မုန့်ဟင်းခါးလောက်ပဲမဟုတ် ဖရဲသီးတွေလဲ လှိုင်လှိုင်ပေါနေပီဖြစ်တဲ့ ဂေါင်းကြီးတို့ခြင်းကြားစစ်တပ်

မုန့်ဟင်းခါးလောက်ပဲမဟုတ် ဖရဲသီးတွေလဲ လှိုင်လှိုင်ပေါနေပီဖြစ်တဲ့ ဂေါင်းကြီးတို့ခြင်းကြားစစ်တပ် ( တပ်ပျက်ပြီလေ)

ဂေါင်းကြီးတို့စစ်တပ်က မုန့်ဟင်းခါးလောက်ပဲမဟုတ် ဖရဲသီးတွေလဲ လှိုင်လှိုင်ပေါနေပီနော့် ဒီနေ့ဖတ်ရတဲ့မိုတီဖြစ်ရတဲ့ သတင်းလေးတွေစုပြီး တင်ပေးလိုက်တယ်။ နေ့စဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်၊ မလွဲမသွေတိုက်ပွဲဝင်ရတော့မှာဖြစ်လို့ NUG အစိုးရယာယီသမ္မတ ဒူဝါလရှီးလက အစည်းအဝေးမှာ ပြောလိုက်တယ်။

တဆက်တည်းမှာပဲ စစ်တပ်ထဲကနေ ထွက်ပြေးခွင့်ရမယ်ဆိုရင် တပ်ချုပ်ကြီးနဲ့ အလံတိုင်ပဲကျန်ခဲ့လိမ့်မယ်လို့ ရန်ကုန်တိုင်းတွင်း တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးတစ်ဦးက Myanmar Now ကို ပြောသွားတယ်။ ဇွန်လဆန်းကထိ CDM စစ်သား ၈၀၀ နီးပါးသာရှိပေမယ့် လက်ရှိချိန်မှာ CDM စစ်သား ၁၅၀၀ ကျော်လာပြီဖြစ်သလို နေ့စဉ်တပ်ထဲကနေ ဆက်သွယ်လာနေတဲ့စစ်သည်တွေ အများကြီးရှိနေဆဲဖြစ်တယ်လို့ CDM ဝင်ထားတဲ့ DSA အပတ်စဉ် ၅၄ ဆင်း ဗိုလ်ကြီးလင်းထင်အောင်က ပြောတယ်။

တဆက်တည်းမှာပဲ ရှေ့ရက်တုန်းက ဆယ်လီတယောက်ပို့စ်ကြောင့် လိုင်းပေါ်မှာဟော့သွားတဲ့ CDM စစ်သားတွေနဲ့ NUG ကေ့စ်မှာ NUG ရဲ့ သဘောထားမဟုတ်ကြောင်း NUG အနေနဲ့ ယင်းဆယ်လီကို NUG မှာ နေရာပေးထားခြင်းမရှိဘူးလို့ CDM စစ်သားညီသုတ မနေ့ကပို့စ်တင်ထားတယ်။

တဆက်တည်းမှာ NUG အစိုးရအနေနဲ့ CDM စစ်သားတွေကို တတိယနိုင်ငံအထိ ခေါ်ဆောင်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပြီး ကိုဗစ်အခက်အခဲနဲ့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းရဦးမှာဖြစ်လို့
အာမခံချက်တော့မရသေးပါဘူးလို့ သူ့ပို့စ်မှာဆက်ရေးထားတယ်။

စစ်ကောင်စီနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်တွင် ပြည်သူနှင့်အတူရပ်တည်ရန် ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းရှိကြောင်းလည်းCDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောထားတယ်

Crd : Nway Oo Che

Zawgyi







CrdNway Oo Che