ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ်ဆိုတဲ့ တလားခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ အံ့ဖွယ်ဆင်စွယ်ကြီး

ထိုင်း မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းမှာ လေးတောခိုကျေးရွာမှာနေထိုင်နေတဲ့ တာလခုန်းဘာသာဝင်တွေဟာ သူတို့ရွာမှာ အထဋ်အမြတ်ထားပြီး ကိုးကွယ်တဲ့ ရှေးဟောင်းဆင်စွယ်တော်ကိုမသူတော်အချို့က သူတို့ပိုင်သလိုလိုဘာလိုလိုနဲ့ အကြောင်းအမျိုးမျိုးပြပြီးတော့ လာရောက်ယူဆောင်တာတွေရှိခဲ့တာပါတဲ့။

လေးတောခိုရွာ တည်ရှိတဲ့ ထိုင်း မြန်မာ နယ်စပ်ဖြစ်သော မြန်မာဖက်ခြမ်းမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တည်ရှိပါတယ်နော်။မသူတော်တွေက ဆင်စွယ်တောေေ ရခြား မြေခြားထိတိုင်အောင် ယူဆောင်သွားတာမျိုးလည်းရှိခဲ့ပါတယ်တဲ့။

ဒါပေမယ့်လည်း အချိန်တန်တော့လည်း မူလတည်နေရာကို ပြန်လည်လို့ရောက်လာတာက ထူးခြားမှုဖြစ်စဉ်တရပ်ဖြစ်တယ်လို့ ဒေသခံအချို့က သုံးသပ်ပြောဆိုကြတာပါ။သက်သတ်လွတ်စားတဲ့ တလာခုံးတွေ ကိုးကွယ်ကြသော ဆင်စွယ်တော်ကို အများပြည်သူတွေ မြင်တွေ့ရလေအောင် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်နော်။

လေးတောခိုရွာက တလာခုံးဘာသာဝင်တွေက လမ်းပန်းခရီးခက်ခဲလှတဲ့ တောကြီးမျက်မည်းထဲမှသီးသန့်ရွာတည်ပြီးတော့ နေထိုင်ကြတာဖြစ်ပါတယ်နော် ယလုမှာ လေးတောခိုမှာနေထိုင်ကြတဲ့ တလာခုံးဘာသာဝင်အများစုက ထိုင်းနိုင်ငံသားတွေဖြစ်နေကြပါပြီတဲ့။သူတို့ပြောတဲ့စကားဟာ ပိုးကရင်ဘာသာစကားပါ။တလာခုံးဘာသာဝင် ကရင်လူမျိုးတွေကို လူသိများစေတာက မီးပုံပွဲပူဇော်ကျင်းပတာဘဲဖြစ်ပါတယ်နော်။ မီးပုံပူဇော်တဲ့ပွဲတွေထဲမှာတော့ကရင်ပြည်နယ်ကျုံဒိုးမြို့က မီးပုံပူဇော်ပွဲဆိုရင် ထူးခြားတဲ့ဝိသေသတွေနဲ့အတူ မြန်မာနိုင်ငံမှာလဲ အထူးထင်ရှား လူသိများတာပါနော်။

မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါတယ်(ဓာတ်ပုံ – မူရင်းဓာတ်ပုံပညာရှင်(စာစု – ဘားအံသားစစ်စစ်)

Zawgyi

ထိုင္း ျမန္မာနယ္စပ္ ထိုင္းဘက္ျခမ္း တာ့ခ္ခ႐ိုင္ အုန္းဖန္ၿမိဳ႕နယ္အတြင္းမွာ ေလးေတာခိုေက်း႐ြာမွာေနထိုင္ေနတဲ့ တာလခုန္းဘာသာဝင္ေတြဟာ သူတို႔႐ြာမွာ အထဋ္အျမတ္ထားၿပီး

ကိုးကြယ္တဲ့ ေရွးေဟာင္းဆင္စြယ္ေတာ္ကိုမသူေတာ္အခ်ိဳ႕က သူတို႔ပိုင္သလိုလိုဘာလိုလိုနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီးေတာ့ လာေရာက္ယူေဆာင္တာေတြရွိခဲ့တာပါတဲ့။ေလးေတာခို႐ြာ တည္ရွိတဲ့ ထိုင္း ျမန္မာ နယ္စပ္ျဖစ္ေသာ ျမန္မာဖက္ျခမ္းမွာ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ တည္ရွိပါတယ္ေနာ္။မသူေတာ္ေတြက ဆင္စြယ္ေတာေေ ရျခား ေျမျခားထိတိုင္ေအာင္ ယူေဆာင္သြားတာမ်ိဳးလည္းရွိခဲ့ပါတယ္တဲ့။

ဒါေပမယ့္လည္း အခ်ိန္တန္ေတာ့လည္း မူလတည္ေနရာကို ျပန္လည္လို႔ေရာက္လာတာက ထူးျခားမႈျဖစ္စဥ္တရပ္ျဖစ္တယ္လို႔ ေဒသခံအခ်ိဳ႕က သုံးသပ္ေျပာဆိုၾကတာပါ။သက္သတ္လြတ္စားတဲ့ တလာခုံးေတြ ကိုးကြယ္ၾကေသာ ဆင္စြယ္ေတာ္ကို အမ်ားျပည္သူေတြ ျမင္ေတြ႕ရေလေအာင္ ေဖာ္ျပေပးလိုက္တာျဖစ္ပါတယ္ေနာ္။ေလးေတာခို႐ြာက တလာခုံးဘာသာဝင္ေတြက လမ္းပန္းခရီးခက္ခဲလွတဲ့ ေတာႀကီးမ်က္မည္းထဲမွသီးသန႔္႐ြာတည္ၿပီးေတာ့ ေနထိုင္ၾကတာျဖစ္ပါတယ္ေနာ္

ယလုမွာ ေလးေတာခိုမွာေနထိုင္ၾကတဲ့ တလာခုံးဘာသာဝင္အမ်ားစုက ထိုင္းႏိုင္ငံသားေတြျဖစ္ေနၾကပါၿပီတဲ့။သူတို႔ေျပာတဲ့စကားဟာ ပိုးကရင္ဘာသာစကားပါ။တလာခုံးဘာသာဝင္ ကရင္လူမ်ိဳးေတြကို လူသိမ်ားေစတာက မီးပုံပြဲပူေဇာ္က်င္းပတာဘဲျဖစ္ပါတယ္ေနာ္။ မီးပုံပူေဇာ္တဲ့ပြဲေတြထဲမွာေတာ့ကရင္ျပည္နယ္က်ဳံဒိုးၿမိဳ႕က မီးပုံပူေဇာ္ပြဲဆိုရင္ ထူးျခားတဲ့ဝိေသသေတြနဲ႔အတူ ျမန္မာႏိုင္ငံမွာလဲ အထူးထင္ရွား လူသိမ်ားတာပါေနာ္။

မူရင္းေရးသားသူအား ခရက္ဒစ္ေပးပါတယ္(ဓာတ္ပုံ – မူရင္းဓာတ္ပုံပညာရွင္(စာစု – ဘားအံသားစစ္စစ္)