မင်းသိင်္ခ(စာရေးဆရာ)အကြောင်း (ဗဟုသုတအဖြစ်ဖတ်ပါ)

မင်းသိင်္ခ (၁၉၃၉−၂၀၀၈) သည် ဗမာလူမျိုး စာရေးဆရာနှင့် ဗေဒင်ပညာရှင်ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြံဆမှုရှိသော ဝတ္ထုတိုရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသားကောင်းသူ တစ်ဦးလည်းဖြစ်သည်။

စိတ်ကူးအထင်အမြင်ပြောင်းလဲခြင်းမှစပြီး အတတ်ပညာများ၊ လက်တွေ့ရုပ်ဝတ္ထုများနှင့် အောင်မြင်ပျော်ရွှင်မှုများ ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာသဘောတရားများကို ပုဏ္ဏားဘကွန်း၊ ဖြစ်ချင်ရာဖြစ်မောင်ဘချစ်နှင့် ပြည်ကြီးမဏ္ဍိုင်မြကြီးစသော ဝတ္ထုများတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ငယ်ဘဝနှင့်ပညာရေး ၁၉၃၉ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက် ဘိုးလိန်းလမ်းနေ ပန်းချီဆရာ ဦးစံရှိန်နှင့် ဒေါ်တင်တို့မှမွေးဖွားပါသည်။ မွေးချင်း ၆ ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ ငယ်မည်မှာ အောင်ထွန်း ဖြစ်သည်။ ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပါပြီး အေဗီကောလိပ်ကျောင်း၌ ၁၀ တန်းအထိ ပညာသင်ကြားခဲ့ပါသည်။

စာပေရေးသားခြင်း ၁၉၅၄ ခု၊ အထက်တန်းကျောင်းသားဘဝတွင် မေ့ပင်အောက်ကထွက်ခဲ့ပါဝတ္ထုကို အောင်စိုး (အညတရ) အမည်နှင့်ရေးကာ စာပေနယ်သို့ရောက်သည်။ ၁၉၇၄ ခု၊ ဇူလိုင်လထုတ် ပြစ်မှုမဂ္ဂဇင်းတွင် ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာသတ်မှုကို အောင်သင်းကလောင်နှင့်ရေးသည်။ မနုစာရီလုံးချင်းကိုစရေးမှသာ မင်းသိင်္ခအမည်ကို ခံယူသည်။

မကွယ်လွန်မီ နောက်ဆုံးထွက်ခဲ့သည့် စာအုပ်များမှာ မကွယ်လွန်မီ တစ်လခန့်က လာဘ်မိုးဆွေစာအုပ်တိုက်မှ မြရာရွှေပြည်မင်းသမီး လုံးချင်းဝထ္တု၊ မရမ်းတလင်းစာအုပ်တိုက်မှ ယတြာချေနည်းစာအုပ်၊ ပြုံးပန်းတရာစာအုပ်တိုက်မှ ထီးထိုးနည်း စာအုပ်များဖြန့်ဝေခဲ့ပြီး ဆက်လက်ထုတ်ဝေရန် စာပေစိစစ်ရးမှ ခွင့်ပြုသည့်စာအုပ်များ ကျန်ခဲ့သေးသည်။

၁၉၇၆ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းစာအုပ်စုစုပေါင်း အုပ်ရေ (၇၀) ကျော်ရေးသား ထုတ်ဝေခဲ့သည်။ ရေးသားသော စာအုပ်များ တပွဲစားဦးနှောက်၊ မင်းဂွတ်သီးသုံးလုံး၊ ဆားပုလင်းနှင်းမောင်နှင့်ဓားနှစ်လက်စသော ရုပ်ပြဇာတ်လမ်းအချို့လည်းထုတ်ဝေဖူးသည်။ (စတုမဟာရာဇ်) ဟူသော တိပ်ခွေအသံသွင်းဇာတ်လမ်းခွေလည်း ထွက်ရှိဖူးသည်။

ဦးစီးထုတ်ဝေခဲ့သော ဂျာနယ်မဂ္ဂဇင်းများမှာ အောက်ပါအတိုင်းဖြစ်သည် −မနောမယဂမ္ဘီရဂျာနယ်၊ မနောကြာဖြူမဂ္ဂဇင်း၊မဟာမြိုင်မဂ္ဂဇင်း၊ မနုစာရီမဂ္ဂဇင်း၊ မြရီသီတာမဂ္ဂဇင်းနှင့်ရောင်ပြန်မဂ္ဂဇင်း

အလုပ်အကိုင် ၁၉၅၈ ခုနှစ်၌ တပ်မတော်သို့ဝင်ရောက် အမှုထမ်းခဲ့သည်။ ၅ နှစ်ကြာအမှုထမ်းခဲ့ပြီးနောက် တပ်မတော်မှထွက်ပြီး ချောက်မြို့တွင်နေထိုင်ခဲ့ပါသည်။

ချောက်မြို့တွင် ဆီစက်ညစောင့်ဘဝ၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဘဝတို့ဖြင့် ကျင်လည်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မြန်မာစာပေလောကတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သည့် မနုစာရီလုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့သည်။ အကြိမ်ကြိမ်ထုတ်ဝေခဲ့ရပြီး ဂျပန်ဘာသာသို့လည်း ပြန်ဆိုခြင်းခံရသည်။

ဆရာကြီးရေးသော အခြားဝတ္ထုဇာတ်လိုက်များမှာ စနေမောင်မောင်ဆားပုလင်းနှင်းမောင် ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားမိုးသီးအောင်ထွန်း ဘိန်းစားဘွန်း‌ဟောင်းတို့ဖြစ်သည်။ ၁၉၇၈ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းဝတ္ထုပေါင်း ၇၀ ရေးသားခဲ့သည်။

ဗေဒင်ဟောခြင်း ၁၉၆၉ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဗေဒင်ဆရာဘဝကိုစတင်ခဲ့သည်။ ထိုအချိန်မှစ၍ မင်းသိင်္ခဟူသော အမည်ကိုခံယူခဲ့သည်။ ၁၉၇၈ တွင်ရန်ကုန်မြို့၌လည်း ဗေဒင်များစတင်ဟောခဲ့သည်။ ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက် ညသန်းခေါင်အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏနေအိမ်မှ မဟာဂန္ဓာရီခရီး အဓိဌာန် ၃ နှစ်ခရီးထွက်ခွာခဲ့သည်။ ခရီးမှအပြန်တွင် မှော်ဘီမြို့အစွန်ရှိ အယူတော်မင်္ဂလာခြံဝင်းကျယ်ကြီးတွင် တပည့်ပေါင်းများစွာနှင့် အတူနေထိုင်ခဲ့သည်။

မဟာဂန္ဓရီခရီးစဉ် မဟာဂန္ဓာရီအဓိဋ္ဌာန် သုံးနှစ်ခရီးထွက်ခွာခြင်းကို ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင်စတင်သည်။ ဂန္ဓာရီခရီးစဉ်အပြီးတွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့စွန်ရှိ၊ မရမ်းတလင်း အယူတော်မင်္ဂလာခြံ၌နေထိုင်သည်။ နက္ခတ်ဗေဒပါရဂူဘွဲ့ အိန္ဒိယနိုင်ငံ ကာလကတ္တားအခြေစိုက် A.R.P က ပေးအပ်သည့်ပေးအပ်သည့် ရိုးရာဗေဒင်ပညာပါရဂူဘွဲ့နှင့် မြန်မာမင်း (၁၂၂) ပါး၏ ကံကြမ္မာကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခု ရရှိထားပြီး ဆုသွားရောက် လက်ခံမရယူခင် ကွယ်လွန်သွားခြင်းဖြစ်သည်။

နိုင်ငံရေးလှုပ်ရှားမှု မင်းသိင်္ခသည် ၁၉၆၅ မှ ၁၉၇၀ အထိ အင်းစိန်ထောင်တွင် အကျဉ်းကျခံခဲ့ရသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဆရာမင်းသိင်္ခက အိုင်ဒီယာမဂ္ဂဇင်း (၂၀၀၄ ဇန်နဝါရီလထုတ်)တွင် အောက်ပါအတိုင်းပြောပြထားသည်။ “ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်လေ၊ အစိုးရနဲ့ သောင်းကျန်းသူနဲ့ လုပ်တဲ့အခါမှာ ကိုယ်ကကြားထဲကတရားဟောတယ်။

အဲဒီတုန်းက ပြည်သူ့ကော်မတီဆိုတာပေါပြီလေ။ ငြိမ်းချမ်းရေးကို ဖြစ်အောင်လုပ်ပါ။ လူကြီးတွေ အညွှန်းတွေအတိုင်း တရားလိုက်ဟောတယ်။ ငြိမ်းချမ်းရေးလည်းပြီးရော သောင်းကျန်းသူကတောထဲပြန်တယ်၊ ကိုယ်တို့ကပြန်စရာမရှိဘူး။ ဆွဲကုတ်လိုက်တာပေါ့။” မင်းသိင်္ခ၏ နောက်ဆုံးနှစ်များတွင် ဗေဒင်မေးသည့်ပရိသတ်များနှင့် ကင်းဝေးစေရေးအတွက် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မရမ်းတလင်းကျေးရွာတွင် သွားရောက်နေထိုင်ခဲ့သည်။

သို့သော်လည်း ၎င်းနေထိုင်ရာ အယူတော်မင်္ဂလာခြံတွင် ဗေဒင်ပရိသတ်များအဆက်မပြတ်ခဲ့ပေ။ “နိုင်ငံရေးထောင်ထွက်တွေ သူ့ဆီသွားရင် ဗေဒင်မေးမယ့်လူတွေကြားမှာ တန်းစီစောင့်စရာမလိုဘူး၊ သူတပည့်ကိုဂေါ် နိုက် (၅ည)လို့ပြောခိုင်းရင် ချက်ချင်းခေါ်တွေ့တယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ဆိုသည်။ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအတွင်း ဟောပြောချက်များကြောင့် စစ်အစိုးရက မင်းသိင်္ခကို အင်းစိန်ထောင်အတွင်းသို့ထပ်မံပို့ဆောင်ခဲ့သည်။

မိသားစုဘဝ ၁၉၅၇ ခုတွင် မအေးအေးရွှေနှင့် အိမ်ထောင်ကျသည်။ မအေးအေးရွှေ၏ မိဘများက သဘောမတူသဖြင့် အိမ်ထောင်ခွဲသည်။ ၁၉၆၀ ပြည့်တွင် ချောက်နေမြမြဝင်း (ခ) ကျင်ဖုံနှင့် အကြောင်းဖက်သည်။ သားဖြစ်သူမောင်မောင်သစ်ထွန်းကားသည်။ ၁၉၆၁ တွင် မကျင်ဖုံနှင့် မိသားစုပြသနာများကြောင့်ကွဲသည်။ ၁၉၈၀ အလွန်တွင် ချစ်သူဟောင်း မအေးအေးရွှေနှင့် ပြန်ပေါင်းဖြစ်သည်။

ဘဝနိဂုံ:၂၀၀၈ ဩဂုတ်လ ၁ ရက်နေ့၊ နံနက် ၆ နာရီ ၂ မိနစ်အချိန်က ရန်ကုန်မြို့ရှိ သုခကမ္ဘာအထူးကုဆေးခန်းတွင် ကွယ်လွန်သည်။ မင်းသိင်္ခ၏ တပည့်ရင်းတဦးဖြစ်သူ မင်းသိမ်းခိုင်က မင်းသိင်္ခ၏ နောက်ဆုံးအချိန်နှင့်ပတ်သက်၍ “ဆေးရုံကနေ ပြန်ဆင်းလာပြီးတော့ ခြံကိုပြန်ရောက်လာတယ်။

မနေ့ကမနက်ကမှ ထူးထူးဆန်းဆန်းစကားတွေပြောတယ်။ ငါ ထွက်တော့မယ်တဲ့။ ငါ့အခန်းထဲကိုပို့တဲ့။ အခန်းထဲရောက်တာနဲ့ငါပြီးပြီတဲ့။ အဲလို့ပြောပြီးအခန်းထဲ ဝင်သွားတယ်။

ဒီနောက်ရုတ်တရက် အခြေအနေဆိုးလာလို့ မနေ့ကမနက်က ဆေးခန်းကို ပို့လိုက်တာ။ (၁) ရက်ပဲကြာတယ် နှလုံးရပ်ပြီး ဆုံးသွားတာ” ဟု ဆိုသည်။ ၂၀၀၈ခုနှစ် ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရေဝေးသုဿန်၌ ဂူသွင်းသင်္ဂြိုဟ်သည်။

ဆရာကြီးကွယ်လွန်ချိန်တွင် သားဖြစ်သူ မောင်မောင်သစ်၊ ညီဖြစ်သူ ဦးဝင်းဇော်(သစ်တော)နှင့် ညီမဒေါ်သန်းနုအောင်တို့သာကျန်ရစ်ခဲ့သည်။

CRD Han Lin Aung နော်ဂဲလယ်ထူး(စာပေပရဟိတ)

Zawgyi

မင္းသိခၤ (၁၉၃၉−၂၀၀၈) သည္ ဗမာလူမ်ိဳး စာေရးဆရာႏွင့္ ေဗဒင္ပညာရွင္ျဖစ္သည္။ မင္းသိခၤသည္ တီထြင္ႀကံဆမႈရွိေသာ ဝတၳဳတိုရွည္မ်ားကို ႏိုင္နင္းစြာဖြဲ႕ႏိုင္ေသာ စာအေရးအသားေကာင္းသူ တစ္ဦးလည္းျဖစ္သည္။

စိတ္ကူးအထင္အျမင္ေျပာင္းလဲျခင္းမွစၿပီး အတတ္ပညာမ်ား၊ လက္ေတြ႕႐ုပ္ဝတၳဳမ်ားႏွင့္ ေအာင္ျမင္ေပ်ာ္႐ႊင္မႈမ်ား ရရွိႏိုင္ပုံကဲ့သို႔ စိတ္ပညာသေဘာတရားမ်ားကို ပုဏၰားဘကြန္း၊ ျဖစ္ခ်င္ရာျဖစ္ေမာင္ဘခ်စ္ႏွင့္ ျပည္ႀကီးမ႑ိဳင္ျမႀကီးစေသာ ဝတၳဳမ်ားတြင္ ထည့္သြင္းေဖာ္ျပခဲ့သည္။

ငယ္ဘဝႏွင့္ပညာေရး ၁၉၃၉ ခုႏွစ္ ဇြန္လ ၂၅ ရက္တြင္ ရန္ကုန္ၿမိဳ႕ ေက်ာက္ေျမာင္းရပ္ကြက္ ဘိုးလိန္းလမ္းေန ပန္းခ်ီဆရာ ဦးစံရွိန္ႏွင့္ ေဒၚတင္တို႔မွေမြးဖြားပါသည္။ ေမြးခ်င္း ၆ ေယာက္အနက္ အႀကီးဆုံးသားျဖစ္သည္။ ငယ္မည္မွာ ေအာင္ထြန္း ျဖစ္သည္။ ရန္ကုန္ၿမိဳ႕ စိန္ေပါလ္ေက်ာင္းတြင္ စတင္ပညာသင္ၾကားခဲ့ပါၿပီး ေအဗီေကာလိပ္ေက်ာင္း၌ ၁၀ တန္းအထိ ပညာသင္ၾကားခဲ့ပါသည္။

စာေပေရးသားျခင္း ၁၉၅၄ ခု၊ အထက္တန္းေက်ာင္းသားဘဝတြင္ ေမ့ပင္ေအာက္ကထြက္ခဲ့ပါဝတၳဳကို ေအာင္စိုး (အညတရ) အမည္ႏွင့္ေရးကာ စာေပနယ္သို႔ေရာက္သည္။ ၁၉၇၄ ခု၊ ဇူလိုင္လထုတ္ ျပစ္မႈမဂၢဇင္းတြင္ ဆားပုလင္းႏွင္းေမာင္ႏွင့္ ဂ်ဴးမ်က္လွည့္ဆရာသတ္မႈကို ေအာင္သင္းကေလာင္ႏွင့္ေရးသည္။ မႏုစာရီလုံးခ်င္းကိုစေရးမွသာ မင္းသိခၤအမည္ကို ခံယူသည္။

မကြယ္လြန္မီ ေနာက္ဆုံးထြက္ခဲ့သည့္ စာအုပ္မ်ားမွာ မကြယ္လြန္မီ တစ္လခန႔္က လာဘ္မိုးေဆြစာအုပ္တိုက္မွ ျမရာေ႐ႊျပည္မင္းသမီး လုံးခ်င္းဝထၱဳ၊ မရမ္းတလင္းစာအုပ္တိုက္မွ ယၾတာေခ်နည္းစာအုပ္၊ ၿပဳံးပန္းတရာစာအုပ္တိုက္မွ ထီးထိုးနည္း စာအုပ္မ်ားျဖန႔္ေဝခဲ့ၿပီး ဆက္လက္ထုတ္ေဝရန္ စာေပစိစစ္ရးမွ ခြင့္ျပဳသည့္စာအုပ္မ်ား က်န္ခဲ့ေသးသည္။

၁၉၇၆ မွ ၂၀၀၈ ခုႏွစ္အတြင္း လုံးခ်င္းစာအုပ္စုစုေပါင္း အုပ္ေရ (၇၀) ေက်ာ္ေရးသား ထုတ္ေဝခဲ့သည္။ ေရးသားေသာ စာအုပ္မ်ား တပြဲစားဦးေႏွာက္၊ မင္းဂြတ္သီးသုံးလုံး၊ ဆားပုလင္းႏွင္းေမာင္ႏွင့္ဓားႏွစ္လက္စေသာ ႐ုပ္ျပဇာတ္လမ္းအခ်ိဳ႕လည္းထုတ္ေဝဖူးသည္။ (စတုမဟာရာဇ္) ဟူေသာ တိပ္ေခြအသံသြင္းဇာတ္လမ္းေခြလည္း ထြက္ရွိဖူးသည္။

ဦးစီးထုတ္ေဝခဲ့ေသာ ဂ်ာနယ္မဂၢဇင္းမ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္ −မေနာမယဂမၻီရဂ်ာနယ္၊ မေနာၾကာျဖဴမဂၢဇင္း၊မဟာၿမိဳင္မဂၢဇင္း၊ မႏုစာရီမဂၢဇင္း၊ ျမရီသီတာမဂၢဇင္းႏွင့္ေရာင္ျပန္မဂၢဇင္း

အလုပ္အကိုင္ ၁၉၅၈ ခုႏွစ္၌ တပ္မေတာ္သို႔ဝင္ေရာက္ အမႈထမ္းခဲ့သည္။ ၅ ႏွစ္ၾကာအမႈထမ္းခဲ့ၿပီးေနာက္ တပ္မေတာ္မွထြက္ၿပီး ေခ်ာက္ၿမိဳ႕တြင္ေနထိုင္ခဲ့ပါသည္။

ေခ်ာက္ၿမိဳ႕တြင္ ဆီစက္ညေစာင့္ဘဝ၊ လက္ဖက္ရည္ဆိုင္ပိုင္ရွင္ဘဝတို႔ျဖင့္ က်င္လည္ခဲ့သည္။ ၁၉၇၆ ခုႏွစ္တြင္ ျမန္မာစာေပေလာကတြင္ အေအာင္ျမင္ဆုံးျဖစ္ခဲ့သည့္ မႏုစာရီလုံးခ်င္းဝတၳဳႀကီးကို စတင္ထုတ္ေဝခဲ့သည္။ အႀကိမ္ႀကိမ္ထုတ္ေဝခဲ့ရၿပီး ဂ်ပန္ဘာသာသို႔လည္း ျပန္ဆိုျခင္းခံရသည္။

ဆရာႀကီးေရးေသာ အျခားဝတၳဳဇာတ္လိုက္မ်ားမွာ စေနေမာင္ေမာင္ဆားပုလင္းႏွင္းေမာင္ ပေရာ္ဖက္ဆာေဒါက္တာဆိတ္ဖြားမိုးသီးေအာင္ထြန္း ဘိန္းစားဘြန္း‌ေဟာင္းတို႔ျဖစ္သည္။ ၁၉၇၈ မွ ၂၀၀၈ ခုႏွစ္အတြင္း လုံးခ်င္းဝတၳဳေပါင္း ၇၀ ေရးသားခဲ့သည္။

ေဗဒင္ေဟာျခင္း ၁၉၆၉ ခုႏွစ္တြင္ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕၌ ေဗဒင္ဆရာဘဝကိုစတင္ခဲ့သည္။ ထိုအခ်ိန္မွစ၍ မင္းသိခၤဟူေသာ အမည္ကိုခံယူခဲ့သည္။ ၁၉၇၈ တြင္ရန္ကုန္ၿမိဳ႕၌လည္း ေဗဒင္မ်ားစတင္ေဟာခဲ့သည္။ ၁၉၉၇ ခုႏွစ္ မတ္လ ၂၅ ရက္ ညသန္းေခါင္အခ်ိန္တြင္ ရန္ကုန္ၿမိဳ႕ သုဝဏၰေနအိမ္မွ မဟာဂႏၶာရီခရီး အဓိဌာန္ ၃ ႏွစ္ခရီးထြက္ခြာခဲ့သည္။ ခရီးမွအျပန္တြင္ ေမွာ္ဘီၿမိဳ႕အစြန္ရွိ အယူေတာ္မဂၤလာၿခံဝင္းက်ယ္ႀကီးတြင္ တပည့္ေပါင္းမ်ားစြာႏွင့္ အတူေနထိုင္ခဲ့သည္။

မဟာဂႏၶရီခရီးစဥ္ မဟာဂႏၶာရီအဓိ႒ာန္ သုံးႏွစ္ခရီးထြက္ခြာျခင္းကို ၁၉၉၇ ခုႏွစ္ မတ္လ ၂၅ ရက္ေန႔တြင္စတင္သည္။ ဂႏၶာရီခရီးစဥ္အၿပီးတြင္ ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕စြန္ရွိ၊ မရမ္းတလင္း အယူေတာ္မဂၤလာၿခံ၌ေနထိုင္သည္။ နကၡတ္ေဗဒပါရဂူဘြဲ႕ အိႏၵိယႏိုင္ငံ ကာလကတၱားအေျခစိုက္ A.R.P က ေပးအပ္သည့္ေပးအပ္သည့္ ႐ိုးရာေဗဒင္ပညာပါရဂူဘြဲ႕ႏွင့္ ျမန္မာမင္း (၁၂၂) ပါး၏ ကံၾကမၼာက်မ္းစာအုပ္ျဖင့္ နကၡတ္ေဗဒပါရဂူဘြဲ႕ (၂) ခု ရရွိထားၿပီး ဆုသြားေရာက္ လက္ခံမရယူခင္ ကြယ္လြန္သြားျခင္းျဖစ္သည္။

ႏိုင္ငံေရးလႈပ္ရွားမႈ မင္းသိခၤသည္ ၁၉၆၅ မွ ၁၉၇၀ အထိ အင္းစိန္ေထာင္တြင္ အက်ဥ္းက်ခံခဲ့ရသည္။ ထိုအေၾကာင္းအရာႏွင့္ပတ္သက္၍ ဆရာမင္းသိခၤက အိုင္ဒီယာမဂၢဇင္း (၂၀၀၄ ဇန္နဝါရီလထုတ္)တြင္ ေအာက္ပါအတိုင္းေျပာျပထားသည္။ “ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္တယ္ေလ၊ အစိုးရနဲ႔ ေသာင္းက်န္းသူနဲ႔ လုပ္တဲ့အခါမွာ ကိုယ္ကၾကားထဲကတရားေဟာတယ္။

အဲဒီတုန္းက ျပည္သူ႔ေကာ္မတီဆိုတာေပါၿပီေလ။ ၿငိမ္းခ်မ္းေရးကို ျဖစ္ေအာင္လုပ္ပါ။ လူႀကီးေတြ အၫႊန္းေတြအတိုင္း တရားလိုက္ေဟာတယ္။ ၿငိမ္းခ်မ္းေရးလည္းၿပီးေရာ ေသာင္းက်န္းသူကေတာထဲျပန္တယ္၊ ကိုယ္တို႔ကျပန္စရာမရွိဘူး။ ဆြဲကုတ္လိုက္တာေပါ့။” မင္းသိခၤ၏ ေနာက္ဆုံးႏွစ္မ်ားတြင္ ေဗဒင္ေမးသည့္ပရိသတ္မ်ားႏွင့္ ကင္းေဝးေစေရးအတြက္ ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕နယ္၊ မရမ္းတလင္းေက်း႐ြာတြင္ သြားေရာက္ေနထိုင္ခဲ့သည္။

သို႔ေသာ္လည္း ၎ေနထိုင္ရာ အယူေတာ္မဂၤလာၿခံတြင္ ေဗဒင္ပရိသတ္မ်ားအဆက္မျပတ္ခဲ့ေပ။ “ႏိုင္ငံေရးေထာင္ထြက္ေတြ သူ႔ဆီသြားရင္ ေဗဒင္ေမးမယ့္လူေတြၾကားမွာ တန္းစီေစာင့္စရာမလိုဘူး၊ သူတပည့္ကိုေဂၚ ႏိုက္ (၅ည)လို႔ေျပာခိုင္းရင္ ခ်က္ခ်င္းေခၚေတြ႕တယ္” ဟု ႏိုင္ငံေရးအက်ဥ္းသားေဟာင္းတဦးက ဆိုသည္။ ၁၉၈၈ ခုႏွစ္ လူထုလႈပ္ရွားမႈအတြင္း ေဟာေျပာခ်က္မ်ားေၾကာင့္ စစ္အစိုးရက မင္းသိခၤကို အင္းစိန္ေထာင္အတြင္းသို႔ထပ္မံပို႔ေဆာင္ခဲ့သည္။

မိသားစုဘဝ ၁၉၅၇ ခုတြင္ မေအးေအးေ႐ႊႏွင့္ အိမ္ေထာင္က်သည္။ မေအးေအးေ႐ႊ၏ မိဘမ်ားက သေဘာမတူသျဖင့္ အိမ္ေထာင္ခြဲသည္။ ၁၉၆၀ ျပည့္တြင္ ေခ်ာက္ေနျမျမဝင္း (ခ) က်င္ဖုံႏွင့္ အေၾကာင္းဖက္သည္။ သားျဖစ္သူေမာင္ေမာင္သစ္ထြန္းကားသည္။ ၁၉၆၁ တြင္ မက်င္ဖုံႏွင့္ မိသားစုျပသနာမ်ားေၾကာင့္ကြဲသည္။ ၁၉၈၀ အလြန္တြင္ ခ်စ္သူေဟာင္း မေအးေအးေ႐ႊႏွင့္ ျပန္ေပါင္းျဖစ္သည္။

ဘဝနိဂုံ:၂၀၀၈ ဩဂုတ္လ ၁ ရက္ေန႔၊ နံနက္ ၆ နာရီ ၂ မိနစ္အခ်ိန္က ရန္ကုန္ၿမိဳ႕ရွိ သုခကမာၻအထူးကုေဆးခန္းတြင္ ကြယ္လြန္သည္။ မင္းသိခၤ၏ တပည့္ရင္းတဦးျဖစ္သူ မင္းသိမ္းခိုင္က မင္းသိခၤ၏ ေနာက္ဆုံးအခ်ိန္ႏွင့္ပတ္သက္၍ “ေဆး႐ုံကေန ျပန္ဆင္းလာၿပီးေတာ့ ၿခံကိုျပန္ေရာက္လာတယ္။

မေန႔ကမနက္ကမွ ထူးထူးဆန္းဆန္းစကားေတြေျပာတယ္။ ငါ ထြက္ေတာ့မယ္တဲ့။ ငါ့အခန္းထဲကိုပို႔တဲ့။ အခန္းထဲေရာက္တာနဲ႔ငါၿပီးၿပီတဲ့။ အဲလို႔ေျပာၿပီးအခန္းထဲ ဝင္သြားတယ္။

ဒီေနာက္႐ုတ္တရက္ အေျခအေနဆိုးလာလို႔ မေန႔ကမနက္က ေဆးခန္းကို ပို႔လိုက္တာ။ (၁) ရက္ပဲၾကာတယ္ ႏွလုံးရပ္ၿပီး ဆုံးသြားတာ” ဟု ဆိုသည္။ ၂၀၀၈ခုႏွစ္ ဩဂုတ္လ ၅ ရက္ေန႔ နံနက္ ၁၁ နာရီအခ်ိန္တြင္ ေရေဝးသုႆန္၌ ဂူသြင္းသၿဂႋဳဟ္သည္။

ဆရာႀကီးကြယ္လြန္ခ်ိန္တြင္ သားျဖစ္သူ ေမာင္ေမာင္သစ္၊ ညီျဖစ္သူ ဦးဝင္းေဇာ္(သစ္ေတာ)ႏွင့္ ညီမေဒၚသန္းႏုေအာင္တို႔သာက်န္ရစ္ခဲ့သည္။

CRD Han Lin Aung ေနာ္ဂဲလယ္ထူး(စာေပပရဟိတ)