မိုးအတုရွာအောင်လုပ်ပေးနိုင်တဲ့တရုတ်တို့ရဲ့ဒရုန်း

တရုတ်တို့ရဲ့ မိုးအတုရွာအောင်လုပ်ပေးနိုင်တဲ့ဒရုန်း။ တရုတ်တို့၏ ရာသီဥတုမွမ်းမံမှုဆိုင်ရာ မောင်းသူမဲ့ဒရုန်းလေယာဉ် “Ganlin-1” သည်ဇန်နဝါရီ ၆ ရက် ၁၅ နာရီ ၂၄ မိနစ် ၅၆ စက္ကန့်က တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျင်းချန်းမြို့ ကျင်းချွမ်းလေဆိပ်တွင် စတင်စမ်းသပ်ပျံသန်းခဲ့ကြောင်း သိရသည်။

“ရာသီဥတုမွမ်းမံရာမှာ အသုံးပြုတဲ့ အကြီးစားမောင်းသူမဲ့ဒရုန်းလေယာဉ် “Ganlin-1” က “WingLoongⅡ” ဒရုန်းယာဉ်ကို အခြေခံပြီး ပြုပြင်ပြောင်းလဲသုတေသနပြု ထုတ်လုပ်ထားတာပါ။

ကောင်းကင်မှာ ၁၄ နာရီကျော်နေနိုင်ပြီး ၅,၀၀၀ ကီလိုမီတာအထိ ပျံသန်းကာ တာဝန်ထမ်းဆောင်နိုင်ပါတယ်။ လက်ရှိလုပ်နေတဲ့ သမားရိုးကျနည်းတွေဖြစ်တဲ့ မိုးတုဒုံးကျည်ပစ်ခတ်တာ၊ လေယာဥ်နဲ့ တိမ်ဆိုင်တိမ်ခဲတွေဖြစ်လာအောင် ဓာတုဆေးတက်ဖြန်းတာတွေနဲ့စာ ရင်ဒီနည်းဟာ မိုးရွာတဲ့အချိန်ပိုကြာစေပြီး၊ ကုန်ကျစရိတ်သက်သာစေပါတယ်။ မိုးနတ်မင်းလည်း တရုတ်တွေလုပ်တာနဲ့ ကြာရင် Jobless ဖြစ်ရမယ့် ကိန်းဆိုက်နေပြီလေ။

Zawgyi
တ႐ုတ္တို႔ရဲ႕ မိုးအတု႐ြာေအာင္လုပ္ေပးႏိုင္တဲ့ဒ႐ုန္း။ တ႐ုတ္တို႔၏ ရာသီဥတုမြမ္းမံမႈဆိုင္ရာ ေမာင္းသူမဲ့ဒ႐ုန္းေလယာဥ္ “Ganlin-1” သည္ဇန္နဝါရီ ၆ ရက္ ၁၅ နာရီ ၂၄ မိနစ္ ၅၆ စကၠန႔္က တ႐ုတ္ႏိုင္ငံ ကန္းစုျပည္နယ္ က်င္းခ်န္းၿမိဳ႕ က်င္းခြၽမ္းေလဆိပ္တြင္ စတင္စမ္းသပ္ပ်ံသန္းခဲ့ေၾကာင္း သိရသည္။

“ရာသီဥတုမြမ္းမံရာမွာ အသုံးျပဳတဲ့ အႀကီးစားေမာင္းသူမဲ့ဒ႐ုန္းေလယာဥ္ “Ganlin-1” က “WingLoongⅡ” ဒ႐ုန္းယာဥ္ကို အေျခခံၿပီး ျပဳျပင္ေျပာင္းလဲသုေတသနျပဳ ထုတ္လုပ္ထားတာပါ။

ေကာင္းကင္မွာ ၁၄ နာရီေက်ာ္ေနႏိုင္ၿပီး ၅,၀၀၀ ကီလိုမီတာအထိ ပ်ံသန္းကာ တာဝန္ထမ္းေဆာင္ႏိုင္ပါတယ္။ လက္ရွိလုပ္ေနတဲ့ သမား႐ိုးက်နည္းေတြျဖစ္တဲ့ မိုးတုဒုံးက်ည္ပစ္ခတ္တာ၊ ေလယာဥ္နဲ႔ တိမ္ဆိုင္တိမ္ခဲေတြျဖစ္လာေအာင္ ဓာတုေဆးတက္ျဖန္းတာေတြနဲ႔စာ ရင္ဒီနည္းဟာ မိုး႐ြာတဲ့အခ်ိန္ပိုၾကာေစၿပီး၊ ကုန္က်စရိတ္သက္သာေစပါတယ္။ မိုးနတ္မင္းလည္း တ႐ုတ္ေတြလုပ္တာနဲ႔ ၾကာရင္ Jobless ျဖစ္ရမယ့္ ကိန္းဆိုက္ေနၿပီေလ။