ဘဝတွေရင်း အချိန်တွေရင်းနေရတဲ့ အောက်ခြေရဲဘော်လေးတွေကိုသနားပါ

ရဲဘော်လေးတစ်ယောက် လမ်းကင်းစောင့်နေတယ်…။ မကြာခင်ကားတစ်စီးဖြတ်လာပြီး ကားပေါ်ကသက်တူရွယ်တူကောင်လေးတစ်ယောက်က လှမ်းကြည့်တယ်။ရဲဘော်လေးပြုံးပြတယ်။ နောက်တစ်ခါကားတစ်စီးပေါ်ကကောင်မလေးတွေက လှမ်းကြည့်သွားတယ်။ ရဲဘော်လေးပြုံးပြတုန်းပဲ။

 

ခနကြာတော့ တောင်ယာသွားမယ့်ကောင်လေးတစ်ယောက် ဆိုင်ကယ်နဲ့ဖြတ်သွားရင်းလှမ်း ကြည့်ပြန်တယ်။ ရဲဘော်လေးပြုံးပြစမြဲပဲ…။ နေ့တစ်ပိုင်းလောက်ကြာတော့ ယဉ်တန်းတွေတစ်စီးပြီးတစ်စီးဖြတ်တယ် ရဲဘော်လေးလက်တင်အလေးပြုတယ်။ ကားတွေကုန်သွားတဲ့အချိန်မှာ လမ်းကင်းကပြန် တောအုပ်ထဲဝင် ခေတ္တနားတဲ့နေရာကိုသွားပြီး ထမင်းချက်စရာရှိတာချက်…။ အိပ်ဖို့ပြင်ဆင်ပြီး နောက်တစ်နေ့ဘယ်ကိုသွားရမလဲ ဘယ်ထိသွားရမလဲ ဘာလုပ်ရမလဲဆိုတာတွေးတောရင်းအားမွေးရန်အိပ်ဖို့ပြင်တယ်။

ပထမဆုံးကားပေါ်က သက်တူရွယ်တူကောင်လေးက အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်မယ့် လူတစ်ယောက်။ ဒုတိယကားပေါ်က ကောင်မလေးတွေကနိုင်ငံခြားကိုပညာတော်သင်သွားပြီး ထူးထူးချွန်ချွန်အောင်မြင်ကြမယ့် ပညာရှင်တွေ။ နောက်ဆုံးတောင်ယာသွားတဲ့ကောင်လေးက တောင်ယာလုပ်ရင်း ဇနီးနဲ့ဒိုးတူပေါင်ဖက်လုပ်စားပြီး အေးအေးချမ်းချမ်းနေသွားမယ့်လူတစ်ယောက်။ နောက်၅နှစ်ကြာတဲ့အခါ သူတို့အားလုံးအဲ့ဒီလမ်းကို အကြောင်းကိစ္စတစ်ခုခုနဲ့ဖြတ်သွားကြပြန်တယ်။

အရင်နေရာလေးမှာပဲ သူတို့အမှတ်မထင်တွေခဲ့တဲ့ ရဲဘော်လေးလည်းရှိနေတုန်းပဲ အရင်အတိုင်းပဲပြုံးပြမြဲ အရင်အတိုင်းပဲ ယဉ်တန်းတွေလာရင်အလေးပြုမြဲ အရင်လိုပဲအားလုံးပြီးသွားရင် ကျောပိုးအိတ်လေးကောက်လွယ်ပြီ းတောအုပ်ထဲပြန်ဝင်သွားမြဲ တစ်ချို့ဘဝတွေက အချိန်တွေရင်း ဘဝတွေပေးပြီး တိုင်းပြည်အတွက် ပေးဆပ်ချစ်နေကြတဲ့ဘဝတွေရှိတယ် ဒီလောက်ဘဝတွေအချိန်တွေပေးဆပ်ပြီး တိုင်းပြည်အတွက်ရင်းခဲ့ရသမျှ တစ်ချို့အရပ်သားတွေရဲ့ နှတ်ခါးတဲ့ဒဏ်လဲခံနေကြရတယ်။

သူတို့လေးတွေလို မပေးဆပ်နိင်ရင် သူတို့လေးတွေလိုမစွန့်လွှတ်နိင်ရင် သူတို့လေးတွေလို တိုင်းပြည်ကိုအသက်ပေးပြီး မချစ်ရဲရင် သူတို့လေးတွေကို လမ်းမှာတွေ့ရင်တောင်မမြင်ချင်ယောင်ဆောင်သွားပါ။ သင်တို့တွေရဲ့နှုတ်စကားခါးသီးတဲ့ဒဏ်မခံရရင် သင်တို့တွေသူတို့ဘဝကို မမြင်တာမှသာ၍ သူတို့အတွက်အေးချမ်းပါတယ်လေ

နန်းသိင်္ဂီနွယ်

Zawgyi
ရဲေဘာ္ေလးတစ္ေယာက္ လမ္းကင္းေစာင့္ေနတယ္…။ မၾကာခင္ကားတစ္စီးျဖတ္လာၿပီး ကားေပၚကသက္တူ႐ြယ္တူေကာင္ေလးတစ္ေယာက္က လွမ္းၾကည့္တယ္။ရဲေဘာ္ေလးၿပဳံးျပတယ္။ ေနာက္တစ္ခါကားတစ္စီးေပၚကေကာင္မေလးေတြက လွမ္းၾကည့္သြားတယ္။ ရဲေဘာ္ေလးၿပဳံးျပတုန္းပဲ။

ခနၾကာေတာ့ ေတာင္ယာသြားမယ့္ေကာင္ေလးတစ္ေယာက္ ဆိုင္ကယ္နဲ႔ျဖတ္သြားရင္းလွမ္း ၾကည့္ျပန္တယ္။ ရဲေဘာ္ေလးၿပဳံးျပစၿမဲပဲ…။ ေန႔တစ္ပိုင္းေလာက္ၾကာေတာ့ ယဥ္တန္းေတြတစ္စီးၿပီးတစ္စီးျဖတ္တယ္ ရဲေဘာ္ေလးလက္တင္အေလးျပဳတယ္။ ကားေတြကုန္သြားတဲ့အခ်ိန္မွာ လမ္းကင္းကျပန္ ေတာအုပ္ထဲဝင္ ေခတၱနားတဲ့ေနရာကိုသြားၿပီး ထမင္းခ်က္စရာရွိတာခ်က္…။ အိပ္ဖို႔ျပင္ဆင္ၿပီး ေနာက္တစ္ေန႔ဘယ္ကိုသြားရမလဲ ဘယ္ထိသြားရမလဲ ဘာလုပ္ရမလဲဆိုတာေတြးေတာရင္းအားေမြးရန္အိပ္ဖို႔ျပင္တယ္။

ပထမဆုံးကားေပၚက သက္တူ႐ြယ္တူေကာင္ေလးက ေအာင္ျမင္ေနတဲ့စီးပြားေရးလုပ္ငန္းရွင္ျဖစ္မယ့္ လူတစ္ေယာက္။ ဒုတိယကားေပၚက ေကာင္မေလးေတြကႏိုင္ငံျခားကိုပညာေတာ္သင္သြားၿပီး ထူးထူးခြၽန္ခြၽန္ေအာင္ျမင္ၾကမယ့္ ပညာရွင္ေတြ။ ေနာက္ဆုံးေတာင္ယာသြားတဲ့ေကာင္ေလးက ေတာင္ယာလုပ္ရင္း ဇနီးနဲ႔ဒိုးတူေပါင္ဖက္လုပ္စားၿပီး ေအးေအးခ်မ္းခ်မ္းေနသြားမယ့္လူတစ္ေယာက္။ ေနာက္၅ႏွစ္ၾကာတဲ့အခါ သူတို႔အားလုံးအဲ့ဒီလမ္းကို အေၾကာင္းကိစၥတစ္ခုခုနဲ႔ျဖတ္သြားၾကျပန္တယ္။

အရင္ေနရာေလးမွာပဲ သူတို႔အမွတ္မထင္ေတြခဲ့တဲ့ ရဲေဘာ္ေလးလည္းရွိေနတုန္းပဲ အရင္အတိုင္းပဲၿပဳံးျပၿမဲ အရင္အတိုင္းပဲ ယဥ္တန္းေတြလာရင္အေလးျပဳၿမဲ အရင္လိုပဲအားလုံးၿပီးသြားရင္ ေက်ာပိုးအိတ္ေလးေကာက္လြယ္ၿပီ းေတာအုပ္ထဲျပန္ဝင္သြားၿမဲ တစ္ခ်ိဳ႕ဘဝေတြက အခ်ိန္ေတြရင္း ဘဝေတြေပးၿပီး တိုင္းျပည္အတြက္ ေပးဆပ္ခ်စ္ေနၾကတဲ့ဘဝေတြရွိတယ္ ဒီေလာက္ဘဝေတြအခ်ိန္ေတြေပးဆပ္ၿပီး တိုင္းျပည္အတြက္ရင္းခဲ့ရသမွ် တစ္ခ်ိဳ႕အရပ္သားေတြရဲ႕ ႏွတ္ခါးတဲ့ဒဏ္လဲခံေနၾကရတယ္။ သူတို႔ေလးေတြလို မေပးဆပ္နိင္ရင္ သူတို႔ေလးေတြလိုမစြန႔္လႊတ္နိင္ရင္ သူတို႔ေလးေတြလို တိုင္းျပည္ကိုအသက္ေပးၿပီး မခ်စ္ရဲရင္ သူတို႔ေလးေတြကို လမ္းမွာေတြ႕ရင္ေတာင္မျမင္ခ်င္ေယာင္ေဆာင္သြားပါ။ သင္တို႔ေတြရဲ႕ႏႈတ္စကားခါးသီးတဲ့ဒဏ္မခံရရင္ သင္တို႔ေတြသူတို႔ဘဝကို မျမင္တာမွသာ၍ သူတို႔အတြက္ေအးခ်မ္းပါတယ္ေလ

နန္းသိဂႌႏြယ္