ပြည်ထောင်စု မြန်မာနိုင်ငံတော်ဖြစ်ပေါ်လာပုံအကြောင်းတစေ့တစောင်း

ယနေ့မြန်မာမှုအဖြစ် ပုံဖော်ပေးခဲ့သည့်ယဉ်ကျေးမှုမှာ နှစ်ပေါင်းအတော်အတန်ကြာမြင့်နေပြီဖြစ်ကြောင် းဒေသတွင်းတူးဖော်တွေ့ရှိထားသည့် ရှေးဟောင်းပစ္စည်းများက သက်သေထူနိုင်သည်။ ရှမ်းပြည်နယ်ပြဒါးလင်းလိုဏ်ဂူအတွင်းရှိ ဂူနံရံပန်းချီများသည် ရှေးဟောင်းသုတေသီများ တွေ့ရှိထားသည့် ခေတ်ကာလအစောဆုံးသမိုင်းသက်သေ အထောက်အထားများဖြစ်သည်။ မွန်လူမျိုးများသည် အောက်ပိုင်းဧရာဝတီမြစ်ဝှမ်းဒေသသို့ အစောဆုံးရွှေ့ပြောင်းခဲ့ကြသူများဖြစ်နိုင်သည်ဟုပညာရှင်များကယူဆကြပြီး ၎င်းတို့သည် ဘီစီ၉၀၀ပြည့်လယ်ခေတ်တွင် မြန်မာနိုင်ငံတောင်ပိုင်း၌ ကြီးစိုးလွှမ်းမိုးလာကြသည်။ မွန်လူမျိုးများသည်လည်းအရှေ့တောင်အာရှဒေသတွင် ထေရဝါဒဗုဒ္ဓဘာသာကို အစောဆုံးကိုးကွယ်ယုံကြည်ကြသည့် လူမျိုးဖြစ်သည်။ [၁၆]ပျူလူမျိုးတို့သည် ဘီစီပထမရာစုနှောင်းပိုင်းတွင် အလယ်ပိုင်းဧရာဝတီမြစ်ဝှမ်းဒေသသို့ရောက်ရှိလာကြပြီး မြို့ပြ၊တိုင်းနိုင်ငံများကို ထူထောင်ခဲ့ကြသည်။ အင်အားအတောင့်တင်းဆုံး ပျူနိုင်ငံတော်မှာ သီရိခေတ္တရာဖြစ်သည်။ မွန်နှင့်ပျူတိုင်းပြည်တို့သည် အိန္ဒိယနှင့်တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည်။ ပျူလူမျိုးများသည် ၆၅၆ခုနှစ်တွင် သီရိခေတ္တရာကိုစွန့်ခွာပြီး မြောက်ဘက်သို့ပြောင်းရွှေ့ခဲ့ကြသည်။

ပျူတို့တစ်စခန်းပြန်ထခဲ့ကြသော်လည်း ၈၀၀ခုအလယ်ပိုင်းတွင် နန်ချောင်နိုင်ငံမှ (လက်ရှိတရုတ်နိုင်ငံယွင်နန်ပြည်နယ်) သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။ ဗမာတို့သည် ၇ရာစုနှစ်ခန့်မှစ၍ ယနေ့တိဗက်ဒေသမှ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်ဆင်းသက်ခဲ့ကြသည်။ အေဒီ၈၄၉ခုနှစ်ခန့်တွင် ပုဂံကို‌အခြေပြု၍ အင်အားတောင့်တင်းသည့်မင်းနေပြည်တော်တစ်ခုကို ထူထောင်ခဲ့ကြသည်။ အနော်ရထာမင်းတရားကြီး (၁၀၄၄–၁၀၇၇) နန်းတက်ခဲ့သည့်ကာလက‌ ဗမာလူမျိုးများ၏ ဩဇာမှာယနေ့မြန်မာနိုင်ငံတစ်လွှားသက်ရောက်လွှမ်းမိုးခဲ့သည်။ ၁⁠၁၀၀ခုနှစ်တွင်မူ အရှေ့တောင်အာရှတိုက်၏ ဒေသအတော်များ⁠များကို ပုဂံမင်းနေပြည်တော်မှ ထိန်းချုပ်နိုင်ခဲ့သည်။ ယင်းကို အများက ပထမမြန်မာအင်ပါယာအဖြစ် လက်ခံကြသည်။ ၁၂၀၀ခုနှစ်အနှောင်းပိုင်းကာလတွင် ကူဗလိုင်ခန်ဦးဆောင်သော မွန်ဂိုတို့ကပုဂံနေပြည်တော်အား သိမ်းပိုက်ခဲ့ကြသည်။ သို့သော်၁၃၆၄ခုနှစ်တွင် မြန်မာများသည် အင်းဝဒေသတွင် မိမိတို့၏မင်းနေပြည်တော်ကို တည်ထောင်ခဲ့ကြပြီး မြန်မာ့ယဉ်ကျေးမှု၏ ရွှေရောင်လွှမ်းသောခေတ်တစ်ခုကို ထူထောင်နိုင်ခဲ့ကြသည်။ သို့သော်၁၅၂၇ခုနှစ်တွင် ရှမ်းများက အင်းဝကိုဖျက်ဆီးပစ်ခဲ့ကြသည်။

တစ်ချိန်တည်းတွင် မွန်တို့သည် ပဲခူးကိုအခြေပြုပြီး အဓိကကျသောကူးသန်းရောင်းဝယ်ရေးနှင့် ဘာသာရေးဗဟိုအချက်အခြာအဖြစ် ပြန်လည်ရပ်တည်ခဲ့သည်။ အင်းဝမှ ထွက်‌ပြေးခဲ့ကြသောဗမာများသည် ၁၅၃၁ခုနှစ်တွင် တောင်ငူ၌တောင်ငူမင်းနေပြည်တော်ကို တပင်ရွှေထီးလက်အောက်တွင် ထူထောင်ခဲ့ကြသည်။ သူသည်မြန်မာနိုင်ငံကို စည်းရုံးပြီး ဒုတိယမြန်မာအင်ပါယာကို ထူထောင်ခဲ့သည်။ အရှေ့တောင်အာရှတွင် ဥရောပတိုက်သားများ၏ လွှမ်းမိုးမှုကြောင့် တောင်ငူမင်းနေပြည်တော်သည် လည်းကူးသန်းရောင်းဝယ်ရေး ဗဟိုချက်အချာဖြစ်လာသည်။ ဘုရင့်နောင်မင်းတရားကြီးသည် မဏိပူရ၊ဇင်းမယ်နှင့် အယုဓျာတို့အားသိမ်းသွင်း၍ နိုင်ငံတော်ကြီးအားချဲ့ထွင်ခဲ့သည်။ သို့သော်လည်း အတွင်းပုန်ကန်မှုများနှင့် သိမ်းပိုက်နယ်‌မြေများကို ထိန်းချုပ်နိုင်ရန် လိုအပ်သောဘုရင်မြစ်များ ချို့တဲ့မှုကြောင့်တောင်ငူနေပြည်တော်ကျဆုံးခဲ့ရသည်။ ပေါ်တူဂီများအား တိုက်ထုတ်ခဲ့သော အနောက်ဖက်လွန်မင်းတရားကြီးသည် ၁၆၁၃ခုနှစ်တွင် မင်းဆက်သစ်တစ်ခုကို အင်းဝတွင်ထူထောင်ခဲ့သည်။ ၁၇၅၂ခုနှစ်တွင်ပြင်သစ်တို့၏ အကူအညီဖြင့် ထကြွပုန်ကန်သောမွန်တို့ကြောင့် နေပြည်တော်ကျဆုံးခဲ့သည်။

၁၇၅၂ခုနှစ်တွင် အလောင်းဘုရားသည် ကုန်းဘောင်မင်းဆက်ကိုထူထောင်ပြီး တတိယမြန်မာအင်ပါယာကြီးကို တည်ဆောက်ခဲ့သည်။ ၁၇၆၇ခုနှစ်တွင်မြေဒူးမင်းတရားကြီးက အယုဓျာနိုင်ငံအား သိမ်းပိုက်အောင်မြင်ခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုက ထိုင်းယဉ်ကျေးမှုအပေါ် အတော်လွှမ်းမိုးစေခဲ့သည်။ တရုတ်ပြည်ချင်မင်းဆက်သည်မြန်မာတို့၏ကြီးထွားလာသောအင်အားကိုစိုးရိမ်းသဖြင့်မြန်မာကို၁၇၆၅၁၇၆၉ခုနှစ်ကာလတွင်းတရုတ်-မြန်မာစစ်ပွဲများလေးကြိမ်တိတိသိမ်းပိုက်ရန်ကြိုးစားအားထုတ်ခဲ့သော်လည်းမအောင်မြင်ခဲ့ပေ။နောက်မင်းဆက်များကအယုဓျာအားစွန့်လွှတ်ခဲ့ရသော်လည်းရခိုင်နှင့်တနင်္သာရီတို့ကိုရရှိခဲ့သည်။၁၈၂၄ခုနှစ်ဘကြီးတော်မင်းတရားလက်ထက်တွင်စစ်သူကြီးမဟာဗန္ဓုလသည်အိန္ဒိယနိုင်ငံရှိဗြိတိသျှတို့၏နယ်‌‌မြေနှင့်ထိစပ်နေသောအာသံပြည်နယ်ကိုသိမ်းပိုက်ရာမှစစ်မီးပွားခဲ့သည်။ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲကို၁၈၂၆ခုနှစ်တွင်မြန်မာနိုင်ငံအလယ်ပိုင်းရန္တပိုတွင်စာချုပ်ချုပ်၍ငြိမ်းစေခဲ့ပြီးကမ်းရိုးတန်းဒေသများဖြစ်သည့်ရခိုင်နှင့်တနင်္သာရီဒေသများကိုစွန့်လွှတ်ခဲ့ရသည်။

၁၈၅၂ခုနှစ်တွင်သာယာဝတီမင်းတရားကြီးသည်နယ်စပ်ပြဿနာများမှပေါ်ပေါက်လာသည့်အခင်းများမှအင်္ဂလိပ်အရာရှိများအားဖမ်းဆီးခဲ့သည်ကိုအကြောင်းပြုပြီးဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖန်တီးခဲ့ကြသည်။ဤတစ်ကြိမ်တွင်အင်္ဂလိပ်တို့သည်ကျန်ရှိနေသေးသည့်ကမ်းရိုးတန်းဒေသများဖြစ်သည့်ဧရာဝတီ၊ရန်ကုန်နှင့်ပဲခူးတို့အားသိမ်းပိုက်ခဲ့သည်။၁၈⁠၈၅ခုနှစ်တွင်မြန်မာကောက်တော်များသည်ဘုရင့်အမိန့်တော်အရတာဝန်ဝတ္တရားများဆောင်ရွက်ရာမှဘုံဘေ-ဘားမားသစ်ကုမ္ပဏီသည်သစ်များကိုတရားမဝင်ခုတ်လှဲပြီးအခွန်တိမ်းရှောင်ရန်ဝှက်ထားသည်ကိုစစ်ဆေးတွေ့ရှိခဲ့သည်။သီပေါမင်းသည်ကုမ္ပဏီအားဒဏ်ရိုက်အရေးယူခဲ့သည်ကိုဗြိတိသျှတို့ဘက်မှကျန်ရှိနေသေးသည့်မြန်မာနိုင်ငံအားသိမ်းပိုက်ရန်အခွင့်အရေးအဖြစ်ယူဆခဲ့ပြီး၁၈⁠၈၅ခုနှစ်နိုဝင်ဘာတွင်ရက်သတ္တနှစ်ပတ်တည်းနှင့်တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲကိုဆင်နွှဲခဲ့လေသည်။

သီပေါမင်းတရားကြီးနှင့်တကွတော်ဝင်မိသားစုဝင်များအားဖမ်းဆီးခဲ့ပြီးမဒြစ်သို့ပြည်နှင်ဒဏ်ပေးခဲ့၍နောက်ဆုံးတွင်ရတနာဂီရိသို့ပို့ဆောင်ခဲ့ကြသည်။မြန်မာနိုင်ငံသည်၁၈⁠၈၅ခုနှစ်နိုဝင်ဘာကုန်ပိုင်းတွင်ဗြိတိသျှအိန္ဒိယ၏လက်အောက်ခံဒေသတစ်ခုအဖြစ်ကျရောက်သွားခဲ့ပြီး၁၈⁠၈၆ခုနှစ်၊ဇန်နဝါရီ၁ရက်နေ့တွင်ဝိတိုရိယဘုရင်မကြီးအားနှစ်သစ်ကူးလက်ဆောင်အဖြစ်ဆက်သခဲ့ကြသည်။၁၉၃၇ခုနှစ်ဧပြီ၁ရက်တွင်မြန်မာနိုင်ငံသည်သီးခြားအုပ်ချုပ်နယ်မြေဖြစ်လာပြီးအိန္ဒယနိုင်ငံနှင့်ခွဲခဲ့သည်။တိုင်းပြည်အတွင်းခွဲရေးတွဲရေးအရေးအခင်းကြောင့်ပေါ်ပေါက်လာသောအက်ကွဲကြောင်းသည်လွတ်လပ်ရေးရပြီးနောက်ပိုင်းဆက်ဖြစ်လာသည့်ပြည်တွင်းဆူပူသောင်းကျန်းမှုများ၏မြစ်ဖျားခံရာအဖြစ်တွေ့ရှိရမည်ဖြစ်သည်။၁၉၄၀ခုနှစ်တွင်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့်ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တို့သည်ဗမာ့လွတ်မြောက်ရေးတပ်မတော်(ဘီအိုင်အေ)ကိုတည်ထောင်ခဲ့ကြသည်။

[၁၇][၁၇]ရဲဘော်သုံးကျိပ်သည်ဂျပန်နိုင်ငံတွင်စစ်သင်တန်းများတက်ရောက်ခဲ့ကြသည်။[၁၇]ဒုတိယကမ္ဘာစစ်ကာလမြန်မာနိုင်ငံသည်အရှေ့တောင်အာရှစစ်မျက်နှာတွင်အရေးပါသည့်အခန်းကမှပါဝင်ခဲ့သည်။စစ်ပွဲ၏ကနဦးပိုင်းမြန်မာပြည်စစ်ဆင်ရေးတွင်ဂျပန်ဦးဆောင်မှုသည်အောင်မြင်မှုများရရှိခဲ့ပြီးဗြိတိသျှများအားမြန်မာပြည်အနှံ့မှတိုက်ထုတ်နိုင်ခဲ့သည်။သို့သော်မဟာမိတ်များကပြန်လည်တုံ့ပြန်ခဲ့သည်။

၁၉၄၅ခုနှစ်ဇူလိုင်တွင်မဟာမိတ်များကပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။မြန်မာတို့သည်နှစ်ဘက်စလုံးမှပါဝင်ခဲ့ကြသည်။မြန်မာများသည်အစပိုင်းတွင်ဂျပန်တို့ဘက်မှပါဝင်ခဲ့ကြသော်လည်းမြန်မာအချို့တို့သည်၁၉၄၁-၁၉၄၂ခုနှစ်များတွင်အင်္ဂလိပ်တို့ဘက်မှပါဝင်တိုက်ခိုက်ခဲ့ကြသည်။၁၉၄၃ခုနှစ်တွင်ချင်းတပ်နှင့်ကချင်တပ်များကိုဗြိတိသျှတို့ထိန်းချုပ်သည့်နယ်စပ်ဒေသများတွင်ဖွဲ့စည်းခဲ့ကြသည်။ဗမာ့သေနတ်ကိုင်တပ်ရင်းများသည်၁၉၄၃-၁၉၄၅ခုနှစ်တွင်ဗိုလ်ချုပ်အော့်ဝင်းဂိတ်၏လက်အောက်၌ချင်းဒစ်တပ်ဖွဲ့များအဖြစ်ပါဝင်တိုက်ခိုက်ခဲ့ကြသည်။နောက်ပိုင်းတွင်အမေရိကန်များကန်-ကချင်အထူးတပ်များအားဖွဲ့စည်းခဲ့ပြီးမဟာမိတ်တို့အောက်တွင်ပါဝင်တိုက်ခိုက်ခဲ့ကြသည်။အခြားများစွာသောတပ်ဖွဲ့များမှာဗြိတိသျှအထူးစစ်ဆင်ရေးအဖွဲ့များအောက်တွင်ပါဝင်ခဲ့ကြသည်။

ဗမာ့လွတ်မြောက်ရေးတပ်မတော်သည်ဗိုလ်ချုပ်အောင်ဆန်း၏ဦးဆောင်မှုအောက်တွင်ရခိုင်အမျိုးသားတပ်မတော်နှင့်အတူဂျပန်တို့ဘက်မှပါဝင်၍၁၉၄၂-၁၉၄၄ခုနှစ်များတွင်ပါဝင်တိုက်ပွဲဝင်ခဲ့ကြပြီး၁၉၄၅ခုနှစ်တွင်ဂျပန်တို့အားပြန်လှန်တွန်းလှန်ခဲ့ကြလေသည်။၁၉၄၇ခုနှစ်တွင်ဗိုလ်ချုပ်အောင်ဆန်းသည်ကြားဖြတ်အစိုးရအဖွဲ့၊မြန်မာနိုင်ငံအမှုဆောင်ကောင်စီအဖွဲ့၏ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့သည်။၁၉၄၇ခုနှစ်ဖေဖော်ဝါရီ၁၂ရက်တွင်ဗိုလ်ချုပ်အောင်ဆန်းသည်ဆာမောင်ကြီး၊ဗိုလ်မှူးအောင်၊မြို့မ-ဦးသန်းကြွယ်၊အခြားတိုင်းရင်းသားခေါင်းဆောင်များနှင့်အတူပင်လုံညီလာခံတွင်တက်ရောက်ခဲ့ပြီး၊စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့်စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။သို့သော်၁၉၄၇ဇူလိုင်တွင်နိုင်ငံရေးပြိုင်ဘက်များကဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအစိုးရအဖွဲ့ဝင်အချို့ကိုလုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။၁၉၄၈ခုနှစ်ဇန်နဝါရီ၄ရက်တွင်မြန်မာနိုင်ငံသည်ပထမဦးဆုံးသမ္မတအဖြစ်စဝ်ရွှေသိုက်နှင့်ပထမဦးဆုံးဝန်ကြီးချုပ်ဦးနုတို့တာဝန်ယူခဲ့သောလွတ်လပ်သည့်သမ္မတနိုင်ငံဖြစ်သောပြည်ထောင်စုမြန်မာနိုင်ငံအဖြစ်ရပ်တည်ခဲ့လေသည်။

အခြားဗြိတိသျှကိုလိုနီနိုင်ငံများနှင့်မတူညီဘဲဓနသဟာယအဖွဲ့ဝင်အဖြစ်မပါဝင်ခဲ့ချေ။အထက်လွှတ်တော်နှင့်လူမျိုးစုလွှတ်တော်နှစ်ရပ်ပါဝင်သောပါလီမန်စနစ်ကိုကျင့်သုံးခဲ့သည်။[၁၈]ယနေ့မြင်တွေ့ရသောမြန်မာနိုင်ငံသည်အောက်မြန်မာနိုင်ငံနှင့်အထက်မြန်မာနိုင်ငံတို့ပါဝင်သည့်မြန်မာပြည်မနှင့်ဗြိတိသျှတို့သီးခြားအုပ်ချုပ်ခဲ့သည့်နယ်ခြားဒေသတို့ကိုပူးပေါင်း၍ဖွဲ့စည်းထားပြီးပင်လုံစာချုပ်အရဖြစ်လာသောနယ်မြေအဖြစ်ဇစ်မြစ်လိုက်၍ရလေသည်။[၁၉]၁၉၆၁ခုနှစ်တွင်ထိုစဉ်ကမြန်မာနိုင်ငံ၏ကုလသမဂ္ဂအမြဲတန်းကိုယ်စားလှယ်အဖြစ်နှင့်ယခင်ဝန်ကြီးပေးခဲ့ဘူးသည့်ဦးသန့်သည်ကုလသမဂ္ဂ၏အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်အရွေးချယ်ခံခဲ့ရသည်။[နိုင်ငံကို၂၆နှစ်တိုင်⁠တိုင်အုပ်ချုပ်ခဲ့သည့်နေဝင်းဦးဆောင်သောစစ်အစိုးရကအာဏာသိမ်းယူသည့်၁၉၆၂ခုနှစ်တွင်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ရပ်စဲသွားပြီးမြန်မာ့ဆိုရှယ်လစ်စနစ်လမ်းစဉ်ကိုစတင်ခဲ့သည်။

[၂၁]၁၉၇၄ခုနှစ်တွင်ဦးသန့်၏ဈာပနအခမ်းအနားမှစတင်၍အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုနှင့်အတူသွေးထွက်သံယိုမှုများဖြစ်ပေါ်ခဲ့သည်။[၂၁]၁၉၈၈ခုနှစ်ရှစ်လေးလုံးအရေးတော်ပုံ(၈⁠၈၈၈)တွင်တော်လှန်ရေးတစ်ရပ်၏ဖြစ်လုဆဲ⁠ဆဲအခြေအနေသို့ရောက်ရှိသွားခဲ့သည်။တန်ပြန်အနေနှင့်ဗိုလ်ချုပ်စောမောင်မှအာဏာသိမ်းယူခဲ့သည်။၎င်းကနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)ကိုဖွဲ့စည်းခဲ့သည်။၁၉၈၉ခုနှစ်တွင်ဆန္ဒပြပွဲများဖြစ်ပွားပြီးစစ်အုပ်ချုပ်ရေးဥပဒေကိုပြဋ္ဌာန်းခဲ့သည်။ပြည်သူ့ကိုယ်စားလှယ်များအားရွေးချယ်တင်မြောက်မည့်စီမံချက်များကို၁၉၈၉ခုနှစ်မေ၃၁တွင်အပြီးသတ်ရေးဆွဲခဲ့ကြသည်။[၂၂]၁၉၉ဝခုနှစ်မေတွင်လွတ်လပ်သောရွေးကောက်တင်မြောက်ပွဲကိုနှစ်၃၀အတွင်းပထမဦးဆုံးအကြိမ်အဖြစ်ကျင်းပခဲ့ကြသည်။ဒေါ်အောင်ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှစုစုပေါင်းအမတ်နေရာ၄၈၉အနက်၄၀၉နေရာကိုအနိုင်ရရှိခဲ့သည်။

[၂၃]သို့သော်နဝတအစိုးရမှရွေးကောက်ပွဲရလဒ်များကိုငြင်းပယ်ခဲ့ပြီးဆင်းပေးရန်ငြင်းဆိုခဲ့သည်။နဝတအဖွဲ့သည်အင်္ဂလိပ်အခေါ်ဘားမား(Burma)အားမြန်မာ(Myanmar)ဟု၁၉၈၉ခုနှစ်တွင်ပြောင်းလဲသတ်မှတ်ခဲ့သည်။၁၉⁠၉၁ခုနှစ်မှစ၍ဗိုလ်ချုပ်မှူးကြီးသန်းရွှေကဦးဆောင်ခဲ့ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ငြိမ်းချမ်းရေးရယူခဲ့သည်။၁၉⁠၉၂ခုနှစ်တွင်နဝတအဖွဲ့သည်ဖွဲ့စည်းအုပ်ချုပ်ပုံအ‌ခြေခံဥပဒေသစ်ရေးဆွဲရန်ဖော်ထုတ်ခဲ့ပြီးအမျိုးသားညီလာခံတစ်ရပ်ကို၁၉⁠၉၃ခုနှစ်ဇန်နဝါရီလ၉ရက်နေ့တွင်စတင်ခဲ့သည်။[၂၄]၁၉၉၇ခုနှစ်တွင်နဝတကိုနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(နအဖ)ဟုပြင်ဆင်ဖွဲ့စည်းခဲ့သည်။၁၉⁠၉၇ခုနှစ်တွင်မြန်မာနိုင်ငံအားအရှေ့တောင်အာရှနိုင်ငံများအဖွဲ့မှအဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ခွင့်ပြုခဲ့သည်။အမျိုးသားညီလာခံသည်ဆက်လက်ကျင်းပလိုက်ရပ်နားလိုက်ဖြင့်စခန်းသွားခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင်နိုင်ငံရေးပါတီများစွာတို့မှာညီလာခံတွင်ပါဝင်ခြင်းမရှိဘဲတိုးတက်မှုမှာလည်းမရှိသလောက်ဖြစ်သည်။[၂၄]၂၀⁠၀၆ခုနှစ်မတ်၁၇ရက်တွင်နအဖစစ်အစိုးရသည်မြို့တော်ကိုပျဉ်းမနားအနီးရှိဒေသသို့ပြောင်းရွှေ့ခဲ့ကာမင်းတို့၏တည်နေရာ’နေပြည်တော်’ဟုတရားဝင်‌ကြေညာခဲ့သည်။

[၂၅]၂၀၀၆ခုနှစ်စက်တင်ဘာတွင်အမေရိကန်ဦးဆောင်သည့်မြန်မာနိုင်ငံအရေးအားကုလသမဂ္ဂလုံခြုံရေးကောင်စီအာဂျင်ဒါတွင်ထည့်သွင်းရေးကြိုးပမ်းမှုအောင်မြင်ခဲ့ပြီးလုံခြုံရေးကောင်စီတွင်မြန်မာနိုင်ငံ၏လူ့အခွင့်အရေးချိုးဖောက်မှုများကိုမည်သို့အရေးယူဆောင်ရွက်မည်ကိုတရားဝင်ဆွေးနွေးရန်လမ်းစပေါ်ပေါက်ပြီဖြစ်သည်။[၂၆]၂ဝဝ၆ခုနှစ်နိုဝင်ဘာတွင်အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်မှမြန်မာနိုင်ငံ၏ဆက်တိုက်ကျူးလွန်ဖောက်ဖျက်နေသည့်စစ်တပ်မှအဓမ္မလုပ်အားပေးခိုင်းမှုများအားအပြည်ပြည်ဆိုင်ရာတရားရုံးချုပ်တွင်တိုင်တန်းအရေးယူနိုင်ရန်ကြေညာခဲ့သည်။[၂၇]၂၀၁၀ခုနှစ်၊ဩဂုတ်လ၁၃ရက်နေ့တွင်စစ်အစိုးရကရွေးကောက်ပွဲကို၂၀၁၀ခုနှစ်၊နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျင်းပမည်ဟုကြေညာသည်။