မနက်ရောက်မှ ပိုက်ဆံတစ်ရွက်နဲ့အတူ အိမ်ပြန်လာတတ်တဲ့အကျင့်ကြောင့် သခင်ဖြစ်သူကို အမြဲမေးခွန်းထုတ်နေစေခဲ့တဲ့ ကြောင်လေး

မနက်ရောက်မှ ပိုက်ဆံတစ်ရွက်နဲ့အတူ အိမ်ပြန်လာတတ်တဲ့အကျင့်ကြောင့် သခင်ဖြစ်သူကို အမြဲမေးခွန်းထုတ်နေစေခဲ့တဲ့ ကြောင်လေး။

လူတွေမှာ အိမ်မွေးတိရိစ္ဆာန်ကိုမွေးစားပြီး ပြုစုထိန်းသိမ်းရတာကို ကြိက်နှစ်သက်ရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ အများစုမှာ တိရိစ္ဆာန်ချစ်သူများဖြစ်ကြပြီး ၎င်းတို့ရဲ့အိမ်မွေးတိရိစ္ဆာန်များနှင့်အတူတူ ဖြတ်သန်းနေရတာကိုဘဲ ကျေနပ်နေတတ်ကြပါတယ်။ တကယ်လည်း အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ ချစ်စရာကောင်းမှုနဲ့သစ္စာရှိမှုက ကျွန်တော်တို့ရဲ့မျက်နှာပေါ်ကအပြုံးကို ဘယ်တော့မှမပျက်ပြယ်စေပါဘူး။

အင်တာနက်အသုံးပြုသူတစ်ဦးက သူမရဲ့အိမ်မွေးတိရိစ္ဆာန် ကြောင်တစ်ကောင်ဟာ ညဘက်အချိန်တွေမှာ အိမ်မှပျောက်ကွယ်သွားလေ့ရှိပြီး တစ်ညလုံးဘယ်မှာမှ သူမရှာမတွေ့ခဲ့ဘူးလို့ ပြောပြခဲ့ပါတယ်။

တစ်နေ့မှာတော့ သူမရဲ့အချစ်တော်ကြောင်လေးက မနက်ရောက်မှ အိမ်ပြန်ရောက်လာခဲ့ပြီး ပင်ပန်းကာ အိပ်မောကျနေခဲ့ပေမဲ့ သူမကိုအံ့အားအသင့်ဆုံး ဖြစ်သွားစေခဲ့တဲ့အရာက သူမကြောင်လေးရဲ့လည်ပင်းမှာ တရုတ်ယွမ် ၁၀ တန် ငွေစက္ကူတစ်ရွက်ကပ်ပါလာခြင်းဖြစ်ကြောင်း သူမကဆိုခဲ့ပါတယ်။

၎င်းအဖြစ်ကို သခင်ဖြစ်သူက နောက်ပိုင်းမှာ ပိုမိုသတိထားမိလာခဲ့ပြီး သူမကြောင်လေးက နောက်​တစ်​​နေ့မနက်ရောက်တိုင်း အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းနွမ်းနယ်​ပုံရပြီး အိပ်​​ပျော်​သွားခဲ့တဲ့အပြင် အိမ်​သို့ငွေ​စက္ကူများ ယူဆောင်လာခဲ့ခြင်းဟာ ကြောင်လေးက ” ညဆိုင်း ” အလုပ်လုပ်နေတာကြောင့် ညဘက်ရောက်တိုင်း ပျောက်ပျောက်သွားတာလားလို့ သူမမကြာခဏတွေးခဲ့မိကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

ထို့ကြောင့် သခင်ဖြစ်သူကလည်း သူမကြောင်က အိမ်သို့ယူဆောင်လာတဲ့ သူ့ ‘လစာ’ ငွေအားလုံးကို စုဆောင်းပေးလိုက်ပြီး သူ့စိတ်ကြိုက်အစာကို နေ့တိုင်းဝယ်ကျွေးပေးလိုက်ကြောင်းလည်း ထပ်မံပြောကြားခဲ့ပါတယ်။

သူမမျှဝေပေးလိုက်တဲ့ တွေးတောစရာ အဖြစ်အပျက်ကြောင့် အင်တာနက်သုံးစွဲသူများစွာက “ ဒီကြောင်က ဘယ်လိုအလုပ်မျိုးလုပ်ခဲ့တာလဲ ” “ ကြွက်ဖမ်းပေးတာလား ဒါမှမဟုတ် တစ်ခြားသူတွေရဲ့ အိမ်တွေကိုစောင့်ပေးတာလား။” “ ဒီကြောင်လေးကသာ သူဘာလုပ်ခဲ့လဲဆိုတာသိပုံရတယ် ” စတဲ့မှတ်ချက်များဖြင့်တုံ့ပြန်ခဲ့ကြသလို မနက်ရောက်မှ အိမ်ပြန်ပြီး ပြန်အိပ်တတ်တဲ့ ကြောင်တစ်ကောင်ရဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့အလုပ်ကြောင့် အင်တာနက်အသုံးပြုသူများအကြား ညဘက်မှာ ဒီကြောင်တစ်ကောင် ဘယ်တွေများဘာလုပ်နေလဲဆိုတဲ့မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပါတယ်။

ပရိတ်သန်ကြီးလဲ ဒီကြောင်လေးက ညဖက်ဘာအလုပ်တွေ သွားလုပ်နေသလဲဆိုတာ စဉ်းစားပေးကြပါအုံးနော်။ မှတ်ချက်လေးတွေရေးခဲကြအုံးနော်။ ပျေ်ရွှင်‌ေသာ နေ့ရက်လေးတွေ ပိုင်ဆိုင်ကြပါစေ။

Mia (KB Chimmy One)

Reference : goodtimes

Zawgyi

မနက္ေရာက္မွ ပိုက္ဆံတစ္႐ြက္နဲ႔အတူ အိမ္ျပန္လာတတ္တဲ့အက်င့္ေၾကာင့္ သခင္ျဖစ္သူကို အၿမဲေမးခြန္းထုတ္ေနေစခဲ့တဲ့ ေၾကာင္ေလး။

လူေတြမွာ အိမ္ေမြးတိရိစာၦန္ကိုေမြးစားၿပီး ျပဳစုထိန္းသိမ္းရတာကို ႀကိက္ႏွစ္သက္ရတဲ့ အေၾကာင္းရင္းအမ်ိဳးမ်ိဳးရွိပါတယ္။ အမ်ားစုမွာ တိရိစာၦန္ခ်စ္သူမ်ားျဖစ္ၾကၿပီး ၎တို႔ရဲ႕အိမ္ေမြးတိရိစာၦန္မ်ားႏွင့္အတူတူ ျဖတ္သန္းေနရတာကိုဘဲ ေက်နပ္ေနတတ္ၾကပါတယ္။ တကယ္လည္း အိမ္ေမြးတိရိစာၦန္ေလးေတြရဲ႕ ခ်စ္စရာေကာင္းမႈနဲ႔သစၥာရွိမႈက ကြၽန္ေတာ္တို႔ရဲ႕မ်က္ႏွာေပၚကအၿပဳံးကို ဘယ္ေတာ့မွမပ်က္ျပယ္ေစပါဘူး။

အင္တာနက္အသုံးျပဳသူတစ္ဦးက သူမရဲ႕အိမ္ေမြးတိရိစာၦန္ ေၾကာင္တစ္ေကာင္ဟာ ညဘက္အခ်ိန္ေတြမွာ အိမ္မွေပ်ာက္ကြယ္သြားေလ့ရွိၿပီး တစ္ညလုံးဘယ္မွာမွ သူမရွာမေတြ႕ခဲ့ဘူးလို႔ ေျပာျပခဲ့ပါတယ္။

တစ္ေန႔မွာေတာ့ သူမရဲ႕အခ်စ္ေတာ္ေၾကာင္ေလးက မနက္ေရာက္မွ အိမ္ျပန္ေရာက္လာခဲ့ၿပီး ပင္ပန္းကာ အိပ္ေမာက်ေနခဲ့ေပမဲ့ သူမကိုအံ့အားအသင့္ဆုံး ျဖစ္သြားေစခဲ့တဲ့အရာက သူမေၾကာင္ေလးရဲ႕လည္ပင္းမွာ တ႐ုတ္ယြမ္ ၁၀ တန္ ေငြစကၠဴတစ္႐ြက္ကပ္ပါလာျခင္းျဖစ္ေၾကာင္း သူမကဆိုခဲ့ပါတယ္။

၎အျဖစ္ကို သခင္ျဖစ္သူက ေနာက္ပိုင္းမွာ ပိုမိုသတိထားမိလာခဲ့ၿပီး သူမေၾကာင္ေလးက ေနာက္​တစ္​​ေန႔မနက္ေရာက္တိုင္း အိမ္ျပန္ေရာက္တာနဲ႔ ပင္ပန္းႏြမ္းနယ္​ပုံရၿပီး အိပ္​​ေပ်ာ္​သြားခဲ့တဲ့အျပင္ အိမ္​သို႔ေငြ​စကၠဴမ်ား ယူေဆာင္လာခဲ့ျခင္းဟာ ေၾကာင္ေလးက ” ညဆိုင္း ” အလုပ္လုပ္ေနတာေၾကာင့္ ညဘက္ေရာက္တိုင္း ေပ်ာက္ေပ်ာက္သြားတာလားလို႔ သူမမၾကာခဏေတြးခဲ့မိေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။

ထို႔ေၾကာင့္ သခင္ျဖစ္သူကလည္း သူမေၾကာင္က အိမ္သို႔ယူေဆာင္လာတဲ့ သူ႔ ‘လစာ’ ေငြအားလုံးကို စုေဆာင္းေပးလိုက္ၿပီး သူ႔စိတ္ႀကိဳက္အစာကို ေန႔တိုင္းဝယ္ေကြၽးေပးလိုက္ေၾကာင္းလည္း ထပ္မံေျပာၾကားခဲ့ပါတယ္။

သူမမွ်ေဝေပးလိုက္တဲ့ ေတြးေတာစရာ အျဖစ္အပ်က္ေၾကာင့္ အင္တာနက္သုံးစြဲသူမ်ားစြာက “ ဒီေၾကာင္က ဘယ္လိုအလုပ္မ်ိဳးလုပ္ခဲ့တာလဲ ” “ ႂကြက္ဖမ္းေပးတာလား ဒါမွမဟုတ္ တစ္ျခားသူေတြရဲ႕ အိမ္ေတြကိုေစာင့္ေပးတာလား။” “ ဒီေၾကာင္ေလးကသာ သူဘာလုပ္ခဲ့လဲဆိုတာသိပုံရတယ္ ” စတဲ့မွတ္ခ်က္မ်ားျဖင့္တုံ႔ျပန္ခဲ့ၾကသလို မနက္ေရာက္မွ အိမ္ျပန္ၿပီး ျပန္အိပ္တတ္တဲ့ ေၾကာင္တစ္ေကာင္ရဲ႕ ဒီလွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့အလုပ္ေၾကာင့္ အင္တာနက္အသုံးျပဳသူမ်ားအၾကား ညဘက္မွာ ဒီေၾကာင္တစ္ေကာင္ ဘယ္ေတြမ်ားဘာလုပ္ေနလဲဆိုတဲ့ေမးခြန္းထုတ္စရာမ်ား ျဖစ္လာခဲ့ပါတယ္။

ပရိတ္သန္ႀကီးလဲ ဒီေၾကာင္ေလးက ညဖက္ဘာအလုပ္ေတြ သြားလုပ္ေနသလဲဆိုတာ စဥ္းစားေပးၾကပါအုံးေနာ္။ မွတ္ခ်က္ေလးေတြေရးခဲၾကအုံးေနာ္။ ေပ်္႐ႊင္‌ေသာ ေန႔ရက္ေလးေတြ ပိုင္ဆိုင္ၾကပါေစ။

Mia (KB Chimmy One)

Reference : goodtimes