ဘုန်းဘုန်းတွေကျောင်းထိုင်မယ်ဆိုရင်ချက်ပြုတ်တတ်ဖို့လိုပြီး ဆွမ်းမပို့တဲ့ရွာအကြောင်း

ဆွမ်းမပို့တဲ့ရွာ( မြေပြန့်ဒေသတွေမှာတော့ ဆွမ်းကွမ်းကိစ္စအတွက်ကို ဒကာဒကာမတွေကတာဝန်ယူကြတာဟာ တာဝန်တစ်ရပ်လိုကိုဖြစ်နေပါပြီ ဗုဒ္ဓဘာသာရွာမှန်ရင် ဘုန်းတော်ကြီးတွေရဲ့ဆွမ်းကွမ်းကိစ္စအတွက်ကို ဒကာဒကာမတွေကဆွမ်းပို့ပေးပြီးတာဝန်ယူကြတာဟာ မြေပြန့်ဒေသတွေမှာတော့ဓလေ့ထုံးစံတစ်ခု၊ တာဝန်တစ်ရပ်လိုကိုဖြစ်နေပါပြီ။ ချင်းပြည်နယ်က တစ်ချို့သောရွာလေးတွေမှာတော့ မြေပြန့်ကသာသနာလာပြုတဲ့ရဟန်းတွေဟာ ဆွမ်းကွမ်းအတွက်ကိုကိုယ်တိုင်ချက်ပြီး ဘုဉ်းပေးကြရပါတယ်။ ဒါကလည်း ချင်းပြည်နယ်မှာသာသနာပြုတာဝန်ကျတဲ့ရဟန်းတော်တွေအတွက် အထူးအဆန်းတော့မဟုတ်ပါဘူး။ ချင်းပြည်နယ်တောင်ပိုင်းရဲ့ မြို့တွေဖြစ်တဲ့ ကန်ပက်လက်မြို့နယ်ထဲမှာဆို သာသနာပြုဌာနပေါင်း (၃၆)ဌာနရှိပြီး မင်းတပ်မြို့နယ်ထဲမှာဆိုရင်ဌာနပေါင်း (၅၀)ကျော်ရှိပါတယ်။

ကန်ပက်လက်မြို့နယ်ထဲမှာ ဒေသခံချင်းတိုင်းရင်းသားတွေက ဆွမ်းပို့တဲ့ရွာပေါင်း (၂၀)လောက်ရှိပြီး မင်းတပ်မြို့နယ်ထဲမှာလည်းကျောင်းပေါင်း(၂၀)လောက်ရှိပါတယ်။ ဆွမ်းမပို့လို့ကိုယ်တိုင်ချက်ဘုဉ်းပေးရတဲ့ရွာတွေကတော့ နှစ်မြို့နယ်ပေါင်း (၅၀)ကျော်ရှိတာမို့ အဲဒီရွာတွေမှာတာဝန်ကျတဲ့ဦးဇင်းတွေကတော့ ချက်တတ်သည်ဖြစ်စေ၊ မချက်တတ်သည်ဖြစ်စေ ချက်ပြုတ်နည်းကိုသင်ယူလေ့လာပြီး ဖြစ်သလိုချက်စားကြရတော့တာပါပဲ။ ကိုယ်ကတော့ မင်းတပ်နယ်ထဲကမဲင်းရွာရောက်တိုင်း သူငယ်ချင်းနဲ့အတူဝိုင်းဝန်းကူချက်လေ့ရှိပါတယ်။ ကိုယ့်ရွာကဒကာဒကာမတွေကဆွမ်းပို့တာကြောင့် ဆွမ်းကွမ်းအတွက်ဘာမှမပူရလို့ တစ်ခြားအလုပ်တွေ လုပ်ချိန်ပိုရပါတယ်။ စာရေးမလား၊ စာဖတ်မလား၊ ကျောင်းဝိုင်းသန့်ရှင်းရေးလုပ်မလား၊ ဘုရားတည်မလား၊ ကျောင်းဆောက်မလား၊ သစ်ပင်စိုက်မလား ကြိုက်တာလုပ်နိုင်ပါတယ်။

ဆွမ်းပို့ခြင်း၊မပို့ခြင်းက ဘယ်လောက်ကွာခြားသလဲဆိုတာကိုလည်း ကိုယ်တိုင်သိမြင်လာရပါတယ်။ ဆွမ်းကွမ်းချက်နေရတာနဲ့တင်ကို မနက်ပိုင်းတစ်ခုလုံးဟာ ကုန်မှန်းမသိကုန်သွားပါတယ်။ နောက်ပြီးရွာထဲကဒကာဒကာမတွေကဆွမ်းမပို့တော့ ကျောင်းကိုအရောက်အပေါက်နည်းပြီး ဗုဒ္ဓဘာသာရဟန်းသံဃာတွေနဲ့ထိတွေ့ခွင့် နည်းပါးတာကြောင့် လုံလောက်တဲ့ခင်မင်ရင်းနှီးမှု၊ လုံလောက်တဲ့ကြည်ညိုလေးစားမှုလည်း နည်းပါးလှပါတယ်။ ဆွမ်းပို့တဲ့ရွာတွေဆိုရင် ရဟန်းသံဃာတွေဘက်ကလည်း “ဪ…ဒီရွာထဲကဒကာဒကာမတွေလှူဒါန်းတဲ့ဆွမ်းကွမ်းကိုအမှီပြုပြီး ငါအသက်ရှင်ရပ်တည်နေရတယ်။ ငါ့အပေါ်မှာ ဒကာဒကာမတွေရဲ့ကျေးဇူးတွေရှိတယ်။ ဒါကြောင့်ငါနေချင်သလိုနေဖို့မသင့်ဘူး။ ငါလုပ်ချင်တာလုပ်ဖို့မသင့်ဘူး။ ငါ့အပေါ်ကျေးဇူးရှိလို့ သူတို့အပေါ်ကိုလည်းပြန်ပြီးကျေးဇူးပြုနိုင်ရင်ကောင်းမှာပဲ” ဆိုတဲ့ အတွေးတွေဟာ ရဟန်းတစ်ပါးရဲ့စိတ်ကိုပိုပြီးပီသစေပါတယ်။ ဆွမ်းမပို့တဲ့ရွာတွေမှာကျ ရဟန်းတွေနဲ့ဒကာဒကာမတွေဟာ ခပ်စိမ်းစိမ်းဆိုတော့ ကျေးဇူးဆိုတာလည်း သိပ်ပြီးမရှိလှသလိုပါပဲ။

ကျေးဇူးတွေနည်းပါးတော့ တစ်ဖက်နဲ့တစ်ဖက်ထောက်ထားငဲ့ညှာစရာတွေလည်းသိပ်မလိုကြလို့ ခပ်စိမ်းစိမ်းဟာခပ်စိမ်းစိမ်းပဲနေခဲ့ကြပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ကျေးဇူးတရားလေးတွေ အပြန်အလှန်ရှိမှသာလျှင် နေရထိုင်ရတာလည်းပိုပြီးပျော်မွေ့စရာကောင်းမယ်ထင်ပါတယ်။ ရဟန်းတွေဘက်ကလည်း “သူတို့ပို့တဲ့ဆွမ်းနဲ့ အသက်ရှင်နေထိုင်ရတဲ့ဘဝမို့ သူတို့ဟာငါ့ရဲ့ကျေးဇူးရှင်တွေပါလား”ဆိုတဲ့အသိမျိုးဝင်သင့်သလို လူတွေဘက်ကလည်း “ဦးဇင်းရှိလို့ဆွမ်းကွမ်းလှူရတာကြောင့် ဒါနကုသိုလ်တွေရတယ်။ ဦးဇင်းရှိလို့ဘုရားတည်ဖြစ်တယ်။ ကျောင်းဆောက်ဖြစ်တယ်” ဆိုတဲ့ အပြန်အလှန်ကျေးဇူးတရားလေးတွေရှိနေနိုင်ရင်တော့ ပိုကောင်းမယ် ထင်ပါတယ်။ ချင်းတောင်ပေါ်က ဆွမ်းမပို့တဲ့ရွာလေးတွေကိုလည်း အပြစ်မဆိုသာပါဘူး။ တကယ်တော့သူတို့ရွာလေးတွေဟာ ဗုဒ္ဓဘာသာသက်တမ်း အင်မတန် နုနယ်ကြပါသေးတယ်။

ရွာထဲမှာခရစ်ယာန်တစ်ဝက်၊ ဗုဒ္ဓဘာသာတစ်ဝက်မို့ ဗုဒ္ဓဘာသာကလည်း ခရစ်ယာန်ထဲအချိန်မရွေးဝင်သွားနိုင်သလို ခရစ်ယာန်ကလည်းဗုဒ္ဓဘာသာထဲကို အချိန်မရွေး ဝင်လာနိုင်ပါတယ်။ သူတို့လေးတွေမှာ ဘာသာရေးနဲ့ပတ်သက်ပြီး ခံစားချက်သိပ်မရှိကြတာကိုလည်းတွေ့ရပါတယ်။ လူသာသနာပြုပုဂ္ဂိုလ်နဲ့မတည့်လို့ ခရစ်ယာန်ထဲ ပြောင်းသွားရတာနဲ့၊ ဘုန်းကြီးနဲ့မရင်းနှီးလို့ တစ်ခြားဘာသာထဲပြောင်းသွားရတာနဲ့။ သူတို့အတွက်ကတော့ ဘာသာတစ်ခုကနေတစ်ခုကိုကူးပြောင်းကိုးကွယ်ဖို့က ရေသောက်သလောက်တောင်ခက်ပုံမရပါဘူး။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာသက်တမ်းနုသေးတဲ့ ချင်းတောင်ပေါ်ကရွာလေးတွေမှာ ဆွမ်းကွမ်းကိုကိုယ်တိုင်ချက်ပြီး ဘုဉ်းပေးရပ်တည်နေရတဲ့သူငယ်ချင်း၊ ညီတော်၊ နောင်တော်အားလုံးကိုလေးစားမိပါကြောင်း…။

မောင်ခေမိန်(မကွေး)

Zawgyi

ဆြမ္းမပို႔တဲ့႐ြာ( ေျမျပန႔္ေဒသေတြမွာေတာ့ ဆြမ္းကြမ္းကိစၥအတြက္ကို ဒကာဒကာမေတြကတာဝန္ယူၾကတာဟာ တာဝန္တစ္ရပ္လိုကိုျဖစ္ေနပါၿပီ ဗုဒၶဘာသာ႐ြာမွန္ရင္ ဘုန္းေတာ္ႀကီးေတြရဲ႕ဆြမ္းကြမ္းကိစၥအတြက္ကို ဒကာဒကာမေတြကဆြမ္းပို႔ေပးၿပီးတာဝန္ယူၾကတာဟာ ေျမျပန႔္ေဒသေတြမွာေတာ့ဓေလ့ထုံးစံတစ္ခု၊ တာဝန္တစ္ရပ္လိုကိုျဖစ္ေနပါၿပီ။ ခ်င္းျပည္နယ္က တစ္ခ်ိဳ႕ေသာ႐ြာေလးေတြမွာေတာ့ ေျမျပန႔္ကသာသနာလာျပဳတဲ့ရဟန္းေတြဟာ ဆြမ္းကြမ္းအတြက္ကိုကိုယ္တိုင္ခ်က္ၿပီး ဘုဥ္းေပးၾကရပါတယ္။ ဒါကလည္း ခ်င္းျပည္နယ္မွာသာသနာျပဳတာဝန္က်တဲ့ရဟန္းေတာ္ေတြအတြက္ အထူးအဆန္းေတာ့မဟုတ္ပါဘူး။ ခ်င္းျပည္နယ္ေတာင္ပိုင္းရဲ႕ ၿမိဳ႕ေတြျဖစ္တဲ့ ကန္ပက္လက္ၿမိဳ႕နယ္ထဲမွာဆို သာသနာျပဳဌာနေပါင္း (၃၆)ဌာနရွိၿပီး မင္းတပ္ၿမိဳ႕နယ္ထဲမွာဆိုရင္ဌာနေပါင္း (၅၀)ေက်ာ္ရွိပါတယ္။

 

ကန္ပက္လက္ၿမိဳ႕နယ္ထဲမွာ ေဒသခံခ်င္းတိုင္းရင္းသားေတြက ဆြမ္းပို႔တဲ့႐ြာေပါင္း (၂၀)ေလာက္ရွိၿပီး မင္းတပ္ၿမိဳ႕နယ္ထဲမွာလည္းေက်ာင္းေပါင္း(၂၀)ေလာက္ရွိပါတယ္။ ဆြမ္းမပို႔လို႔ကိုယ္တိုင္ခ်က္ဘုဥ္းေပးရတဲ့႐ြာေတြကေတာ့ ႏွစ္ၿမိဳ႕နယ္ေပါင္း (၅၀)ေက်ာ္ရွိတာမို႔ အဲဒီ႐ြာေတြမွာတာဝန္က်တဲ့ဦးဇင္းေတြကေတာ့ ခ်က္တတ္သည္ျဖစ္ေစ၊ မခ်က္တတ္သည္ျဖစ္ေစ ခ်က္ျပဳတ္နည္းကိုသင္ယူေလ့လာၿပီး ျဖစ္သလိုခ်က္စားၾကရေတာ့တာပါပဲ။ ကိုယ္ကေတာ့ မင္းတပ္နယ္ထဲကမဲင္း႐ြာေရာက္တိုင္း သူငယ္ခ်င္းနဲ႔အတူဝိုင္းဝန္းကူခ်က္ေလ့ရွိပါတယ္။ ကိုယ့္႐ြာကဒကာဒကာမေတြကဆြမ္းပို႔တာေၾကာင့္ ဆြမ္းကြမ္းအတြက္ဘာမွမပူရလို႔ တစ္ျခားအလုပ္ေတြ လုပ္ခ်ိန္ပိုရပါတယ္။ စာေရးမလား၊ စာဖတ္မလား၊ ေက်ာင္းဝိုင္းသန႔္ရွင္းေရးလုပ္မလား၊ ဘုရားတည္မလား၊ ေက်ာင္းေဆာက္မလား၊ သစ္ပင္စိုက္မလား ႀကိဳက္တာလုပ္ႏိုင္ပါတယ္။

ဆြမ္းပို႔ျခင္း၊မပို႔ျခင္းက ဘယ္ေလာက္ကြာျခားသလဲဆိုတာကိုလည္း ကိုယ္တိုင္သိျမင္လာရပါတယ္။ ဆြမ္းကြမ္းခ်က္ေနရတာနဲ႔တင္ကို မနက္ပိုင္းတစ္ခုလုံးဟာ ကုန္မွန္းမသိကုန္သြားပါတယ္။ ေနာက္ၿပီး႐ြာထဲကဒကာဒကာမေတြကဆြမ္းမပို႔ေတာ့ ေက်ာင္းကိုအေရာက္အေပါက္နည္းၿပီး ဗုဒၶဘာသာရဟန္းသံဃာေတြနဲ႔ထိေတြ႕ခြင့္ နည္းပါးတာေၾကာင့္ လုံေလာက္တဲ့ခင္မင္ရင္းႏွီးမႈ၊ လုံေလာက္တဲ့ၾကည္ညိဳေလးစားမႈလည္း နည္းပါးလွပါတယ္။ ဆြမ္းပို႔တဲ့႐ြာေတြဆိုရင္ ရဟန္းသံဃာေတြဘက္ကလည္း “ဪ…ဒီ႐ြာထဲကဒကာဒကာမေတြလႉဒါန္းတဲ့ဆြမ္းကြမ္းကိုအမွီျပဳၿပီး ငါအသက္ရွင္ရပ္တည္ေနရတယ္။ ငါ့အေပၚမွာ ဒကာဒကာမေတြရဲ႕ေက်းဇူးေတြရွိတယ္။ ဒါေၾကာင့္ငါေနခ်င္သလိုေနဖို႔မသင့္ဘူး။ ငါလုပ္ခ်င္တာလုပ္ဖို႔မသင့္ဘူး။ ငါ့အေပၚေက်းဇူးရွိလို႔ သူတို႔အေပၚကိုလည္းျပန္ၿပီးေက်းဇူးျပဳႏိုင္ရင္ေကာင္းမွာပဲ” ဆိုတဲ့ အေတြးေတြဟာ ရဟန္းတစ္ပါးရဲ႕စိတ္ကိုပိုၿပီးပီသေစပါတယ္။ ဆြမ္းမပို႔တဲ့႐ြာေတြမွာက် ရဟန္းေတြနဲ႔ဒကာဒကာမေတြဟာ ခပ္စိမ္းစိမ္းဆိုေတာ့ ေက်းဇူးဆိုတာလည္း သိပ္ၿပီးမရွိလွသလိုပါပဲ။

ေက်းဇူးေတြနည္းပါးေတာ့ တစ္ဖက္နဲ႔တစ္ဖက္ေထာက္ထားငဲ့ညႇာစရာေတြလည္းသိပ္မလိုၾကလို႔ ခပ္စိမ္းစိမ္းဟာခပ္စိမ္းစိမ္းပဲေနခဲ့ၾကပါတယ္။ တစ္ဖက္နဲ႔တစ္ဖက္ ေက်းဇူးတရားေလးေတြ အျပန္အလွန္ရွိမွသာလွ်င္ ေနရထိုင္ရတာလည္းပိုၿပီးေပ်ာ္ေမြ႕စရာေကာင္းမယ္ထင္ပါတယ္။ ရဟန္းေတြဘက္ကလည္း “သူတို႔ပို႔တဲ့ဆြမ္းနဲ႔ အသက္ရွင္ေနထိုင္ရတဲ့ဘဝမို႔ သူတို႔ဟာငါ့ရဲ႕ေက်းဇူးရွင္ေတြပါလား”ဆိုတဲ့အသိမ်ိဳးဝင္သင့္သလို လူေတြဘက္ကလည္း “ဦးဇင္းရွိလို႔ဆြမ္းကြမ္းလႉရတာေၾကာင့္ ဒါနကုသိုလ္ေတြရတယ္။ ဦးဇင္းရွိလို႔ဘုရားတည္ျဖစ္တယ္။ ေက်ာင္းေဆာက္ျဖစ္တယ္” ဆိုတဲ့ အျပန္အလွန္ေက်းဇူးတရားေလးေတြရွိေနႏိုင္ရင္ေတာ့ ပိုေကာင္းမယ္ ထင္ပါတယ္။ ခ်င္းေတာင္ေပၚက ဆြမ္းမပို႔တဲ့႐ြာေလးေတြကိုလည္း အျပစ္မဆိုသာပါဘူး။ တကယ္ေတာ့သူတို႔႐ြာေလးေတြဟာ ဗုဒၶဘာသာသက္တမ္း အင္မတန္ ႏုနယ္ၾကပါေသးတယ္။

႐ြာထဲမွာခရစ္ယာန္တစ္ဝက္၊ ဗုဒၶဘာသာတစ္ဝက္မို႔ ဗုဒၶဘာသာကလည္း ခရစ္ယာန္ထဲအခ်ိန္မေ႐ြးဝင္သြားႏိုင္သလို ခရစ္ယာန္ကလည္းဗုဒၶဘာသာထဲကို အခ်ိန္မေ႐ြး ဝင္လာႏိုင္ပါတယ္။ သူတို႔ေလးေတြမွာ ဘာသာေရးနဲ႔ပတ္သက္ၿပီး ခံစားခ်က္သိပ္မရွိၾကတာကိုလည္းေတြ႕ရပါတယ္။ လူသာသနာျပဳပုဂၢိဳလ္နဲ႔မတည့္လို႔ ခရစ္ယာန္ထဲ ေျပာင္းသြားရတာနဲ႔၊ ဘုန္းႀကီးနဲ႔မရင္းႏွီးလို႔ တစ္ျခားဘာသာထဲေျပာင္းသြားရတာနဲ႔။ သူတို႔အတြက္ကေတာ့ ဘာသာတစ္ခုကေနတစ္ခုကိုကူးေျပာင္းကိုးကြယ္ဖို႔က ေရေသာက္သေလာက္ေတာင္ခက္ပုံမရပါဘူး။ ဘာေတြဘယ္လိုပဲျဖစ္ျဖစ္ ဗုဒၶဘာသာသက္တမ္းႏုေသးတဲ့ ခ်င္းေတာင္ေပၚက႐ြာေလးေတြမွာ ဆြမ္းကြမ္းကိုကိုယ္တိုင္ခ်က္ၿပီး ဘုဥ္းေပးရပ္တည္ေနရတဲ့သူငယ္ခ်င္း၊ ညီေတာ္၊ ေနာင္ေတာ္အားလုံးကိုေလးစားမိပါေၾကာင္း…။

ေမာင္ေခမိန္(မေကြး)