မိန်းမကိုယုံပြီးပုံအပ်ခဲ့သမျှ ကားဝယ်တော့မယ်ဆိုမှရင်ကွဲပက်လက်ဖြစ်ခဲ့ရ

နိုင်ဝင်ဘာ(၂၁)ရက်နေ့တွင်ဖြစ်ပွားသွားသည့်ဖြစ်စဉ်နှင့်ပက်သက်၍ဖြစ်စဉ်အမှန်မှာတရားလိုအဖြစ်တိုင်တန်းထားသူဒေါ်သန်းသန်းဝေ(ခ)မဝေသည် ၎င်း၏ခင်ပွန်းဖြစ်သူသည်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်ကိုင်ပြီးရရှိလာသည့်လုပ်အားခများမှ (၂၀၁၃)ခုနှစ်မှစ၍ကားတစ်စီးဝယ်ယူနိုင်ရန်စုဆောင်းခဲ့ရာငွေ(၇၅)သိန်းခန့်ရှိပြီဖြစ်ကြောင်း

ဒေါ်သန်းသန်းဝေသည်(၂၀၁၇)ခုနှစ်မှစ၍တရားမဝင်နှစ်လုံးထီအားအပတ်ရှင်းစနစ်ဖြင့်သုံခွမြို့နယ်နှစ်လုံးလောင်းကစားဒိုင်သို့ဖုန်းဖြင့်ဆက်သွယ်လောင်းကစားခဲ့ကြောင်းတစ်ပတ်လျှင်(၁)သိန်းကျပ်ခန့်အရှုံးပေါ်ခဲ့ကြောင်းရပ်ကွက်အတွင်းခင်မင်ရင်းနှီးသူထံမှ အတိုး ဖြင်ငွေအကြိမ်ကြိမ်ချေးယူခဲ့ရကြောင်းအသေးစားချေးငွေကုမ္ပဏီများမှလည်းငွေများချေးယူထားခဲ့ကြောင်းရွှေထည်ပစ္စည်းများအားသန်လျင်မြို့မစျေးရှိအမိန့်ရအပေါင်ဆိုင်တွင်ပေါင်နှံသုံးစွဲခဲ့ကြောင်း ယခုအခါခင်ပွန်းဖြစ်သူမှနိုဝင်ဘာ(၆)ရက်နေ့တွင်ဖောင်ကြီးသို့ဆောက်လုပ်ရေးလုပ်ငန်းဖြင့်သွားရောက်လုပ်ကိုင်ပြီးပြန်လာပါကလုပ်ငန်းအတွက်အသုံးပြုရန် ကား တစ်စီးဝယ်ယူမည်ဖြစ်ကြောင်းပြောလာသည့်အတွက်

ကျွန်မမှခင်ပွန်းဖြစ်သူအပ်ထားသောငွေနှင်ရွှေထည်ပစ္စည်းများခင်ပွန်းဖြစ်သူအားမည်သို့ပြောပြရမည်ကိုစဉ်းစား၍ကြံရာမရဖြစ်ခဲ့ကြောင်းထို့ကြောင့်ခင်ပွန်းဖြစ်သူပြန်မလာခင်ကျွန်မအားအမည်မသိအမျိုးသားတစ်ဦးနေအိမ်ပေါ်တက်ဓားထောက်ခြိမ်းခြောက်၍ငွေ/နှင့်ရွှေထည်ပစ္စည်းများယူဆောင်သွားပုံစံလိမ်ညာ၍ရဲစခန်းတွင်အမှုဖွင့်ရန်အကြံအစည်ပေါ်လာကြောင်း ခင်ပွန်းဖြစ်သူမှလည်းသံသယကင်းသွားမည်ဟုယူဆကြောင်း

အကြံဖြစ်ပေါ်လာသည့်အတွက် နိုဝင်ဘာ(၂၁)ရက်ည(၁)နာရီအချိန်ခန့်တွင်၎င်းအကြံအစည်ကိုဖေါ်ဆောင်ပြီး သန်လျင်မြို့မရဲစခန်းတွင်တရားလိုအဖြစ်လိမ်ညာ၍အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့မှအကြိမ်ကြိမ်မေးမြန်းစစ်ဆေးခဲ့ကြောင်း နိုဝင်ဘာ(၂၃)ရက်နေ့တွင်ကျွန်မအားခင်ပွန်းဖြစ်သူနှင့်သမီးမှဖြစ်စဉ်အမှန်ပြောရန်ချော့မေးလာသဖြင့် ၎င်းမှတရားလိုလုပ်တိုင်ကြားထားသောအမှုဖြစ်စဉ်သည်လိမ်ညာ၍တိုင်ကြားထားခဲ့ကြောင်းကျွန်မခင်ပွန်းအပ်ထားသောငွေနှင့်ရွှေထည်ပစ္စည်းများသည်လောင်းကစားပြုလုပ်ရာတွင်သုံးစွဲခဲ့ကြောင်းပြောဆို၍ခင်ပွန်းဖြစ်သူဆူမှာစိုး၍ကြောက်လန့်ပြီးသန်လျင်မြို့မရဲစခန်းတွင်လိမ်ညာ၍အမှုဖွင့်လှစ်ခဲ့ကြောင်းဝန်ခံထွက်ဆိုလာသဖြင့်ယခုအခါသန်လျင်မြို့မရဲစခန်းမှနယ်ထိန်းအရာရှိရဲအုပ် ချမ်းမြေ့အောင်မှအမှုအားလိမ်လည်တိုင်တန်းသူဒေါ်သန်းသန်းဝေ(ခ)မဝေ၊(၄၇)နှစ်၊(ဘ)ဦးသံချောင်း၊အမှတ်(၈)၊သစ်တောလမ်းသွယ်(၁)၊အမှုထမ်းရပ်ကွက်၊သန်လျင်မြို့နယ်နေသူအားဥပဒေအရအရေးယူနိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

####ကျော်ကျော်(သန်လျင်)###