ပြည်သူလိုချင်တဲ့အမတ်ဆိုတာ မသီရိလို ပြည်သူမြင်အောင်ချပြနိုင်ရမယ်

“အောင်နိုင်ရေးအတွက် အသုံးပြုဖို့ ခွဲတမ်းရရှိတဲ့ ငွေကို ဘီးလင်း ကိုဗစ်ထိန်းချုပ်ရေးသို့လှူဒါန်းခဲ့တဲ့ ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် မသီရိရတနာ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ်များ လစဉ် (၂၅)% စုဆောင်း ထားငွေများထဲမှ၂၀၂၀ရွေးကောက်ပွဲ ဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတွက် အောင်နိုင်ရေးမှာအသုံးပြုနိုင်စေဖို့ တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းကျပ်ကို အဖွဲ့ချုပ်ဗဟိုမှ ပေးအပ်ပါတယ်။

ကျမတို့ရဲ့ ဘီးလင်းမြို့နယ် မှာ ရောဂါကူးစက်ပြန့်ပွားနှုန်းများပြားနေတဲ့ ကာလဖြစ်နေတာကြောင့်ကျမအတွက် ရရှိတဲ့ ငွေ(၁၀)သိန်းကို အောင်နိုင်ရေး အတွက် အသုံးမပြုတော့ဘဲ ဘီးလင်းမြို့နယ်ရှိ ပြည်သူများ ကိုဗစ် ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာအသုံးပြုဖို့ ကျမရဲ့ မွေးနေ့အထိမ်း အမှတ်အဖြစ် မြို့နယ်အဆင့်ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံ သွားရောက်လှူဒါန်းခဲ့ပါပြီ။ ကျမရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ဘီးလင်းမြို့နယ် တစ်ခုလုံးအပါအဝင်တစ်နိုင်ငံလုံး ကူးစက်မြန် ကပ်ရောဂါမှ အမြန်ဆုံး ကင်းဝေးကြပါစေ

Credit – MaThiriYadanr

Zawgyi




Credit MaThiriYadanr