မင်းမော်ကွန်းက သူရောက်သင့်တဲ့နေရာကို ရောက်သွားတာကြောင့် တော်လှန်ရေးမှာ ပိုမိုအားဖြည့် ပါဝင်လာမှာပါလို့ ဟားငါးကောင်းအဖွဲ့ကပြော

မင်းမော်ကွန်းက သူရောက်သင့်တဲ့နေရာကို ရောက်သွားတာကြောင့် တော်လှန်ရေးမှာ ပိုမိုအားဖြည့် ပါဝင်လာမှာပါလို့ ဟားငါးကောင်းအဖွဲ့က လူရွှင်တော်တိုင်းကျော်က ပြောပြလာပါတယ်။ မင်းမော်ကွန်း သြစီရောက်သွားပေမယ့် သူ့အင်အားနဲ့ကြိုးစားပေးဦးမယ့် ရှယ်ပလန်တွေလာဦးမှာပါ။

ဟားငါးကောင်အဖွဲ့ကတော့ စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ပြည်သူတွေရှိရာဘက်ကို မျက်နှာမူပြီး မတရားမှုကို ဆန့်ကျင်တော်လှန်ဖို့ တောခိုခဲ့တဲ့ လူရွှင်တော်အဖွဲ့ပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ဝင်ထဲက တိုင်းကျော်ဟာလည်း တော်လှန်ရေးအတွက် ရဲရဲတောက်စိတ်ထားနဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း တိုင်းကျော်က သရုပ်ဆောင်မင်းမော်ကွန်း သြစတေးလျရောက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောလာတာကို တွေ့ရပါတယ်။တိုင်းကျော်က ” ကိုကျော်သြစီရောက်သွားပြီ ဆိုယုံလောက်နဲ့ဘဲ ဂေါင်းကြီးတို့ မျက်ရည်အကုန်မကျနဲ့ဦး ။ ရှယ်ပလန်တွေလာဦးမှာနော် သူ့အင်အားနဲ ကြိုးစားပြီးရှာပေးမဲ့ တော်လှန်းရေးအတွက် လိုအပ်နေတဲ့ ပရိဘောကတွေ ရှာပေးတော့မှာ အဲ့ကျမှအဝငိုနော် တိုင်းကား( ဟား၅ကောင် )” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။

တိုင်းကျော်နဲ့ မင်းမော်ကွန်းတို့ကတော့ အရင်ကတည်းက အနုပညာလောကထဲမှာ အတူတူကျင်လည် ခဲ့သူတွေဖြစ်သလို တော်လှန်ရေးကာလမှာလည်း ရည်မှန်းချက်ချင်း တူညီကြသူတွေပီပီ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ဖေးမပေးနေကြသူတွေပဲဖြစ်ပါတယ်။

ဘာပဲပြောပြောညပြည့်သူအချစ်တော် သရုပ်ဆောင်မင်းမော်ကွန်း ဩဇီရောက်သွားတာဟာ သူအတွက် ပိုပြီးလုံခြုံစိတ်ချရသလို့ တော်လှန်ရေးအတွက်လဲ ပိုမိုအာဖြည့်နိုင်မှာဖြသ်လို့ အားလုံးက ဝမ်းသားကြိုဆိုနေကြပါတယ်နော်။

Credit

Zawgyi

မင္းေမာ္ကြန္းက သူေရာက္သင့္တဲ့ေနရာကို ေရာက္သြားတာေၾကာင့္ ေတာ္လွန္ေရးမွာ ပိုမိုအားျဖည့္ ပါဝင္လာမွာပါလို႔ ဟားငါးေကာင္းအဖြဲ႕က လူ႐ႊင္ေတာ္တိုင္းေက်ာ္က ေျပာျပလာပါတယ္။ မင္းေမာ္ကြန္း ၾသစီေရာက္သြားေပမယ့္ သူ႔အင္အားနဲ႔ႀကိဳးစားေပးဦးမယ့္ ရွယ္ပလန္ေတြလာဦးမွာပါ။

ဟားငါးေကာင္အဖြဲ႕ကေတာ့ စစ္အာဏာသိမ္းမႈျဖစ္စဥ္မွာ ျပည္သူေတြရွိရာဘက္ကို မ်က္ႏွာမူၿပီး မတရားမႈကို ဆန႔္က်င္ေတာ္လွန္ဖို႔ ေတာခိုခဲ့တဲ့ လူ႐ႊင္ေတာ္အဖြဲ႕ပဲျဖစ္ပါတယ္။ ဟားငါးေကာင္အဖြဲ႕ဝင္ထဲက တိုင္းေက်ာ္ဟာလည္း ေတာ္လွန္ေရးအတြက္ ရဲရဲေတာက္စိတ္ထားနဲ႔ စစ္အာဏာရွင္ဆန႔္က်င္ေတာ္လွန္ေရး လုပ္ငန္းစဥ္ေတြမွာ ပါဝင္ေနလ်က္ရွိတာပဲျဖစ္ပါတယ္။

ဒီကေန႔မွာလည္း တိုင္းေက်ာ္က သ႐ုပ္ေဆာင္မင္းေမာ္ကြန္း ၾသစေတးလ်ေရာက္သြားတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ေျပာလာတာကို ေတြ႕ရပါတယ္။တိုင္းေက်ာ္က ” ကိုေက်ာ္ၾသစီေရာက္သြားၿပီ ဆိုယုံေလာက္နဲ႔ဘဲ ေဂါင္းႀကီးတို႔ မ်က္ရည္အကုန္မက်နဲ႔ဦး ။ ရွယ္ပလန္ေတြလာဦးမွာေနာ္ သူ႔အင္အားနဲ ႀကိဳးစားၿပီးရွာေပးမဲ့ ေတာ္လွန္းေရးအတြက္ လိုအပ္ေနတဲ့ ပရိေဘာကေတြ ရွာေပးေတာ့မွာ အဲ့က်မွအဝငိုေနာ္ တိုင္းကား( ဟား၅ေကာင္ )” ဆိုၿပီး သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာပဲျဖစ္ပါတယ္။

တိုင္းေက်ာ္နဲ႔ မင္းေမာ္ကြန္းတို႔ကေတာ့ အရင္ကတည္းက အႏုပညာေလာကထဲမွာ အတူတူက်င္လည္ ခဲ့သူေတြျဖစ္သလို ေတာ္လွန္ေရးကာလမွာလည္း ရည္မွန္းခ်က္ခ်င္း တူညီၾကသူေတြပီပီ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်င္းခ်င္း ေဖးမေပးေနၾကသူေတြပဲျဖစ္ပါတယ္။

ဘာပဲေျပာေျပာညျပည့္သူအခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းေမာ္ကြန္း ဩဇီေရာက္သြားတာဟာ သူအတြက္ ပိုၿပီးလုံၿခဳံစိတ္ခ်ရသလို႔ ေတာ္လွန္ေရးအတြက္လဲ ပိုမိုအာျဖည့္ႏိုင္မွာျဖသ္လို႔ အားလုံးက ဝမ္းသားႀကိဳဆိုေနၾကပါတယ္ေနာ္။

Credit