ပြည်သူကိုကာကွယ်ဖို့ နိုင်ငံတကာကို အားကိုးလို့မရတော့ကြောင်း NUG ကြေညာ

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကနေ မြန်မာပြည်သူလူထုကို ကူညီကာကွယ်ပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို အားကိုးလို့မရတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) က စက်တင်ဘာလ ၁၃ ရက် ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။

NUG အနေဖြင့် နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အသိအမှတ်ပြုပြီး ရည်မှန်းချက်အောင်မြင်ရေးအတွက် နိုင်ငံတကာဥပဒေတွေကို ဆက်လက်လိုက်နာသွားမှာဖြစ်သော်လည်း တဘက်မှာစစ်ကောင်စီဟာ နိုင်ငံအချို့ရဲ့ တရားဝင်ဖိတ်ကြားမှုနဲ့ နိုင်ငံတကာအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ရနေတဲ့အပြင် တချို့နိုင်ငံတွေနဲ့ စစ်ရေး၊ စီးပွားရေး သဘောတူညီချက်တွေကိုပါ ရရှိနေတာဟာ NUG ရဲ့တရားဝင်အစိုးရဖြစ်မှုကို ထိခိုက်မှုတွေရှိလာတယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

NUG ဟာ တရားဝင်အစိုးရတစ်ရပ်အနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့လုံခြုံမှုကို အကာအကွယ်ပေးဖို့ ပြီးခဲ့တဲ့ခုနှစ်လအတွင်း ကြိုးစားခဲ့ပေမယ့် နိုင်ငံရေးနဲ့သံတမန်ရေး ကြိုးပမ်းမှုသက်သက်နဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ကြောင်း သေချာခဲ့တဲ့နောက် ကိုယ့်ဒေသကိုကိုယ်ကာကွယ်ဖို့ ကာကွယ်ရေးအဖွဲ့တွေကို မလွှဲမရှောင်သာ ဖွဲ့စည်းခဲ့ရတယ်လို့ ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း နယ်မြေကိုကျူးကျော်လာမယ့် စစ်ကောင်စီအဖွဲ့တွေကို ခုခံကာကွယ်ဖို့ ပြင်ဆင်နေပြီဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ခုခံတွန်းလှန်သွားဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ပါရှိပါတယ်။

ဒါ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေ၊ ဂျီနီဗာသဘောတူညီချက်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာဖို့ ကြိုးပမ်းသွားမယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးမှာ ခုခံရေးအဖွဲ့တွေဖွဲ့စည်းပြီး ခုခံတွန်းလှန်မှုတွေကို စတင်နေကြပြီဖြစ်တာကြောင့် ဒီကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ပိုမိုမြင့်တက်လာနိုင်ပေမယ့် ပြည်သူတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောက်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုပေးဖို့လည်း ထပ်မံတိုက်တွန်းတယ်လို့ NUG ရဲ့ ကြေညာချက်မှာပါရှိပါတယ်။

NUG အနေနဲ့ စစ်ကောင်စီကိုခုခံတွန်းလှန်မယ့် ပြည်သူ့တော်လှန်ရေးစတင်ပြီလို့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာထားပါတယ်။

Zawgyi

စစ္ေကာင္စီရဲ႕ တိုက္ခိုက္မႈေတြကေန ျမန္မာျပည္သူလူထုကို ကူညီကာကြယ္ေပးဖို႔အတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းကို အားကိုးလို႔မရေတာ့ဘူးလို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG ) က စက္တင္ဘာလ ၁၃ ရက္ ဒီကေန႔မွာ ေၾကညာလိုက္ပါတယ္။

NUG အေနျဖင့္ ႏိုင္ငံတကာရဲ႕ ႀကိဳးပမ္းေဆာင္႐ြက္မႈေတြကို အသိအမွတ္ျပဳၿပီး ရည္မွန္းခ်က္ေအာင္ျမင္ေရးအတြက္ ႏိုင္ငံတကာဥပေဒေတြကို ဆက္လက္လိုက္နာသြားမွာျဖစ္ေသာ္လည္း တဘက္မွာစစ္ေကာင္စီဟာ ႏိုင္ငံအခ်ိဳ႕ရဲ႕ တရားဝင္ဖိတ္ၾကားမႈနဲ႔ ႏိုင္ငံတကာအစည္းအေဝးေတြမွာ တက္ေရာက္ခြင့္ရေနတဲ့အျပင္ တခ်ိဳ႕ႏိုင္ငံေတြနဲ႔ စစ္ေရး၊ စီးပြားေရး သေဘာတူညီခ်က္ေတြကိုပါ ရရွိေနတာဟာ NUG ရဲ႕တရားဝင္အစိုးရျဖစ္မႈကို ထိခိုက္မႈေတြရွိလာတယ္လို႔ ေၾကညာခ်က္မွာပါရွိပါတယ္။

NUG ဟာ တရားဝင္အစိုးရတစ္ရပ္အေနနဲ႔ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္နဲ႔လုံၿခဳံမႈကို အကာအကြယ္ေပးဖို႔ ၿပီးခဲ့တဲ့ခုႏွစ္လအတြင္း ႀကိဳးစားခဲ့ေပမယ့္ ႏိုင္ငံေရးနဲ႔သံတမန္ေရး ႀကိဳးပမ္းမႈသက္သက္နဲ႔ ျပႆနာေတြကို မေျဖရွင္းႏိုင္ေၾကာင္း ေသခ်ာခဲ့တဲ့ေနာက္ ကိုယ့္ေဒသကိုကိုယ္ကာကြယ္ဖို႔ ကာကြယ္ေရးအဖြဲ႕ေတြကို မလႊဲမေရွာင္သာ ဖြဲ႕စည္းခဲ့ရတယ္လို႔ ေၾကညာခ်က္မွာ ထည့္သြင္းေရးသားထားပါတယ္။

လက္ရွိမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကလည္း နယ္ေျမကိုက်ဴးေက်ာ္လာမယ့္ စစ္ေကာင္စီအဖြဲ႕ေတြကို ခုခံကာကြယ္ဖို႔ ျပင္ဆင္ေနၿပီျဖစ္တာေၾကာင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြအေနနဲ႔လည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီး ခုခံတြန္းလွန္သြားဖို႔ ျပင္ဆင္ေနၿပီျဖစ္တယ္လို႔ပါရွိပါတယ္။

ဒါ့ေပမဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြအေနနဲ႔ ႏိုင္ငံတကာလူ႔အခြင့္အေရးနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒေတြ၊ ဂ်ီနီဗာသေဘာတူညီခ်က္နဲ႔ လိုက္ေလ်ာညီေထြျဖစ္မယ့္ က်င့္ဝတ္စည္းကမ္းေတြကို ေလးစားလိုက္နာဖို႔ ႀကိဳးပမ္းသြားမယ္လို႔လည္း ထည့္သြင္းေဖာ္ျပထားပါတယ္။

တစ္ႏိုင္ငံလုံးမွာ ခုခံေရးအဖြဲ႕ေတြဖြဲ႕စည္းၿပီး ခုခံတြန္းလွန္မႈေတြကို စတင္ေနၾကၿပီျဖစ္တာေၾကာင့္ ဒီကာလအတြင္း စစ္ေကာင္စီရဲ႕ အၾကမ္းဖက္မႈေတြ ပိုမိုျမင့္တက္လာႏိုင္ေပမယ့္ ျပည္သူေတြအေနနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ ပူးေပါင္းေဆာက္႐ြက္ၾကဖို႔လည္း တိုက္တြန္းထားပါတယ္။

ဒါ့အျပင္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကို ျပည္သူလူထုက ေ႐ြးခ်ယ္တင္ေျမႇာက္ထားေသာ တရားဝင္အစိုးရတစ္ရပ္အျဖစ္ အသိအမွတ္ျပဳေပးဖို႔လည္း ထပ္မံတိုက္တြန္းတယ္လို႔ NUG ရဲ႕ ေၾကညာခ်က္မွာပါရွိပါတယ္။

NUG အေနနဲ႔ စစ္ေကာင္စီကိုခုခံတြန္းလွန္မယ့္ ျပည္သူ႔ေတာ္လွန္ေရးစတင္ၿပီလို႔ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္ေန႔မွာ ေၾကညာထားပါတယ္။