပြန်ပေးတယ်လို့လည်းသိရပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေထဲမှာတော့ မျောက်တစ်ကောင်ဟာ အိမ်ခေါင်တစ်ခုအထက်မှာ ခွေးပေါက်လေးတစ်ကောင်ကို ကိုင်ထားတာကိုတွေ့ရပါတယ်။

ခွေးလေးနာမည်ကတော့ Saru လို့သိရပြီး ၎င်းကိုရက်တော်တော်ကြာမှ အသက်ရှင်လျှက် ပြန်ရခဲ့တာလို့သိရပါတယ်။ အဲဒီခွေးလေးဟာ အစာရေစာသတ်ပြတ်ပြီး သေလုမျောပါးတောင် ဖြစ်နေတယ်လို့ ပိုင်ရှင်ကပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ Taman Lestari Putr မှာ စက်တင်ဘာ(၁၆)ရက်နေ့က ဖြစ်ခဲ့တာပါ။

မျောက်ဟာခွေးလေးကို လျှပ်စစ်မီးတိုင်ထိပ်ဖျားအထိ ခေါ်ဆောင်သွားပြီးနောက် တောထဲကိုခိုဝင်ပျောက်ကွယ်သွားတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာပျံ့နှံ့နေပြီး အငြင်းပွားစရာကိစ္စဖြစ်နေပါတယ်။ ဒေသခံတွေရဲ့စကားအရတော့ အခုဆိုရင်မျောက်တွေဟာ အိမ်မီးဖိုချောင်ထဲအထိ ဝင်ပြီး အစားအစာတွေ ခိုးပါသတဲ့။

ကြောင်တွေကလည်း မျောက်တွေအတွက် ပြန်ပေးဆွဲစရာ သတ္တဝါတွေဖြစ်နေပြီး ဒီရက်ပိုင်းမှာ အခုလိုထူးဆန်းတဲ့ ကိစ္စရပ်မျိုးတွေ ဆက်တိုက်ဖြစ်နေတယ်လို့သိရပါတယ်။ မျောက်တွေဟာ အရင်ကထက်ပိုပြီး ရန်လိုလာတာကြောင့်လည်း သက်ဆိုင်ရာအဖွဲ့တွေကို တိုင်ကြားမှုတွေ ရှိလာနေပါတယ်။

ခွေးလေး Saru ကို ဖမ်းခေါ်သွားတဲ့မျောက်ဆိုရင် ပန်းသီးနဲ့ ဆွယ်ယောင်ပြပြီး ခွေးလေးကိုပြန်တောင်းတာတောင် မပေးဘူးလို့ ပိုင်ရှင်ဖြစ်သူချယ်ရီက ပြောပါတယ်။ ဒီလိုပဲအခြားအမျိုးသမီးတစ်ဦးက ပေါင်မုန့်ထုတ်နဲ့မျှားခေါ်တာကိုလည်း မျောက်ကဂရုမစိုက်ပါဘူးတဲ့။ (၃)ရက်အကြာမှသာ အဲဒီခွေးလေးကို ကယ်တင်နိုင်ခဲ့တာလို့သိရပါတယ်။

လင်းသုတ
Ref ; The Sun

Zawgyi

မေလးရွားႏိုင္ငံမွာေမ်ာက္ေတြက အိမ္ေမြးေခြးနဲ႔ေၾကာင္ေတြကို အတင္းျပန္ေပးဆြဲမႈမ်ား ဆက္တိုက္ျပဳလုပ္ေနေၾကာင္း သိရပါတယ္။ ဒါဟာကိုဗစ္ေၾကာင့္ ခရီးသြားေနရာေတြ ပိတ္ပင္ထားရျခင္းရဲ႕ အက်ိဳးဆက္ျဖစ္ၿပီး၊ ခရီးသြားေတြမရွိတဲ့အတြက္ ေမ်ာက္ေတြကို အစာေကြၽးမဲ့သူမရွိျဖစ္ေနရာကေန အခုလို ႀကံမိႀကံရာ ျဖစ္ကုန္တယ္လို႔ယူဆရပါတယ္။

ေမ်ာက္ေတြဟာ အိမ္ေမြးေခြးနဲ႔ေၾကာင္ေတြကို ျပန္ေပးဆြဲၿပီးေနာက္ ၎တို႔ကိုလုံေလာက္တဲ့ အစားအစာေတြေပးမွ ယင္း ျပန္ေပးဆြဲထားတဲ့ သတၱဝါေတြကို ျပန္ေပးတယ္လို႔လည္းသိရပါတယ္။ ဒီျဖစ္စဥ္ေတြနဲ႔ပတ္သက္တဲ့ ဓာတ္ပုံေတြထဲမွာေတာ့ ေမ်ာက္တစ္ေကာင္ဟာ အိမ္ေခါင္တစ္ခုအထက္မွာ ေခြးေပါက္ေလးတစ္ေကာင္ကို ကိုင္ထားတာကိုေတြ႕ရပါတယ္။

ေခြးေလးနာမည္ကေတာ့ Saru လို႔သိရၿပီး ၎ကိုရက္ေတာ္ေတာ္ၾကာမွ အသက္ရွင္လွ်က္ ျပန္ရခဲ့တာလို႔သိရပါတယ္။ အဲဒီေခြးေလးဟာ အစာေရစာသတ္ျပတ္ၿပီး ေသလုေမ်ာပါးေတာင္ ျဖစ္ေနတယ္လို႔ ပိုင္ရွင္ကေျပာပါတယ္။ ဒီအျဖစ္အပ်က္ဟာ Taman Lestari Putr မွာ စက္တင္ဘာ(၁၆)ရက္ေန႔က ျဖစ္ခဲ့တာပါ။

ေမ်ာက္ဟာေခြးေလးကို လွ်ပ္စစ္မီးတိုင္ထိပ္ဖ်ားအထိ ေခၚေဆာင္သြားၿပီးေနာက္ ေတာထဲကိုခိုဝင္ေပ်ာက္ကြယ္သြားတယ္လို႔ နီးစပ္သူတစ္ဦးက ေျပာပါတယ္။ အဲဒီအျဖစ္အပ်က္နဲ႔ ပတ္သက္တဲ့ ဗြီဒီယိုဖိုင္ဟာ လူမႈကြန္ရက္မွာပ်ံ႕ႏွံ႔ေနၿပီး အျငင္းပြားစရာကိစၥျဖစ္ေနပါတယ္။ ေဒသခံေတြရဲ႕စကားအရေတာ့ အခုဆိုရင္ေမ်ာက္ေတြဟာ အိမ္မီးဖိုေခ်ာင္ထဲအထိ ဝင္ၿပီး အစားအစာေတြ ခိုးပါသတဲ့။

ေၾကာင္ေတြကလည္း ေမ်ာက္ေတြအတြက္ ျပန္ေပးဆြဲစရာ သတၱဝါေတြျဖစ္ေနၿပီး ဒီရက္ပိုင္းမွာ အခုလိုထူးဆန္းတဲ့ ကိစၥရပ္မ်ိဳးေတြ ဆက္တိုက္ျဖစ္ေနတယ္လို႔သိရပါတယ္။ ေမ်ာက္ေတြဟာ အရင္ကထက္ပိုၿပီး ရန္လိုလာတာေၾကာင့္လည္း သက္ဆိုင္ရာအဖြဲ႕ေတြကို တိုင္ၾကားမႈေတြ ရွိလာေနပါတယ္။

ေခြးေလး Saru ကို ဖမ္းေခၚသြားတဲ့ေမ်ာက္ဆိုရင္ ပန္းသီးနဲ႔ ဆြယ္ေယာင္ျပၿပီး ေခြးေလးကိုျပန္ေတာင္းတာေတာင္ မေပးဘူးလို႔ ပိုင္ရွင္ျဖစ္သူခ်ယ္ရီက ေျပာပါတယ္။ ဒီလိုပဲအျခားအမ်ိဳးသမီးတစ္ဦးက ေပါင္မုန႔္ထုတ္နဲ႔မွ်ားေခၚတာကိုလည္း ေမ်ာက္ကဂ႐ုမစိုက္ပါဘူးတဲ့။ (၃)ရက္အၾကာမွသာ အဲဒီေခြးေလးကို ကယ္တင္ႏိုင္ခဲ့တာလို႔သိရပါတယ္။

လင္းသုတ
Ref ; The Sun