ပွဲစားအား ဘတ် ၉ ထောင်ပေးပြီး နေရပ်ပြန်မည့် မြန်မာမိသားစု တောထဲတွင် အဖမ်းခံရ

ထိုင်းနိုင်ငံ အနောက်ပိုင်း ပရကျုတ်ခီရိခန်ခရိုင်ထဲမှာ ပွဲစားကို ဘတ် ၉ ထောင်ပေးပြီး နေရပ်ပြန်မယ့် မြန်မာမိသားတစု တောထဲမှာ အဖမ်းခံလိုက်ရတယ်လို့ ထိုင်း Thaicrime Online သတင်းမှာ ဖော်ပြပါတယ်။

ပရကျုတ်ခီရီခန်မြို့နယ် အောဝ်နွဲ့အုပ်စု ကရင်ရွာအစွန်ရှိ ရာဘာတောအုပ်ထဲမှာ မသင်္ကာ ဘွယ်လူတစ်စု ရောက်ရှိနေကြောင်း ရွာသားတွေ အကြောင်းကြားတဲ့အတွက် ဒီဇင်ဘာ ၂၃ ရက် မနက် ၄ နာရီလောက်က တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ တရားမဝင်ခရီးသွားတွေကို ဖမ်းဆီးရမိခဲ့တာလို့ နောင်ဆေရွာသူကြီးက သတင်းထောက်တွေကို ပြောပါတယ်။ သူတို့ ရာဘာထဲရောက်သွားချိန်မှာ အစက လူကြီး နဲ့ ကလေးအပါအဝင် စုစုပေါင်း ၅ ဦးကို တွေ့ခဲ့ပြီး လူဝင်လာတာသိတဲ့အတွက် အမျိုးသားတစ်ယောက်က မှောင်ရိပ်ခိုထွက်ပြေးသွား ခဲ့ပါတယ်။

ကျန်တဲ့ ၄ ယောက်မှာ အသက် ၃၀ နှစ်ရွယ် သန်းသန်းမေဆိုသူ မြန်မာအမျိုးသမီးနဲ့ ၁၀နှစ်ရွယ် ယောက်ျားလေး ၁ ယောက်၊ ၇ နှစ်ရွယ် မိန်းကလေး ၂ ယောက်တို့ဖြစ်ကြောင်း၊ သူတို့မိသားစုဟာ ချွန်းဖွန်းခရိုင် ပါထျူ့မြို့နယ်ရှိ ဆီအုန်းခြံက အလုပ်သမားတွေဖြစ်ပြီး တနင်္သာရီတိုင်း မြိတ်မြို့ကို ပြန်ပြီးအခြေချဖို့ ပွဲစားအဆက်အသွယ်နဲ့ ပြန်ခဲ့တာလို့ ဆိုပါတယ်။ ပို့ပေးခအနေနဲ့ ပွဲစားကို လူကြီးတစ်ယောက် ဘတ် ၃ ထောင်၊ ကလေးတစ်ယောက် ဘတ် ၂ ထောင်နှုန်းနဲ့ ဘတ် ၆ ထောင် စုစုပေါင်း ၉ ထောင်ပေးခဲ့ပြီး တောလမ်းမှ ခေါ်ဆောင်လာစဉ် အဖမ်းခံခဲ့ရကြောင်း၊ မှောင်ရိပ်ခို ထွက်ပြေးသွားသူမှာ လမ်းပြပွဲစားဖြစ်တယ်လို့ ပြောပါတယ်။

သူတို့သားအမိမှာ ထိုင်းကို ရောက်နေတာ ၆ နှစ်လောက်ရှိပြီဖြစ်ပြီး နေရပ်မှာပြန်အခြေချဖို့ အကြောင်းပေါ်လာလို့ ပြန်ခဲ့တာဖြစ်ကြောင်း၊ ထိုင်းမှာတော့ ခင်ပွန်းဖြစ်သူပဲ ကျန်ခဲ့တယ်လို့ သန်းသန်းမေက ပြောပါတယ်။ တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ် ၁၉ ဥပဒေနဲ့ အရေးယူပြီး နယ်စပ်တရားဝင်လမ်း ကြောင်းကနေ ပြန်ပို့ပေးဖို့ အလုပ်ရှင်ကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Zawgyi
ထိုင္းႏိုင္ငံ အေနာက္ပိုင္း ပရက်ဳတ္ခီရိခန္ခ႐ိုင္ထဲမွာ ပြဲစားကို ဘတ္ ၉ ေထာင္ေပးၿပီး ေနရပ္ျပန္မယ့္ ျမန္မာမိသားတစု ေတာထဲမွာ အဖမ္းခံလိုက္ရတယ္လို႔ ထိုင္း Thaicrime Online သတင္းမွာ ေဖာ္ျပပါတယ္။

ပရက်ဳတ္ခီရီခန္ၿမိဳ႕နယ္ ေအာဝ္ႏြဲ႕အုပ္စု ကရင္႐ြာအစြန္ရွိ ရာဘာေတာအုပ္ထဲမွာ မသကၤာ ဘြယ္လူတစ္စု ေရာက္ရွိေနေၾကာင္း ႐ြာသားေတြ အေၾကာင္းၾကားတဲ့အတြက္ ဒီဇင္ဘာ ၂၃ ရက္ မနက္ ၄ နာရီေလာက္က တာဝန္ရွိသူေတြနဲ႔အတူ သြားေရာက္စစ္ေဆးရာမွာ တရားမဝင္ခရီးသြားေတြကို ဖမ္းဆီးရမိခဲ့တာလို႔ ေနာင္ေဆ႐ြာသူႀကီးက သတင္းေထာက္ေတြကို ေျပာပါတယ္။ သူတို႔ ရာဘာထဲေရာက္သြားခ်ိန္မွာ အစက လူႀကီး နဲ႔ ကေလးအပါအဝင္ စုစုေပါင္း ၅ ဦးကို ေတြ႕ခဲ့ၿပီး လူဝင္လာတာသိတဲ့အတြက္ အမ်ိဳးသားတစ္ေယာက္က ေမွာင္ရိပ္ခိုထြက္ေျပးသြား ခဲ့ပါတယ္။

က်န္တဲ့ ၄ ေယာက္မွာ အသက္ ၃၀ ႏွစ္႐ြယ္ သန္းသန္းေမဆိုသူ ျမန္မာအမ်ိဳးသမီးနဲ႔ ၁၀ႏွစ္႐ြယ္ ေယာက္်ားေလး ၁ ေယာက္၊ ၇ ႏွစ္႐ြယ္ မိန္းကေလး ၂ ေယာက္တို႔ျဖစ္ေၾကာင္း၊ သူတို႔မိသားစုဟာ ခြၽန္းဖြန္းခ႐ိုင္ ပါထ်ဴ႕ၿမိဳ႕နယ္ရွိ ဆီအုန္းၿခံက အလုပ္သမားေတြျဖစ္ၿပီး တနသၤာရီတိုင္း ၿမိတ္ၿမိဳ႕ကို ျပန္ၿပီးအေျခခ်ဖို႔ ပြဲစားအဆက္အသြယ္နဲ႔ ျပန္ခဲ့တာလို႔ ဆိုပါတယ္။ ပို႔ေပးခအေနနဲ႔ ပြဲစားကို လူႀကီးတစ္ေယာက္ ဘတ္ ၃ ေထာင္၊ ကေလးတစ္ေယာက္ ဘတ္ ၂ ေထာင္ႏႈန္းနဲ႔ ဘတ္ ၆ ေထာင္ စုစုေပါင္း ၉ ေထာင္ေပးခဲ့ၿပီး ေတာလမ္းမွ ေခၚေဆာင္လာစဥ္ အဖမ္းခံခဲ့ရေၾကာင္း၊ ေမွာင္ရိပ္ခို ထြက္ေျပးသြားသူမွာ လမ္းျပပြဲစားျဖစ္တယ္လို႔ ေျပာပါတယ္။

သူတို႔သားအမိမွာ ထိုင္းကို ေရာက္ေနတာ ၆ ႏွစ္ေလာက္ရွိၿပီျဖစ္ၿပီး ေနရပ္မွာျပန္အေျခခ်ဖို႔ အေၾကာင္းေပၚလာလို႔ ျပန္ခဲ့တာျဖစ္ေၾကာင္း၊ ထိုင္းမွာေတာ့ ခင္ပြန္းျဖစ္သူပဲ က်န္ခဲ့တယ္လို႔ သန္းသန္းေမက ေျပာပါတယ္။ တာဝန္ရွိသူေတြက သူတို႔ကို ကိုဗစ္ ၁၉ ဥပေဒနဲ႔ အေရးယူၿပီး နယ္စပ္တရားဝင္လမ္း ေၾကာင္းကေန ျပန္ပို႔ေပးဖို႔ အလုပ္ရွင္ကို ဆက္သြယ္အေၾကာင္းၾကားထားတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။