မင်းအောင်လှိုင်ဦးဆောင်သည့် စကစအဖွဲ့ အားလူရာမသွင်း၍ ILO ညီလာခံတက်ခွင့်မရ

မင်းအောင်လှိုင်ဦးဆောင်တဲ့ စကစအဖွဲ့အနေနဲ့ ILO ရဲ့ ၁၀၉ကြိမ်မြောက်အထွေထွေညီလာခံမှာ စစ်ကောင်စီကနေတင်သွင်းတဲ့ မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အသစ် တက်ရောက်ခွင့်မရဘူးလို့သိရပါသည်။

မြန်မာနိုင်ငံမှာပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အခြေအနေအရပ်ရပ်ကိုဆန်းစစ်သုံးသပ်ပြီးမှ အစိုးရတရပ်ရဲ့အရည်အချင်းတွေနဲ့ ပြည့်စုံမှုရှိမရှိ စိစစ်တဲ့ Credential Committee က ခုလို အဆုံးအဖြတ်ပေးခဲ့တာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM Myanmar) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဘက်ကလည်း စစ်ကောင်စီဘက်ကတင်သွင်းတဲ့ ကိုယ်စားလှယ်တွေလက်မခံဖို့ ILO ကို အသီးသီးကန့်ကွက်စာတင်ထားကြတာပါ။ WHO ရဲ့ ပြီးခဲ့တဲ့အထွေထွေညီလာခံမှာလည်း မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာကိုယ်စားပြုတက်ရောက်ခွင့်မရခဲ့ပါဘူး။

Zawgyi

မင္းေအာင္လႈိင္ဦးေဆာင္တဲ့ စကစအဖြဲ႕အေနနဲ႔ ILO ရဲ႕ ၁၀၉ႀကိမ္ေျမာက္အေထြေထြညီလာခံမွာ စစ္ေကာင္စီကေနတင္သြင္းတဲ့ ျမန္မာႏိုင္ငံကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္အသစ္ တက္ေရာက္ခြင့္မရဘူးလို႔သိရပါသည္။

ျမန္မာႏိုင္ငံမွာေပၚေပါက္ေနတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈဆိုင္ရာ အေျခအေနအရပ္ရပ္ကိုဆန္းစစ္သုံးသပ္ၿပီးမွ အစိုးရတရပ္ရဲ႕အရည္အခ်င္းေတြနဲ႔ ျပည့္စုံမႈရွိမရွိ စိစစ္တဲ့ Credential Committee က ခုလို အဆုံးအျဖတ္ေပးခဲ့တာပါ။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (CTUM Myanmar) နဲ႔ အမ်ိဳးသားညီၫႊတ္ေရးအစိုးရ NUG ဘက္ကလည္း စစ္ေကာင္စီဘက္ကတင္သြင္းတဲ့ ကိုယ္စားလွယ္ေတြလက္မခံဖို႔ ILO ကို အသီးသီးကန႔္ကြက္စာတင္ထားၾကတာပါ။ WHO ရဲ႕ ၿပီးခဲ့တဲ့အေထြေထြညီလာခံမွာလည္း ျမန္မာႏိုင္ငံတြင္း ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ျမန္မာကိုယ္စားျပဳတက္ေရာက္ခြင့္မရခဲ့ပါဘူး။