မျက်မမြင်သမီးလေးအတွက် လောကဓံကို အံတုရင်းနဲ့ လမ်းဘေးမှာ ဗူးခွံလေးတွေကောက်ပြီး အသက်ဆက်နေရတဲ့ အဖွား

မျက်မမြင်သမီးကြောင့် ဗူးခွံတွေကောက်ပြီးတော့ရုန်းကန်နေရတဲ့ အသက် ၈၀ အဖွားကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ လောကဓံတရားဟာ သက်အရွယ် မရွေးကို ဒုက္ခပေးနိုင်တာပါနော်။

ဒီလိုဘဲ အသက် ၈၀ ရှိနေပေမယ့်လည်း မျက်မမြင်သမီးလေးအတွက်လောကဓံကို အံတုရင်းနဲ့ လမ်းဘေးက ဗူးခွံလေးတွေကောက်ပြီးအသက်ဆက်နေရတဲ့ အဖွား ရှိပါတယ်။အဖွားဟာ ရွှေဈေးကိုလည်း မသိသလို ၊ ဒေါ်လာဈေးကိုလည်း မသိပါဘူးနော်။

တစ်နေ့ကို ထမင်းစားလောက်အောင် ဗူးခွံကောက်ရဖို့ပဲ သူသိတာပါ။နွေပူပူမှာ အသက် ၈၀ အရွယ်ကြီးနဲ့ ကြွပ်ကြွပ်ပူနေတဲ့ လမ်းမဟာ ဘယ်လိုမှမလိုက်ဖက်ပါဘူးဗျာ။အဲ့ဒါကို သိကြတဲ့ စေတနာရှင်တစ်ချို့ကတော့ ဆန် ၊ ဆီ ၊ ဆား ၊ ငါးခြောက် ၊ စတာတွေအပြင် အားဖြည့်စာများ ငွေသားများကို သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်နော်။ပရိသတ်တွေထဲမှာနွမ်းပါးသူကို ကူညီတတ်တဲ့ စိတ်စေတနာရှင်များ ပါခဲ့ရင်လည်း သွားရောက်ကူညီနိုင်အောင်လို့ အဖွားနေရပ်လေးကို ပြောပြလိုက်ပါတယ်။

အဖွားကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ရပ်ကွက်(၉)ဘူတာဖက်မှာနေတာပါ။လမ်းကြုံလို့ပဲ ဖြစ်ဖြစ် တကူးတကပဲ ဖြစ်ဖြစ်သွားရောက် ကူညီပေးနိုင်ပါတယ်နော်။ မိမိ မကူညီနိုင်ရင်တောင်မှ ဒီအကြောင်းလေးကို မျှဝေပေးလိုက်ပြီးတော့ လူအများကို သိစေတာဟာလည်း ကုသိုလ်တစ်မျိုးပါပဲဗျာ။

Crd-Original Post

Zawgyi

မ်က္မျမင္သမီးေၾကာင့္ ဗူးခြံေတြေကာက္ၿပီးေတာ့႐ုန္းကန္ေနရတဲ့ အသက္ ၈၀ အဖြားေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ေလာကဓံတရားဟာ သက္အ႐ြယ္ မေ႐ြးကို ဒုကၡေပးႏိုင္တာပါေနာ္။

ဒီလိုဘဲ အသက္ ၈၀ ရွိေနေပမယ့္လည္း မ်က္မျမင္သမီးေလးအတြက္ေလာကဓံကို အံတုရင္းနဲ႔ လမ္းေဘးက ဗူးခြံေလးေတြေကာက္ၿပီးအသက္ဆက္ေနရတဲ့ အဖြား ရွိပါတယ္။အဖြားဟာ ေ႐ႊေဈးကိုလည္း မသိသလို ၊ ေဒၚလာေဈးကိုလည္း မသိပါဘူးေနာ္။

တစ္ေန႔ကို ထမင္းစားေလာက္ေအာင္ ဗူးခြံေကာက္ရဖို႔ပဲ သူသိတာပါ။ေႏြပူပူမွာ အသက္ ၈၀ အ႐ြယ္ႀကီးနဲ႔ ႂကြပ္ႂကြပ္ပူေနတဲ့ လမ္းမဟာ ဘယ္လိုမွမလိုက္ဖက္ပါဘူးဗ်ာ။အဲ့ဒါကို သိၾကတဲ့ ေစတနာရွင္တစ္ခ်ိဳ႕ကေတာ့ ဆန္ ၊ ဆီ ၊ ဆား ၊ ငါးေျခာက္ ၊ စတာေတြအျပင္ အားျဖည့္စာမ်ား ေငြသားမ်ားကို သြားေရာက္လႉဒါန္းေပးခဲ့ၾကပါတယ္ေနာ္။ပရိသတ္ေတြထဲမွာႏြမ္းပါးသူကို ကူညီတတ္တဲ့ စိတ္ေစတနာရွင္မ်ား ပါခဲ့ရင္လည္း သြားေရာက္ကူညီႏိုင္ေအာင္လို႔ အဖြားေနရပ္ေလးကို ေျပာျပလိုက္ပါတယ္။

အဖြားကေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕၊ရပ္ကြက္(၉)ဘူတာဖက္မွာေနတာပါ။လမ္းႀကဳံလို႔ပဲ ျဖစ္ျဖစ္ တကူးတကပဲ ျဖစ္ျဖစ္သြားေရာက္ ကူညီေပးႏိုင္ပါတယ္ေနာ္။ မိမိ မကူညီႏိုင္ရင္ေတာင္မွ ဒီအေၾကာင္းေလးကို မွ်ေဝေပးလိုက္ၿပီးေတာ့ လူအမ်ားကို သိေစတာဟာလည္း ကုသိုလ္တစ္မ်ိဳးပါပဲဗ်ာ။

Crd-Original Post