မင်းသာချောပိုင်တံခွန် ပရိသတ်တွေကို အသိမပေးပဲ သာသနာ့ဘောင် ဝင်ရောက်သွားရခြင်းအကြောင်း

မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကိုခံရတဲ့ မင်းသားချော ပိုင်တံခွန်ကတော့ ကမ္ဘာအလည်မှာ မြန်မာဆိုတာကို ထင်ရှားစေသူ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး

ပိုင်တံခွန်က (၂၀၁၉) ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံနဲ့ အနုပညာလှုပ် ရှားမှုတွေများစွာပြုလုပ်ခဲ့သလို (၂၀၂၀) ခုနှစ်အတွင်းမှာလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေထိပါ ပေါက်ရောက်အောင် မြင်ခဲ့ပြီး TC Candler ရဲ့ The Most Handsome Face Of 2020 အဖြစ် နံပါတ် (၁၀) နေရာမှာ ဖော်ပြခံခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လည်း ပိုင်တံခွန်က လက်ရှိမှာ သူ့ရဲ့ခေတ်လို့ဆိုရလောက်အောင် အောင်မြင်မှုတွေ ဟုန်းဟုန်းတောက်ရရှိနေတာ ဖြစ်ပါတယ်။

အောင်မြင်မှုတွေ အများအပြားရရှိနေတဲ့ ပိုင်တံခွန်က သူ့ရဲ့ အောင်မြင်မှုအပေါ် ဂုဏ်ယူပေမယ့် အစွဲအလန်းမကြီးသူတစ်ယောက်ဖြစ် တာကို ဒီတစ်ခေါက် သူ့ရဲ့လုပ်ရပ်က သက်သေပြသွားခဲ့ပါပြီ။ ပိုင်တံခွန်က သူ့ကို ထင်ရှားစေတဲ့ အချက်တစ်ချက်ဖြစ်တဲ့ ဆံပင်ရှည်ကြီးကို စွန့်လွှတ်ပြီး သစ်တံခါးဆရာတော်ကြီးရဲ့ မေတ္တာရိပ် အောက်ခိုလှုံကာ ပရိသတ်တွေကို အသိမပေးပဲ သာသနာ့ဘောင်ထဲသို့ ခဏတာဝင်ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ လက်ရှိမှာ ဦးစန္ဒကုမာရ ဘွဲ့အမည်နဲ့ သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ပြီး တရားဘာဝနာတွေ အားထုတ်နေတာပဲ ဖြစ်ပါတယ်။ အများနဲ့မတူပဲ နှစ်သစ်ကို ကုသိုလ်တရားတွေနဲ့စတင်နိုင်ဖို့ မိသားစု ယုံကြည်ကိုးကွယ်တဲ့ သစ်တံခါး ဆရာ တော်ကြီးထံမှာ အေးချမ်းစွာ အားထုတ်လိုတာကြောင့် ပရိသတ်ကို အသိပေး ခဲ့ခြင်းမရှိပါဘူး။ပိုင်တံခွန်နဲ့အတူ အုပ်စိုးခန်ကြလည်း သစ်တံခါး ဆရာတော်ကြီး ရဲ့ သာသနာပြု လုပ်ငန်တွေမှာ ပါဝင်လုပ်အားပေးကုသိုလ်ယူနေတာပဲဖြစ်ပါတယ်။

ပိုင်င်တံခွန်တစ်ယောက် အေးချမ်းစွာ အားထုတ်နိုင်ပြီး မွန်မြတ်လှတဲ့ တရားထူး တရားမြတ်တွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi

မိန္းကေလးပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္အားေပးျခင္းကိုခံရတဲ့ မင္းသားေခ်ာ ပိုင္တံခြန္ကေတာ့ ကမာၻအလည္မွာ ျမန္မာဆိုတာကို ထင္ရွားေစသူ မင္းသားတစ္ေယာက္ဆိုလည္း မမွားပါဘူး

ပိုင္တံခြန္က (၂၀၁၉) ခုႏွစ္အတြင္းမွာ ထိုင္းႏိုင္ငံနဲ႔ အႏုပညာလႈပ္ ရွားမႈေတြမ်ားစြာျပဳလုပ္ခဲ့သလို (၂၀၂၀) ခုႏွစ္အတြင္းမွာလည္း အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ အေနာက္ႏိုင္ငံေတြထိပါ ေပါက္ေရာက္ေအာင္ ျမင္ခဲ့ၿပီး TC Candler ရဲ႕ The Most Handsome Face Of 2020 အျဖစ္ နံပါတ္ (၁၀) ေနရာမွာ ေဖာ္ျပခံခဲ့ရတာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ လည္း ပိုင္တံခြန္က လက္ရွိမွာ သူ႔ရဲ႕ေခတ္လို႔ဆိုရေလာက္ေအာင္ ေအာင္ျမင္မႈေတြ ဟုန္းဟုန္းေတာက္ရရွိေနတာ ျဖစ္ပါတယ္။

ေအာင္ျမင္မႈေတြ အမ်ားအျပားရရွိေနတဲ့ ပိုင္တံခြန္က သူ႔ရဲ႕ ေအာင္ျမင္မႈအေပၚ ဂုဏ္ယူေပမယ့္ အစြဲအလန္းမႀကီးသူတစ္ေယာက္ျဖစ္ တာကို ဒီတစ္ေခါက္ သူ႔ရဲ႕လုပ္ရပ္က သက္ေသျပသြားခဲ့ပါၿပီ။ ပိုင္တံခြန္က သူ႔ကို ထင္ရွားေစတဲ့ အခ်က္တစ္ခ်က္ျဖစ္တဲ့ ဆံပင္ရွည္ႀကီးကို စြန႔္လႊတ္ၿပီး သစ္တံခါးဆရာေတာ္ႀကီးရဲ႕ ေမတၱာရိပ္ ေအာက္ခိုလႈံကာ ပရိသတ္ေတြကို အသိမေပးပဲ သာသနာ့ေဘာင္ထဲသို႔ ခဏတာဝင္ေရာက္သြားခဲ့တာပဲ ျဖစ္ပါတယ္။

ပိုင္တံခြန္ကေတာ့ လက္ရွိမွာ ဦးစႏၵကုမာရ ဘြဲ႕အမည္နဲ႔ သာသနာ့ေဘာင္ထဲသို႔ ဝင္ေရာက္ၿပီး တရားဘာဝနာေတြ အားထုတ္ေနတာပဲ ျဖစ္ပါတယ္။ အမ်ားနဲ႔မတူပဲ ႏွစ္သစ္ကို ကုသိုလ္တရားေတြနဲ႔စတင္ႏိုင္ဖို႔ မိသားစု ယုံၾကည္ကိုးကြယ္တဲ့ သစ္တံခါး ဆရာ ေတာ္ႀကီးထံမွာ ေအးခ်မ္းစြာ အားထုတ္လိုတာေၾကာင့္ ပရိသတ္ကို အသိေပး ခဲ့ျခင္းမရွိပါဘူး။ပိုင္တံခြန္နဲ႔အတူ အုပ္စိုးခန္ၾကလည္း သစ္တံခါး ဆရာေတာ္ႀကီး ရဲ႕ သာသနာျပဳ လုပ္ငန္ေတြမွာ ပါဝင္လုပ္အားေပးကုသိုလ္ယူေနတာပဲျဖစ္ပါတယ္။

ပိုင္င္တံခြန္တစ္ေယာက္ ေအးခ်မ္းစြာ အားထုတ္ႏိုင္ၿပီး မြန္ျမတ္လွတဲ့ တရားထူး တရားျမတ္ေတြ ရရွိပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။