ဘောလုံးတောင်မထိဖူးဘဲ ဆယ်စုနှစ် ၂ ခုကြာ လစာလိမ်ယူခဲ့တဲ့ ဉာဏ်ကြီးရှင်

ဘရာဇီးလ်ဘောလုံးလောကရွှေခေတ်မှာ ကွင်းထဲကိုတောင် ခြေမချဖူးဘဲ ဘရာဇီးလ်နိုင်ငံရဲ့ အကြီးမားဆုံးကလပ်အသင်းတွေထဲကအချို့ကို ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ဆယ်စုနှစ် ၂ ခုကြာလှည့်ဖြားပြီး လစာလိမ်ယူခဲ့တဲ့ ကစားသမားတစ်ဦး ရှိခဲ့ဖူးပါတယ်။

ဒီအဖြစ်အပျက်ဟာ လူတော်တော်များများအတွက် ယုံကြည်နိုင်စရာမရှိဘဲ ရယ်မောစရာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အသစ်ထွက်လာတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ ‘ကိုင်ဆာ-ဘောလုံးကို ဘယ်တုန်းကမှမကစားခဲ့ဖူးတဲ့ အကောင်းဆုံးဘောလုံးသမား’ဆိုတဲ့ထဲမှာ ကိုင်ဆာလို့အသင်းဖော်တွေကို နာမည်လိမ်ပြောထားခဲ့တဲ့ ကားလို့စ်ဟန်းနရစ်ရာပိုဆိုဆိုတဲ့ ဘောလုံးလောကရဲ့ လူလိမ်ဝိဇ္ဇာအကြောင်းကို သိသွားရင်တော့ သဘောပေါက်သွားမှာပါ။

ဒါရိုက်တာလူးဝစ္စမိုင်းစ်က ထူးဆန်းအံ့သြဖွယ်ရာ လိမ်ညာလှည့်ဖြားခဲ့တဲ့ဇာတ်လမ်းကို GiveMeSport ကို အခုလိုပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ဒီဇာတ်လမ်းကို မယုံကြည်တာကြောင့် အရင်တုန်းက ဘယ်သူကမှရိုက်ဖို့ မကြိုးစားခဲ့ကြပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ မှတ်တမ်းရုပ်ရှင်ထဲမှာ ဘရာဇီးလ်အသင်းရဲ့ ၁၉၇၀ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ အသင်းခေါင်းဆောင် ကားလို့စ်အယ်လ်ဘာတိုတောရက်စ်က ကိုင်ဆာကိုတစ်နပ်စားကောင်အဖြစ် ဖော်ပြခဲ့ပြီး အဲဒါကိုငြင်းခုံဖို့ခက်ပါတယ်။

၁၉၈၀ ကျော်ကာလက ရီယိုဒီဂျနဲရိုးမြို့မှာ ဖလာမင်ဂို၊ ဘိုတာဖိုဂို၊ ဗက်စ်ကိုဒဂါးမား သို့မဟုတ်ဖလူးမီးနန့်စ်တို့လို မြို့ကြီးလေးမြို့ရဲ့ အသင်းကြီး ၄ သင်းအတွက် ကစားပေးရတဲ့ ကစားသမားဖြစ်လာပြီဆိုရင် လက်ညှိုးညွှန်ရာရေဖြစ်တဲ့အထိ ဘုန်းတန်ခိုးကြီးခဲ့ပါတယ်။ အဲဒါကိုသိနေခဲ့တဲ့ကိုင်ဆာက အဲဒီအသင်းတွေရဲ့ ကစားသမားဖြစ်လာချင်ခဲ့ပေမယ့် ဘောလုံးကစားရာမှာ သူကတော်တော်လေးကို ညံ့ဖျင်းပါတယ်။

အဲဒါကြောင့် ဘောလုံးသမားဖြစ်လာအောင် ကြိုးစားရမယ့်အစား ဖြတ်လမ်းနည်းကနေ မှင်သေသေနဲ့ လှည့်ဖြားခဲ့တယ်လို့ ဒါရိုက်တာမိုင်းစ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

“ရီနာတိုဂါအူချိုက ၈၀ ကျော်ကာလတွေရဲ့ ကြယ်ပွင့်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဘရာဇီးလ်သားတွေနဲ့ ခင်ဗျားပြောတဲ့အခါကျရင် သူတို့ကသူ့ကို ဇီကိုနဲ့တစ်တန်းတည်းထားပြောကြမှာပါ။ သူကဘရာဇီးလ်မှာ စူပါစတားဖြစ်ပြီး အရမ်းကြည့်ကောင်းတဲ့သူပါ။ အမြဲတမ်းသတင်းစာတွေရဲ့ ရှေ့ဆုံးမှာပါခဲ့ပြီး အခုထိလည်းပါနေတုန်းပဲ။ သူက ၈၀ ကျော်ကာလတွေရဲ့ ဒေးဗစ်ဘက်ခမ်းလိုမျိုးပါပဲ ။ ကိုင်ဆာရဲ့ပရော်ဖက်ရှင်နယ် ဘောလုံးလောကထဲကို ဝင်တဲ့နည်းလမ်းတွေထဲက တစ်နည်းက သူ့လိုမျိုးဟန်ဆောင်ခဲ့တာပါ။ ငယ်ရွယ်သေးတဲ့ ကိုင်ဆာရဲ့ပုံစံနဲ့ရီနာတိုနဲ့က တော်တော်လေးကိုဆင်တူပါတယ်”

“သူအသင်းတွေထဲကို လွတ်လွတ်လပ်လပ် ဝင်လို့ရခဲ့ပါတယ်။ သူအစားအစာတွေကို အလကားစားတယ်။ သူကရီနာတိုပါဆိုပြီး မရေမတွက်နိုင်တဲ့ မိန်းကလေးတွေနဲ့ ပျော်ပါးခဲ့လိမ့်မယ်။ နောက်ဆုံးမှာတော့ သူတို့ ၂ ယောက်တွေ့သွားခဲ့ပြီး အံ့အားသင့်စရာကောင်းစွာနဲ့ပဲ သူငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ်။ အဲဒီမှာပဲကိုင်ဆာက ဘရာဇီးလ်ဘောလုံးလောကရဲ့ ဒီလိုနာမည်ကြီးအကပ်နဲ့ မြင်းကိုချိုတပ်ပေးသလို ဖြစ်သွားခဲ့တာပဲ”

“သူတို့ကတကယ့် ညီအစ်ကိုတွေလိုဖြစ်လာပြီး ပါတီအတူတူလုပ်ခဲ့ကြသလို အားလပ်ရက်တွေလည်း အတူတူအပန်းဖြေခဲ့ကြပါတယ်။ သူကကစားသမားတွေလိုတာတွေ အကုန်လုပ်ပေးရတဲ့ ပြာတာလိုမျိုး ဖြစ်လာခဲ့တာပေါ့။ ဒါပေမယ့် ငွေသာမရတာ သူ ဘောလုံးကလပ်တွေထဲကို ဝင်ချင်တယ်ဆိုရင် အဲဒီအသင်းတွေဆီ လျှောက်သွား၊ အစမ်းကစားပြပြီး အဲဒီအသင်းတွေထဲက အချို့က သူ့ကိုစာချုပ်ကမ်းလှမ်းခဲ့ကြပါတယ်”လို့ မိုင်းစ်က ပြောပါတယ်။

ကိုင်ဆာဟာ အဲဒီအချိန်တုန်းက နာမည်အကြီးဆုံးလူတွေရဲ့ စကားအရ ဂုဏ်သိက္ခာအကြီးမားဆုံးအသင်းတွေထဲက အချို့အသင်းတွေမှာတောင် ဟန်ဆောင်ဇာတ်လမ်းတွေ ရိုက်ပြခဲ့ပါတယ်။ “ဘီဘီတိုက သူ့ကိုဖလာမင်ဂိုအသင်းကို ခေါ်သွားခဲ့ပြီး ကားလို့စ်အယ်လ်ဘာတိုတောရက်စ်ကို သူ့ကိုလေ့ကျင့်ပေးဖို့ ပြောခဲ့တယ်”လို့ မိုင်းစ်ကပြန်ပြောင်းပြောပြခဲ့ပါတယ်။ ကိုင်ဆာဟာပြီးတဲ့နောက်မှာ စာချုပ်ချုပ်ဆိုခြင်းခံခဲ့ရပြီး ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်မှာပဲ ဘောလုံးနဲ့မထိခင်မှာ ထူးခြားဆန်းကြယ်လှတဲ့ ကြွက်သားဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒီလို လှည့်ကွက်တွေ၊ ဖြတ်ထိုးဉာဏ်ကောင်းပြီး မျက်နှာပြောင်တိုက်တဲ့အကွက်တွေနဲ့ကိုင်ဆာဟာ ဥရောပ၊မက္ကဆီကိုနဲ့ အာဂျင်တီးနားနိုင်ငံက အသင်းတွေဆီလှည့်ပတ်လိမ်ညာခဲ့ပါတယ်။

ကိုင်ဆာဟာ ဘောလုံးကလပ်အသင်းတွေနဲ့ စာချုပ်ချုပ်ဆိုထားခဲ့ပေမယ့် ဘယ်တုန်းကမှဘောလုံးကိုမထိခဲ့ဘဲ ဒဏ်ရာရဟန်ဆောင်ပြီးနေနေခဲ့သလို အသင်းကရိပ်မိစပြုလာပြီဆိုရင်လည်း အခြားအသင်းကို အလျင်အမြန်ပြောင်းရွှေ့ပြီး ဆက်လက်လိမ်ညာလှည့်ဖြားခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို လက်ရှိအချိန်မှာတော့ Amazon, iTunes တို့မှာ အခကြေးငွေနဲ့ ဝယ်ယူကြည့်ရှုနိုင်ပြီဖြစ်ပြီး ဘောလုံးလောကရဲ့ လူလိမ်ဝိဇ္ဇာတစ်ယောက်အကြောင်းကို အပြည့်အစုံသိချင်ရင်တော့ မဖြစ်မနေ ကြည့်ရှုသင့်ပါတယ်။

Featured Photo: CNN

Zawgyi

ဘရာဇီးလ္ေဘာလုံးေလာကေ႐ႊေခတ္မွာ ကြင္းထဲကိုေတာင္ ေျခမခ်ဖူးဘဲ ဘရာဇီးလ္ႏိုင္ငံရဲ႕ အႀကီးမားဆုံးကလပ္အသင္းေတြထဲကအခ်ိဳ႕ကို ပေရာ္ဖက္ရွင္နယ္ကစားသမားအျဖစ္ ဆယ္စုႏွစ္ ၂ ခုၾကာလွည့္ျဖားၿပီး လစာလိမ္ယူခဲ့တဲ့ ကစားသမားတစ္ဦး ရွိခဲ့ဖူးပါတယ္။

ဒီအျဖစ္အပ်က္ဟာ လူေတာ္ေတာ္မ်ားမ်ားအတြက္ ယုံၾကည္ႏိုင္စရာမရွိဘဲ ရယ္ေမာစရာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ အသစ္ထြက္လာတဲ့ မွတ္တမ္း႐ုပ္ရွင္ျဖစ္တဲ့ ‘ကိုင္ဆာ-ေဘာလုံးကို ဘယ္တုန္းကမွမကစားခဲ့ဖူးတဲ့ အေကာင္းဆုံးေဘာလုံးသမား’ဆိုတဲ့ထဲမွာ ကိုင္ဆာလို႔အသင္းေဖာ္ေတြကို နာမည္လိမ္ေျပာထားခဲ့တဲ့ ကားလို႔စ္ဟန္းနရစ္ရာပိုဆိုဆိုတဲ့ ေဘာလုံးေလာကရဲ႕ လူလိမ္ဝိဇၨာအေၾကာင္းကို သိသြားရင္ေတာ့ သေဘာေပါက္သြားမွာပါ။

ဒါ႐ိုက္တာလူးဝစၥမိုင္းစ္က ထူးဆန္းအံ့ၾသဖြယ္ရာ လိမ္ညာလွည့္ျဖားခဲ့တဲ့ဇာတ္လမ္းကို GiveMeSport ကို အခုလိုေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ဒီဇာတ္လမ္းကို မယုံၾကည္တာေၾကာင့္ အရင္တုန္းက ဘယ္သူကမွ႐ိုက္ဖို႔ မႀကိဳးစားခဲ့ၾကပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ မွတ္တမ္း႐ုပ္ရွင္ထဲမွာ ဘရာဇီးလ္အသင္းရဲ႕ ၁၉၇၀ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ အသင္းေခါင္းေဆာင္ ကားလို႔စ္အယ္လ္ဘာတိုေတာရက္စ္က ကိုင္ဆာကိုတစ္နပ္စားေကာင္အျဖစ္ ေဖာ္ျပခဲ့ၿပီး အဲဒါကိုျငင္းခုံဖို႔ခက္ပါတယ္။

၁၉၈၀ ေက်ာ္ကာလက ရီယိုဒီဂ်နဲ႐ိုးၿမိဳ႕မွာ ဖလာမင္ဂို၊ ဘိုတာဖိုဂို၊ ဗက္စ္ကိုဒဂါးမား သို႔မဟုတ္ဖလူးမီးနန႔္စ္တို႔လို ၿမိဳ႕ႀကီးေလးၿမိဳ႕ရဲ႕ အသင္းႀကီး ၄ သင္းအတြက္ ကစားေပးရတဲ့ ကစားသမားျဖစ္လာၿပီဆိုရင္ လက္ညႇိဳးၫႊန္ရာေရျဖစ္တဲ့အထိ ဘုန္းတန္ခိုးႀကီးခဲ့ပါတယ္။ အဲဒါကိုသိေနခဲ့တဲ့ကိုင္ဆာက အဲဒီအသင္းေတြရဲ႕ ကစားသမားျဖစ္လာခ်င္ခဲ့ေပမယ့္ ေဘာလုံးကစားရာမွာ သူကေတာ္ေတာ္ေလးကို ညံ့ဖ်င္းပါတယ္။

အဲဒါေၾကာင့္ ေဘာလုံးသမားျဖစ္လာေအာင္ ႀကိဳးစားရမယ့္အစား ျဖတ္လမ္းနည္းကေန မွင္ေသေသနဲ႔ လွည့္ျဖားခဲ့တယ္လို႔ ဒါ႐ိုက္တာမိုင္းစ္က ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

“ရီနာတိုဂါအူခ်ိဳက ၈၀ ေက်ာ္ကာလေတြရဲ႕ ၾကယ္ပြင့္ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ဘရာဇီးလ္သားေတြနဲ႔ ခင္ဗ်ားေျပာတဲ့အခါက်ရင္ သူတို႔ကသူ႔ကို ဇီကိုနဲ႔တစ္တန္းတည္းထားေျပာၾကမွာပါ။ သူကဘရာဇီးလ္မွာ စူပါစတားျဖစ္ၿပီး အရမ္းၾကည့္ေကာင္းတဲ့သူပါ။ အၿမဲတမ္းသတင္းစာေတြရဲ႕ ေရွ႕ဆုံးမွာပါခဲ့ၿပီး အခုထိလည္းပါေနတုန္းပဲ။ သူက ၈၀ ေက်ာ္ကာလေတြရဲ႕ ေဒးဗစ္ဘက္ခမ္းလိုမ်ိဳးပါပဲ ။ ကိုင္ဆာရဲ႕ပေရာ္ဖက္ရွင္နယ္ ေဘာလုံးေလာကထဲကို ဝင္တဲ့နည္းလမ္းေတြထဲက တစ္နည္းက သူ႔လိုမ်ိဳးဟန္ေဆာင္ခဲ့တာပါ။ ငယ္႐ြယ္ေသးတဲ့ ကိုင္ဆာရဲ႕ပုံစံနဲ႔ရီနာတိုနဲ႔က ေတာ္ေတာ္ေလးကိုဆင္တူပါတယ္”

“သူအသင္းေတြထဲကို လြတ္လြတ္လပ္လပ္ ဝင္လို႔ရခဲ့ပါတယ္။ သူအစားအစာေတြကို အလကားစားတယ္။ သူကရီနာတိုပါဆိုၿပီး မေရမတြက္ႏိုင္တဲ့ မိန္းကေလးေတြနဲ႔ ေပ်ာ္ပါးခဲ့လိမ့္မယ္။ ေနာက္ဆုံးမွာေတာ့ သူတို႔ ၂ ေယာက္ေတြ႕သြားခဲ့ၿပီး အံ့အားသင့္စရာေကာင္းစြာနဲ႔ပဲ သူငယ္ခ်င္းေတြျဖစ္သြားခဲ့ၾကတယ္။ အဲဒီမွာပဲကိုင္ဆာက ဘရာဇီးလ္ေဘာလုံးေလာကရဲ႕ ဒီလိုနာမည္ႀကီးအကပ္နဲ႔ ျမင္းကိုခ်ိဳတပ္ေပးသလို ျဖစ္သြားခဲ့တာပဲ”

“သူတို႔ကတကယ့္ ညီအစ္ကိုေတြလိုျဖစ္လာၿပီး ပါတီအတူတူလုပ္ခဲ့ၾကသလို အားလပ္ရက္ေတြလည္း အတူတူအပန္းေျဖခဲ့ၾကပါတယ္။ သူကကစားသမားေတြလိုတာေတြ အကုန္လုပ္ေပးရတဲ့ ျပာတာလိုမ်ိဳး ျဖစ္လာခဲ့တာေပါ့။ ဒါေပမယ့္ ေငြသာမရတာ သူ ေဘာလုံးကလပ္ေတြထဲကို ဝင္ခ်င္တယ္ဆိုရင္ အဲဒီအသင္းေတြဆီ ေလွ်ာက္သြား၊ အစမ္းကစားျပၿပီး အဲဒီအသင္းေတြထဲက အခ်ိဳ႕က သူ႔ကိုစာခ်ဳပ္ကမ္းလွမ္းခဲ့ၾကပါတယ္”လို႔ မိုင္းစ္က ေျပာပါတယ္။

ကိုင္ဆာဟာ အဲဒီအခ်ိန္တုန္းက နာမည္အႀကီးဆုံးလူေတြရဲ႕ စကားအရ ဂုဏ္သိကၡာအႀကီးမားဆုံးအသင္းေတြထဲက အခ်ိဳ႕အသင္းေတြမွာေတာင္ ဟန္ေဆာင္ဇာတ္လမ္းေတြ ႐ိုက္ျပခဲ့ပါတယ္။ “ဘီဘီတိုက သူ႔ကိုဖလာမင္ဂိုအသင္းကို ေခၚသြားခဲ့ၿပီး ကားလို႔စ္အယ္လ္ဘာတိုေတာရက္စ္ကို သူ႔ကိုေလ့က်င့္ေပးဖို႔ ေျပာခဲ့တယ္”လို႔ မိုင္းစ္ကျပန္ေျပာင္းေျပာျပခဲ့ပါတယ္။ ကိုင္ဆာဟာၿပီးတဲ့ေနာက္မွာ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းခံခဲ့ရၿပီး ပထမဆုံး ေလ့က်င့္ေရးအစီအစဥ္မွာပဲ ေဘာလုံးနဲ႔မထိခင္မွာ ထူးျခားဆန္းၾကယ္လွတဲ့ ႂကြက္သားဒဏ္ရာရရွိသြားခဲ့ပါတယ္။ ဒီလို လွည့္ကြက္ေတြ၊ ျဖတ္ထိုးဉာဏ္ေကာင္းၿပီး မ်က္ႏွာေျပာင္တိုက္တဲ့အကြက္ေတြနဲ႔ကိုင္ဆာဟာ ဥေရာပ၊မကၠဆီကိုနဲ႔ အာဂ်င္တီးနားႏိုင္ငံက အသင္းေတြဆီလွည့္ပတ္လိမ္ညာခဲ့ပါတယ္။

ကိုင္ဆာဟာ ေဘာလုံးကလပ္အသင္းေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားခဲ့ေပမယ့္ ဘယ္တုန္းကမွေဘာလုံးကိုမထိခဲ့ဘဲ ဒဏ္ရာရဟန္ေဆာင္ၿပီးေနေနခဲ့သလို အသင္းကရိပ္မိစျပဳလာၿပီဆိုရင္လည္း အျခားအသင္းကို အလ်င္အျမန္ေျပာင္းေ႐ႊ႕ၿပီး ဆက္လက္လိမ္ညာလွည့္ျဖားခဲ့ပါတယ္။ ဒီမွတ္တမ္း႐ုပ္ရွင္ကို လက္ရွိအခ်ိန္မွာေတာ့ Amazon, iTunes တို႔မွာ အခေၾကးေငြနဲ႔ ဝယ္ယူၾကည့္ရႈႏိုင္ၿပီျဖစ္ၿပီး ေဘာလုံးေလာကရဲ႕ လူလိမ္ဝိဇၨာတစ္ေယာက္အေၾကာင္းကို အျပည့္အစုံသိခ်င္ရင္ေတာ့ မျဖစ္မေန ၾကည့္ရႈသင့္ပါတယ္။

Featured Photo: CNN