မိန်းကလေးတစ်ယောက်ထဲနေတဲ့တိုက်ခန်းရှေ့မှာ မြင်မကောင်းလောက်အောင် နှာဘူးထနေတဲ့ အမျိုးသား (ရုပ်သံ)

Vedioအောက်ဆုံးတွင်ပါဝင်သည်။ ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ 21 ရက်နေ့ကဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ @danielmokhtar အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က ကုန်စုံဆိုင်တစ်ခုမှာအလုပ်လုပ်နေတဲ့အမျိုးသားတစ်ဦးဟာ မိန်းကလေးတစ်ယောက်တည်းနေထိုင်နေလျက်ရှိတဲ့တံခါးပေါက်အပြင်ဖက်ကနေ မြင်မကောင်းလောက်အောင် နှာဘူးထနေပြီး အိမ်ထဲမှမိန်းကလေးဟာငိုယိုပြီးအော်ဟစ်အကူအညီတောင်းနေခဲ့တဲ့ ရုပ်သံကို သူ၏ Twitter စာမျက်နှာမှာဝေမျှခဲ့ပါတယ် ။

Video ထဲမှာတော့ အဆိုပါအမျိုးသားဟာ မိန်းကလေးတစ်ယောက်တည်းနေတဲ့တိုက်ခန်းသံတံခါးကို လက်ဖြင့်တင်းကြပ်စွာဆုပ်ကိုင်ထားရင် သူ၏ပေါင်ကြားမှအရာဖြင့်အတော်လေးကို မတော်တရာပြုလုပ်နေခဲ့ပြီး အဆိုပါတိုက်ခန်းတွေရဲ့လုံခြုံရေးတစ်ဦးကတော့ အဆိုပါအဖြစ်အပျက်ကိုတည်တည်ငြိမ်ငြိမ်လေးသာရပ်ကြည့်နေခဲ့ပါတယ် ။

တိုက်ခန်းတွင်းမှ အမျိုးသမီးဟာငိုယိုပြီးအော်ဟစ်အကူအညီတောင်းခဲ့လို့ တိုက်ခန်းဘေးမှ Daniel အမည်ရှိတဲ့ အမျိုးသားကထွက်လာပြီး အဆိုပါအဖြစ်အပျက်ကို Video ရိုက်ကူးခဲ့ပါတယ်။မကြာခင်မှာပဲ ရဲအရာရှိများကရောက်ရှိလာပြီး ၎င်းနှာဘူးကောင်ကိုဖမ်းသွားပြီး Daniel က အစောပိုင်းကရိုက်ကူးခဲ့တဲ့ Video ဖြင့်ရဲအရာရှိများကို သက်သေတင်ပြခဲ့ပါတယ် ။

Daniel ၏ပြောဆိုချက်အရ အစပိုင်းမှာတော့ မတော်တရော်တွေပြုလုပ်နေခဲ့တဲ့အမျိုးသားကို အရက်မူးနေသည်ဟုထင်ခဲ့ပေမဲ့လည်း အရက်နံ့လုံးဝမရရှိခဲ့ကြောင်း ပြောပြခဲ့ပါသေးတယ် ။ ကံကောင်းတာကတော့ တိုက်ခန်းတွင်းမှ အမျိုးသမီးဟာ တံခါးကိုသော့ခတ်ထားနိုင်ခဲ့လိုပါပဲ။

အဆိုပါ Video ကိုလူအများက ကြည့်ရှုပြီးနောက် နှာဘူးကောင်ကိုလုံးဝမဖမ်းဘဲ အေးအေးဆေးဆေးရပ်ကြည့်နေခဲ့တဲ့ လုံခြုံရေးဝန်ထမ်း၏လုပ်ရပ်ကို အတော်လေးအံ့သြနေခဲ့ပြီး ၊ တိုက်ခန်းတွင်းမှ မိန်းကလေးဟာ ငိုယိုပြီးကြောက်လန့်ကာ အော်ဟစ်အကူအညီတောင်းနေပေမဲ့လည်း လုံခြံုရေးဝန်ထမ်းက ဒီအတိုင်းသာရပ်ကြည့်နေခဲ့တာပါ ။ ထို့ကြောင့် အကူအညီမရတဲ့ လုံခြံုရေးဝန်ထမ်းကို လူအများကအပြစ်တင်ဝေဖန်နေလျက်ရှိပါတယ်။

Jasmine (Mckzone Daily)

Source: worldofbuzz