မင်းလှ ကပစ စက်ရုံ ၂ ခုတွင် ၂ ပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၄၅ ဦးရှိလာ

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်က စစ်ကောင်စီရဲ့ ကပစ စက်ရုံ ၂ ခုမှာ ဇူလိုင် ၂၀ ရက်နေ့ကနေသြဂုတ် ၃ ရက်နေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၄၅ ယောက်ရှိတယ်လို့ ပရဟိတအဖွဲ့တွေဆီကနေသိရပါတယ်။

ပိုးတွေ့လူနာတွေကတော့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေဖြစ်တဲ့ ကပစ (၂) က ၁၀၅ ယောက်၊ ကပစ (၁၀) က အယောက် ၄၀ ယောက်မှာ ကိုဗစ်-၁၉ ရောက်ဂါပိုးတွေ့ရှိခဲ့တာလို့ ပရဟိတအဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

မင်းလှမြို့နယ်အတွင်းမှာ သြဂုတ်လ ၃ ရက်နေ့ကလည်း ကပစ စက်ရုံ ၂ ရုံကဝန်ထမ်း ၈ ယောက်အပါအဝင် ကိုဗစ်ရောဂါပိုးတွေ့လူနာအယောက် ၃၀ တွေ့ရှိခဲ့ပြီး ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ကပစစက်ရုံတွေကပိုးတွေ့တဲ့လူနာတွေကို သက်ဆိုင်ရာစက်ရုံအလိုက် ကိုဗစ်ကုသရေးစင်တာတွေဖွင့်ပြီး ကုသပေးနေတယ်လို့ သိရပါတယ်။

ပြင်ပကပိုးတွေ့တဲ့လူနာတွေကိုတော့ မင်းလှမြို့ကိုဗစ်စင်တာ၊ မင်းလှမြို့ပြည်သူ့ဆေးရုံ၊ မလွန်ကိုဗစ်စင်တာ၊ ရေနံမတိုက်နယ်ဆေးရုံနဲ့ လင်းကယ်တိုက်နေဆေးရုံတွေမှာ ကုသပေးနေတယ်လို့ သိရပါတယ်။ညမင်းလှမြို့နယ်ထဲမှာ သြဂုတ် ၃ ရက်နေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁,၂၄၅ ယောက်နဲ့ သေဆုံးသူ ၂၈ ယောက်ရှိပြီလို့သိရပါတယ်။
Credit : DVD

Zawgyi

မေကြးတိုင္းေဒသႀကီး မင္းလွၿမိဳ႕နယ္က စစ္ေကာင္စီရဲ႕ ကပစ စက္႐ုံ ၂ ခုမွာ ဇူလိုင္ ၂၀ ရက္ေန႔ကေနၾသဂုတ္ ၃ ရက္ေန႔အထိ ကိုဗစ္ေရာဂါကူးစက္ခံရသူ ၁၄၅ ေယာက္ရွိတယ္လို႔ ပရဟိတအဖြဲ႕ေတြဆီကေနသိရပါတယ္။

ပိုးေတြ႕လူနာေတြကေတာ့ စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးစက္႐ုံေတြျဖစ္တဲ့ ကပစ (၂) က ၁၀၅ ေယာက္၊ ကပစ (၁၀) က အေယာက္ ၄၀ ေယာက္မွာ ကိုဗစ္-၁၉ ေရာက္ဂါပိုးေတြ႕ရွိခဲ့တာလို႔ ပရဟိတအဖြဲ႕ဝင္တစ္ေယာက္ကေျပာပါတယ္။

မင္းလွၿမိဳ႕နယ္အတြင္းမွာ ၾသဂုတ္လ ၃ ရက္ေန႔ကလည္း ကပစ စက္႐ုံ ၂ ႐ုံကဝန္ထမ္း ၈ ေယာက္အပါအဝင္ ကိုဗစ္ေရာဂါပိုးေတြ႕လူနာအေယာက္ ၃၀ ေတြ႕ရွိခဲ့ၿပီး ၃ ဦး ထပ္မံေသဆုံးခဲ့တယ္လို႔ဆိုပါတယ္။ ကပစစက္႐ုံေတြကပိုးေတြ႕တဲ့လူနာေတြကို သက္ဆိုင္ရာစက္႐ုံအလိုက္ ကိုဗစ္ကုသေရးစင္တာေတြဖြင့္ၿပီး ကုသေပးေနတယ္လို႔ သိရပါတယ္။

ျပင္ပကပိုးေတြ႕တဲ့လူနာေတြကိုေတာ့ မင္းလွၿမိဳ႕ကိုဗစ္စင္တာ၊ မင္းလွၿမိဳ႕ျပည္သူ႔ေဆး႐ုံ၊ မလြန္ကိုဗစ္စင္တာ၊ ေရနံမတိုက္နယ္ေဆး႐ုံနဲ႔ လင္းကယ္တိုက္ေနေဆး႐ုံေတြမွာ ကုသေပးေနတယ္လို႔ သိရပါတယ္။ညမင္းလွၿမိဳ႕နယ္ထဲမွာ ၾသဂုတ္ ၃ ရက္ေန႔အထိ ကိုဗစ္ေရာဂါကူးစက္ခံရသူ ၁,၂၄၅ ေယာက္နဲ႔ ေသဆုံးသူ ၂၈ ေယာက္ရွိၿပီလို႔သိရပါတယ္။
Credit : DVD