မိခင်ဖြစ်သူကထောင်ကျပြီး ဖခင်ဖြစ်သူကပျောက်နေတဲ့လူမမယ်ကလေး ( ၃ ) ယောက်ရဲ့ စိတ်မကောင်းဖွယ်အဖြစ်

မိခင်ဖြစ်သူက ထောင်ကျပြီး ဖခင်ဖြစ်သူကပျောက်နေတဲ့ လူမမယ်ကလေး ၃ယောက်ရဲ့ စိတ်မကောင်းဖွယ်အဖြစ်အဖေကအဆက်အသွယ်မရ၊ အမေကထောင်ကျ၊ ကျန်ရစ်ခဲ့တဲ့မောင်နှမသုံးယောက်အတွက် စားရေးနေရေး၊ ပညာရေးတို့ကို လစဉ်ထောက်ပံနေတာတစ်နှစ်ကျော်ပါပြီ။ သူတို့ရဲ့ဇာတ်ကြောင်းက သူတို့ရဲ့ဖခင်ဖြစ်သူက အိမ်ကထွက်ပြီး တပ်မတော်ထဲဝင်ပြီး သင်တန်းကနေထွက်ပြေးသွားတာ ၃နှစ်ကျော်ပြီးတပ်ပြေးဖြစ်နေပြီလို့ပြောပါတယ်။

အခုအထိသူနဲ့အဆက်အသွယ်မရတာကြာပြီတဲ့။ အမေဖြစ်တဲ့သူကဝင်ငွေရဖို့ ဘူးခွံ၊ ပုလင်းခွံကောက်ယင်း လမ်းဘေးမှာတွေ့တဲ့ အစိုးရဌာနပိုင် ဝါယာကြိုးအခွံစတွေ ကောက်မိလို့ ပုဒ်မ၆၁နဲ့ထောင်၃နှစ်ကျသွားပါတယ်။ ကျန်ရစ်ခဲ့တဲ့ကလေးသုံးယောက်ကို လူမှုရေးအသင်းမှစောင့်ရှောက်ပေးထားပါတယ်။ကျွန်တော်ကတော့ ကလေးသုံးယောက် စားရေးနေရေး၊ပညာရေးအတွက် အများလှုဒါန်းငွေမှ တစ်လကိုတစ်သိန်း ထောက်ပံပေးနေတာ ၂၀၁၈၊ ၉လပိုင်းကတည်းပါ။အလှုရှင် မအေးအေးခိုင်ကလဲ လစဉ်တစ်လကို ငါးသောင်းကျပ်လှုပေးနေလို့ စုစုပေါင်းတစ်သိန်းငါးသောင်းလှုခဲ့ပါပြီး။

ကလေးတွေအမေ ထောင်ကလွတ်လာရင်တော့ နေဖို့လုပ်ကိုင်စားဖို့ ဆက်ကူညီပေးသွားမှာပါ။ အဖေကလဲအိမ်ကထွက်သွားတာ အဆက်အသွယ်ကလဲမရ အမေကလဲထောင်ကျနေလို့ လစဉ်ထောက်ပံပေးနေရတဲ့ မောင်နှမသုံးယောက်ထဲက အကြီးယောကျင်္ားလေးနှစ်ယောက်ကကျောင်းတက်ပါတယ်။ကျောင်းတက်ရာမှာ စက်ဘီးတစ်စီးလိုချင်တယ်ဆိုလို့ စက်ဘီးတစ်စီးကို ငါးသောင်းကျပ်နဲ့ဝယ်ပြီးပေးခဲ့ပါတယ်။ စေတနာအလှုရှင်ဦးဇော်ဝင်းနိုင်+ဒေါ်သက်ဝင်းရည်မိသားစုဖြစ်ပါတယ်။ONE TO ONE လူနာကူညီရေး၊ ကိုဝမ်း ဖုန်း ၀၉၇၆၅၇၆၅၁၇၉၊ ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈၊ မန္တလေးမြို့။

ခရက်ဒစ်

Zawgyi

မိခင္ျဖစ္သူက ေထာင္က်ၿပီး ဖခင္ျဖစ္သူကေပ်ာက္ေနတဲ့ လူမမယ္ကေလး ၃ေယာက္ရဲ႕ စိတ္မေကာင္းဖြယ္အျဖစ္အေဖကအဆက္အသြယ္မရ၊ အေမကေထာင္က်၊ က်န္ရစ္ခဲ့တဲ့ေမာင္ႏွမသုံးေယာက္အတြက္ စားေရးေနေရး၊ ပညာေရးတို႔ကို လစဥ္ေထာက္ပံေနတာတစ္ႏွစ္ေက်ာ္ပါၿပီ။ သူတို႔ရဲ႕ဇာတ္ေၾကာင္းက သူတို႔ရဲ႕ဖခင္ျဖစ္သူက အိမ္ကထြက္ၿပီး တပ္မေတာ္ထဲဝင္ၿပီး သင္တန္းကေနထြက္ေျပးသြားတာ ၃ႏွစ္ေက်ာ္ၿပီးတပ္ေျပးျဖစ္ေနၿပီလို႔ေျပာပါတယ္။

အခုအထိသူနဲ႔အဆက္အသြယ္မရတာၾကာၿပီတဲ့။ အေမျဖစ္တဲ့သူကဝင္ေငြရဖို႔ ဘူးခြံ၊ ပုလင္းခြံေကာက္ယင္း လမ္းေဘးမွာေတြ႕တဲ့ အစိုးရဌာနပိုင္ ဝါယာႀကိဳးအခြံစေတြ ေကာက္မိလို႔ ပုဒ္မ၆၁နဲ႔ေထာင္၃ႏွစ္က်သြားပါတယ္။ က်န္ရစ္ခဲ့တဲ့ကေလးသုံးေယာက္ကို လူမႈေရးအသင္းမွေစာင့္ေရွာက္ေပးထားပါတယ္။ကြၽန္ေတာ္ကေတာ့ ကေလးသုံးေယာက္ စားေရးေနေရး၊ပညာေရးအတြက္ အမ်ားလႈဒါန္းေငြမွ တစ္လကိုတစ္သိန္း ေထာက္ပံေပးေနတာ ၂၀၁၈၊ ၉လပိုင္းကတည္းပါ။အလႈရွင္ မေအးေအးခိုင္ကလဲ လစဥ္တစ္လကို ငါးေသာင္းက်ပ္လႈေပးေနလို႔ စုစုေပါင္းတစ္သိန္းငါးေသာင္းလႈခဲ့ပါၿပီး။

ကေလးေတြအေမ ေထာင္ကလြတ္လာရင္ေတာ့ ေနဖို႔လုပ္ကိုင္စားဖို႔ ဆက္ကူညီေပးသြားမွာပါ။ အေဖကလဲအိမ္ကထြက္သြားတာ အဆက္အသြယ္ကလဲမရ အေမကလဲေထာင္က်ေနလို႔ လစဥ္ေထာက္ပံေပးေနရတဲ့ ေမာင္ႏွမသုံးေယာက္ထဲက အႀကီးေယာက်ၤားေလးႏွစ္ေယာက္ကေက်ာင္းတက္ပါတယ္။ေက်ာင္းတက္ရာမွာ စက္ဘီးတစ္စီးလိုခ်င္တယ္ဆိုလို႔ စက္ဘီးတစ္စီးကို ငါးေသာင္းက်ပ္နဲ႔ဝယ္ၿပီးေပးခဲ့ပါတယ္။ ေစတနာအလႈရွင္ဦးေဇာ္ဝင္းႏိုင္+ေဒၚသက္ဝင္းရည္မိသားစုျဖစ္ပါတယ္။ONE TO ONE လူနာကူညီေရး၊ ကိုဝမ္း ဖုန္း ၀၉၇၆၅၇၆၅၁၇၉၊ ကိုဝမ္း ဖုန္း ၀၉၄၅၆၅၆၇၈၇၈၊ မႏၲေလးၿမိဳ႕။

ခရက္ဒစ္