မိသားစုဝင်များအားလုံး ကိုဗစ်နဲ့ ကွယ်လွန်သွားခဲ့လို့ တစ်ဦးထဲကျန်ခဲ့ရှာသူ ဖွားဖွားရဲ့အဖြစ်

ဆေးရုံတတ်ခဲ့တဲ့ ရက် ( ၂၀ )မှာ မျက်ဝါးထင်ထင်မြင်ခဲ့ရတာ ကိုဗစ်ဟာ သိပ်ကြောက်စရာကောင်းတယ်ဆိုတာပါပဲ။ လူငယ် လူကြီးမရွေး မျက်စိရှေ့တင်တဖြုတ်ဖြုတ်ကြွေလွင့်သွားကြ ဝမ်းနည်းစရာကောင်းလိုက်တာလေ။

သားအမိ သားအဖ လေးဦးအောက်ဆီဂျင်ကျလို့ဆေးရုံကို ရောက်လာတာ လမ်းလျှောက်ပြီးလာခဲ့ကြတာ အောက်ဆီဂျင်ကျနေပေမယ့် မျက်နှာတွေရွှင်ရွှင်လန်းလန်းနဲ့အခန်းထဲအတူတူနေရတော့ စိတ်ချမ်းသာနေကြပုံပါပဲ။ ငွေကြေးလည်းပြေလည်သူတွေဆိုတာ ကြည့်တာနဲ့သိနေရတယ်။ သူတို့တွေ ဆေးရုံရောက်ပြီး ၂ ရက်မြောက်မှာ အဖေရယ် သားရယ် သမီးရယ် သုံးယောက်ဟာ ရုတ်တရက်ဆီးချိုတွေမြင့်တတ်လိုက် အောက်ဆီဂျင် Level ထိုးကျလိုက်နဲ့ဖြစ်တာ ဖြစ်တာလေ ဆရာဝန်တွေလည်း PPE တွေဝတ်ပြီးကုသမှုတွေ ဆက်တိုက်လုပ်ပေမယ့် နောက်တရက်မှာသူတို့ ၃ ယောက်လုံးအခြေအနေမကောင်းတော့ပါဘူး။

ဘာရောဂါအခံရှိလဲတော့ ကိုယ်လည်းမသိပါဘူး။ ကျန်နေတဲ့အမေတယောက်က ကောင်းနေတာမို့ သူကို့တခြားအခန်းရွေ့လိုက်ပြီး သိပ်မကြာခင်မှာပဲ ကျန် ၃ ယောက်လုံးဟာကွယ်လွန်သွားပါတော့တယ်။ ရင်ထဲထိခိုက်လိုက်တာ မျက်ရည်ပါကျရပါတယ်။ တယောက်တည်းကျန်ခဲ့တဲ့အမေဟာ အိပ်ယာထဲဘုန်းဘုန်းလဲတော့တာ ဘယ်သူနဲ့မှ ဘာစကားမှမပြောဘာမှမစားနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝနာလန်မထူတော့ အဲ့ဒီ့နေရာမှာ ဆရာဝန်တွေကိုလေးစားရပါတယ်။

ဘာရောဂါအခံမှ မရှိသူ ဆွဲခေါ်ရင်ပါ့မယ်သူဆိုတာသူတို့သိတဲ့ပုံပါပဲ။ အဲ့ဒီ့အမေ့ကိုဝိုင်းဝန်းကြတာဘေးကနေပြီး မျက်ရည်ကြရတယ်။ တကယ့်သွေးသားရင်းလို ထမင်းပါခွံ့ကျွေးတဲ့ လူသားအချင်းချင်း မေတ္တာဟာသိပ်ကိုလှပကြီးကျယ်ခဲ့ပါတယ်။ မိသားစုလေးယောက်လာခဲ့ပြီးနောက်ဆုံးတယောက်ထဲကျန်ခဲ့တဲ့ အဲ့ဒီ့အမေ ကိုဗစ်ကပ်ရောဂါ ဆိုးကြီးကို အောင်နိုင်ပြီး ဆေးရုံဆင်းသွားခဲ့ပါတယ်။

ကိုဗစ်ဟာ မာယာများသလိုသိပ်ကိုကြောက်စရာကောင်းတယ်ဆိုတာ လက်တွေ့ကြုံတွေ့ခဲ့ရသူမို့ စနစ်တကျ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါလို့ မှာပါရစေ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

Zawgyi

ေဆး႐ုံတတ္ခဲ့တဲ့ ရက္ ( ၂၀ )မွာ မ်က္ဝါးထင္ထင္ျမင္ခဲ့ရတာ ကိုဗစ္ဟာ သိပ္ေၾကာက္စရာေကာင္းတယ္ဆိုတာပါပဲ။ လူငယ္ လူႀကီးမေ႐ြး မ်က္စိေရွ႕တင္တျဖဳတ္ျဖဳတ္ေႂကြလြင့္သြားၾက ဝမ္းနည္းစရာေကာင္းလိုက္တာေလ။ သားအမိ သားအဖ ေလးဦးေအာက္ဆီဂ်င္က်လို႔ေဆး႐ုံကို

ေရာက္လာတာ လမ္းေလွ်ာက္ၿပီးလာခဲ့ၾကတာ ေအာက္ဆီဂ်င္က်ေနေပမယ့္ မ်က္ႏွာေတြ႐ႊင္႐ႊင္လန္းလန္းနဲ႔အခန္းထဲအတူတူေနရေတာ့ စိတ္ခ်မ္းသာေနၾကပုံပါပဲ။ ေငြေၾကးလည္းေျပလည္သူေတြဆိုတာ ၾကည့္တာနဲ႔သိေနရတယ္။ သူတို႔ေတြ ေဆး႐ုံေရာက္ၿပီး ၂ ရက္ေျမာက္မွာ အေဖရယ္ သားရယ္ သမီးရယ္ သုံးေယာက္ဟာ ႐ုတ္တရက္ဆီးခ်ိဳေတြျမင့္တတ္လိုက္ ေအာက္ဆီဂ်င္ Level ထိုးက်လိုက္နဲ႔ျဖစ္တာ ျဖစ္တာေလ ဆရာဝန္ေတြလည္း PPE ေတြဝတ္ၿပီးကုသမႈေတြ ဆက္တိုက္လုပ္ေပမယ့္ ေနာက္တရက္မွာသူတို႔ ၃ ေယာက္လုံးအေျခအေနမေကာင္းေတာ့ပါဘူး။

ဘာေရာဂါအခံရွိလဲေတာ့ ကိုယ္လည္းမသိပါဘူး။ က်န္ေနတဲ့အေမတေယာက္က ေကာင္းေနတာမို႔ သူကို႔တျခားအခန္းေ႐ြ႕လိုက္ၿပီး သိပ္မၾကာခင္မွာပဲ က်န္ ၃ ေယာက္လုံးဟာကြယ္လြန္သြားပါေတာ့တယ္။ ရင္ထဲထိခိုက္လိုက္တာ မ်က္ရည္ပါက်ရပါတယ္။ တေယာက္တည္းက်န္ခဲ့တဲ့အေမဟာ အိပ္ယာထဲဘုန္းဘုန္းလဲေတာ့တာ ဘယ္သူနဲ႔မွ ဘာစကားမွမေျပာဘာမွမစားနဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာ လုံးဝနာလန္မထူေတာ့ အဲ့ဒီ့ေနရာမွာ ဆရာဝန္ေတြကိုေလးစားရပါတယ္။ ဘာေရာဂါအခံမွ မရွိသူ ဆြဲေခၚရင္ပါ့မယ္သူဆိုတာသူတို႔သိတဲ့ပုံပါပဲ။ အဲ့ဒီ့အေမ့ကိုဝိုင္းဝန္းၾကတာေဘးကေနၿပီး

မ်က္ရည္ၾကရတယ္။ တကယ့္ေသြးသားရင္းလို ထမင္းပါခြံ႕ေကြၽးတဲ့ လူသားအခ်င္းခ်င္း ေမတၱာဟာသိပ္ကိုလွပႀကီးက်ယ္ခဲ့ပါတယ္။ မိသားစုေလးေယာက္လာခဲ့ၿပီးေနာက္ဆုံးတေယာက္ထဲက်န္ခဲ့တဲ့ အဲ့ဒီ့အေမ ကိုဗစ္ကပ္ေရာဂါ ဆိုးႀကီးကို ေအာင္ႏိုင္ၿပီး ေဆး႐ုံဆင္းသြားခဲ့ပါတယ္။

ကိုဗစ္ဟာ မာယာမ်ားသလိုသိပ္ကိုေၾကာက္စရာေကာင္းတယ္ဆိုတာ လက္ေတြ႕ႀကဳံေတြ႕ခဲ့ရသူမို႔ စနစ္တက် ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ၾကပါလို႔ မွာပါရေစ။ အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။