မိခင်ကြီးရဲ့ နောက် ဆုံး ခရီးကိုတောင် လိုက်ပါပို့ဆောင်ခွင့်မရခဲ့တဲ့ ဒါရိုက်တာဏကြီး

တိုင်းပြည်အကျပ်တည်းကာလကို ရောက်နေတဲ့အချိန်မှာ ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံဟာ (၅၀၅)(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီးနောက် ဘေးလွတ်ရာကိုတိမ်းရှောင်နေခဲ့ပါတယ်။

ရပ်တည်ချက်ပြတ်သား သူတွေဖြစ်တာကြောင့် ဘယ်နေရာပဲရောက်ရောက် ပြည်သူတွေနဲ့တစ်သားတည်းရှိနေခဲ့ပြီး ရင်ထဲကဆန္ဒတွေကို ရသလောက်ထုတ်ဖော်နေဆဲပါပဲ။ ဒီနေ့မှာတော့ပိုင်ဖြိုးသုရဲ့မိခင်ဟာ ဒါရိုက်တာဏကြီးရဲ့မိခင် ဆုံးပါးသွားပြီဆိုတဲ့ စိတ်မကောင်းစရာသတင်း တစ်ခုကိုသားနဲ့သမီးကိုရော ပရိသတ်တွေကိုပါ အသိပေး ပြောကြားခဲ့ပါတယ်။ ဒါရိုက်တာဏကြီးဟာ မိခင်ဖြစ်သူနဲ့မတွေ့ရတာ (၃) လ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုဆိုရင်တော့ ဘယ်တော့မှပြန်မဆုံနိုင်တော့တဲ့ သံသရာ ခရီးကိုမိခင်ကထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

သားဖြစ်သူအနားမှာမရှိပေမယ့် ခမည်းခမက်ဖြစ်သူ ပိုင်ဖြိုးသုရဲ့မိခင်က စောင့်ရှောက်ပေးထားခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာတောင် သားဖြစ်သူနဲ့မတွေ့လိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့ခံစားချက်နဲ့ မိခင်ရဲ့နောက်ဆုံးအချိန်ကို အနားမှာမရှိပေးနိုင်လိုက်တဲ့ သားတစ်ယောက်ရဲ့ခံစားချက်ကတော့ တကယ်ကိုဖြည်မဆည်နိုင်အောင်ပါပဲ ။

ဆုံးပါးသွားတဲ့ အန်တီဒေါ်တင်တင်နွယ်လည်း ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။ ခမည်းခမက်ဖြစ်သူနဲ့သားမက်ဖြစ်သူအတွက် စိတ်မကောင်းရတဲ့ အကြောင်းကို ” (၂၀၂၁) ခုနှစ်ကတော့ မျှော်လင့်မထားတဲ့ဝမ်းနည်းစရာ ‌အဖြစ်အပျက်တွေနဲ့ ပြည့်‌နှက်နေပါတယ်။

( မေလ ၈ ရက်) ညကကျမရဲ့ခမည်းခမက် သားကိုဏကြီးရဲ့ကျေးဇူးရှင် မိခင်ကြီးအစ်မဒေါ်တင်တင်နွယ် ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပါတယ်။ သနားစရာ ကောင်းတဲ့ သားအမိမတွေ့ကြရတာ (၃) လရှိခဲ့ပြီအခုတော့ တစ်သက်တာပြန်မတွေ့ နိုင်တော့တဲ့သံသရာခရီးရှည်ကြီးကို အမကြီးထွက်ခွာသွားခဲ့ပါပြီ။ သားတို့ သမီးတို့အနေနဲ့ မိခင် / ယောက္ခမ ရဲ့နောက် ဆုံးခရီးလိုက်ပါ ပို့ဆောင်နိုင်ခွင့်မရှိတဲ့ အတွက်ယူကြုံးမရဖြစ်မိပါတယ်။

သားရေဝဋ်ကြွေးရှိခဲ့ရင်လည်း ဒီမျှနဲ့ကြေပါစေ ။ အစ်မရေစိတ်ဖြောင့်ဖြောင့်နဲ့မြင့်မြတ်တဲ့ ဘုံမှာစံမြန်းပါတော့နော် ။ “ဆိုပြီးပိုင်ဖြိုးသုရဲ့ မိခင်ကလူမှုကွန်ယက်မှာ ရင် ဖွင့်ပြောပြခဲ့ပါတယ်။

Crd

Zawgyi

တိုင္းျပည္အက်ပ္တည္းကာလကို ေရာက္ေနတဲ့အခ်ိန္မွာ ျပည္သူနဲ႔တစ္သားတည္းရပ္တည္ခဲ့တဲ့ ဒါ႐ိုက္တာဏႀကီးနဲ႔ပိုင္ၿဖိဳးသုတို႔ ဇနီးေမာင္ႏွံဟာ (၅၀၅)(က) နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရၿပီးေနာက္ ေဘးလြတ္ရာကိုတိမ္းေရွာင္ေနခဲ့ပါတယ္။

ရပ္တည္ခ်က္ျပတ္သား သူေတြျဖစ္တာေၾကာင့္ ဘယ္ေနရာပဲေရာက္ေရာက္ ျပည္သူေတြနဲ႔တစ္သားတည္းရွိေနခဲ့ၿပီး ရင္ထဲကဆႏၵေတြကို ရသေလာက္ထုတ္ေဖာ္ေနဆဲပါပဲ။ ဒီေန႔မွာေတာ့ပိုင္ၿဖိဳးသုရဲ႕မိခင္ဟာ ဒါ႐ိုက္တာဏႀကီးရဲ႕မိခင္ ဆုံးပါးသြားၿပီဆိုတဲ့ စိတ္မေကာင္းစရာသတင္း တစ္ခုကိုသားနဲ႔သမီးကိုေရာ ပရိသတ္ေတြကိုပါ အသိေပး ေျပာၾကားခဲ့ပါတယ္။ ဒါ႐ိုက္တာဏႀကီးဟာ မိခင္ျဖစ္သူနဲ႔မေတြ႕ရတာ (၃) လ ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး အခုဆိုရင္ေတာ့ ဘယ္ေတာ့မွျပန္မဆုံႏိုင္ေတာ့တဲ့ သံသရာ ခရီးကိုမိခင္ကထြက္သြားခဲ့ၿပီပဲျဖစ္ပါတယ္။

သားျဖစ္သူအနားမွာမရွိေပမယ့္ ခမည္းခမက္ျဖစ္သူ ပိုင္ၿဖိဳးသုရဲ႕မိခင္က ေစာင့္ေရွာက္ေပးထားခဲ့ပါတယ္။ ေနာက္ဆုံးအခ်ိန္မွာေတာင္ သားျဖစ္သူနဲ႔မေတြ႕လိုက္ရတဲ့ မိခင္တစ္ေယာက္ရဲ႕ခံစားခ်က္နဲ႔ မိခင္ရဲ႕ေနာက္ဆုံးအခ်ိန္ကို အနားမွာမရွိေပးႏိုင္လိုက္တဲ့ သားတစ္ေယာက္ရဲ႕ခံစားခ်က္ကေတာ့ တကယ္ကိုျဖည္မဆည္ႏိုင္ေအာင္ပါပဲ ။

ဆုံးပါးသြားတဲ့ အန္တီေဒၚတင္တင္ႏြယ္လည္း ေကာင္းရာဘုံဘဝေရာက္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ ခမည္းခမက္ျဖစ္သူနဲ႔သားမက္ျဖစ္သူအတြက္ စိတ္မေကာင္းရတဲ့ အေၾကာင္းကို ” (၂၀၂၁) ခုႏွစ္ကေတာ့ ေမွ်ာ္လင့္မထားတဲ့ဝမ္းနည္းစရာ ‌အျဖစ္အပ်က္ေတြနဲ႔ ျပည့္‌ႏွက္ေနပါတယ္။

( ေမလ ၈ ရက္) ညကက်မရဲ႕ခမည္းခမက္ သားကိုဏႀကီးရဲ႕ေက်းဇူးရွင္ မိခင္ႀကီးအစ္မေဒၚတင္တင္ႏြယ္ ဘဝတစ္ပါးကို ကူးေျပာင္းသြားခဲ့ပါတယ္။ သနားစရာ ေကာင္းတဲ့ သားအမိမေတြ႕ၾကရတာ (၃) လရွိခဲ့ၿပီအခုေတာ့ တစ္သက္တာျပန္မေတြ႕ ႏိုင္ေတာ့တဲ့သံသရာခရီးရွည္ႀကီးကို အမႀကီးထြက္ခြာသြားခဲ့ပါၿပီ။ သားတို႔ သမီးတို႔အေနနဲ႔ မိခင္ / ေယာကၡမ ရဲ႕ေနာက္ ဆုံးခရီးလိုက္ပါ ပို႔ေဆာင္ႏိုင္ခြင့္မရွိတဲ့ အတြက္ယူႀကဳံးမရျဖစ္မိပါတယ္။

သားေရဝဋ္ေႂကြးရွိခဲ့ရင္လည္း ဒီမွ်နဲ႔ေၾကပါေစ ။ အစ္မေရစိတ္ေျဖာင့္ေျဖာင့္နဲ႔ျမင့္ျမတ္တဲ့ ဘုံမွာစံျမန္းပါေတာ့ေနာ္ ။ “ဆိုၿပီးပိုင္ၿဖိဳးသုရဲ႕ မိခင္ကလူမႈကြန္ယက္မွာ ရင္ ဖြင့္ေျပာျပခဲ့ပါတယ္။

Crd