ပြင်သစ်နိုင်ငံကကလေးတွေ လိမ္မာယဉ်ကျေးပီး ဉာဏ်ကောင်းနေရတဲ့လျှို့ဝှက်ချက် (၉) ခု

ပြင်သစ်နိုင်ငံကလေးတွေက ယဉ်ကျေးတယ်၊ ဉာဏ်ကောင်းတယ်၊ သွက်လက်တယ်ဆိုတာကို လူတော်တော်များများ သတိထားမိကြပါတယ်။ ပြင်သစ်မှာကလေးတွေ ဇီဇာကြောင်ပြီး ဆိုးတာကိုတွေ့ရခဲပါတယ်။ ကလေးတွေက အစားလည်းကြေးမများဘဲ အိမ်နီးနားချင်းတွေကိုလည်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်တတ်ကြပါတယ်။ ပြင်သစ် အမျိုးသမီးတွေက ကလေးထိန်းကျောင်းနည်း အကြောင်းတွေကို ပြောပြထားပါတယ်။

၁။ ကလေး တစ်နှစ်အရွယ်
ပြင်သစ်နိုင်ငံက ငယ်ရွယ်တဲ့အမျိုးသမီးတွေက ကလေးမွေးပြီးရင် 10 ပတ်ထက်ပိုပြီး အိမ်မှာမနေပါဘူး။ အလုပ်ပြန်ဝင်ကြပါတယ်။ အိမ်မှာနေရင် ကုန်ကျစရိတ်ပိုများတယ်လို့ ယူဆလို့ပါ။ ဥပဒေအစ ကလေးမွေးပြီး 10 ပတ်အကြာအထိ ကလေးကို ပြုစုခွင့်ရှိပါတယ်။ မီးဖွားခွင့်ကုန်ဆုံးတဲ့အခါ ကလေးကိုနေ့ကလေးထိန်းဌာနကို ပို့လိုက်ပါတယ်။ ကလေးတွေက ငယ်ငယ်ကတည်းက လူသစ်၊ပတ်ဝန်းကျင်အသစ်နဲ့ ကြီးပြင်းလာရတဲ့ အခါ ပတ်ဝန်းကျင်မဲ့ညှိယူနေထိုင်တတ်သွားပြီး ဘဝမှာလည်း အမှီအခိုကင်းကင်း နေတတ်သွားပါတယ်။

၂။ ပြင်သစ်နိုင်ငံကကလေးတွေက အိပ်ရာခွဲပြီးအိပ်ကြပါတယ်။
ကလေးကညဘက်မှာ နိုးပြီးငိုလာရင် အမေကလာပြီး ခဏစောင့်ပေးပါတယ်။ နောက်ညတွေရောက်တော့ ကလေးက တစ်ယောက်တည်း အိပ်တတ်တာအကျင့်ပါသွားပါတယ်။

၃။ ကလေးတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်၊ကစားခွင့် ပေးထားပါတယ်။
ပြင်သစ်မိဘတွေက ကလေးတွေကို သူတို့ဆော့နိုင်သမျှဆော့အောင် လွတ်လပ်ခွင့်ပေးထားပါတယ်။ ကစားကွင်းမှာ မိဘနဲ့ ကလေးအတူ ဆော့နေတာမျိုးကို တွေ့ရခဲပါတယ်။ ကလေး အချင်းချင်းရန်ဖြစ်ရင် မိဘတွေဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ပါဘူး။ သူတို့ပြဿနာကို သူတို့ဘာသာ ဖြေရှင်းနိုင်အောင် ခွင့်ပြုထားပါတယ်။ ပြင်သစ်မိဘတွေက ကလေးတွေကို ရိုးရိုးသားသားစနောက်တာနဲ့ အပြုအမူရိုင်းစိုင်းတာကို ကွဲပြားအောင် သင်ပေးထားပါတယ်။ အမူအရာရိုင်းစိုင်းရင်တော့ အပြစ်ပေး ခံရပါတယ်။

၄။ အဘိုးအဘွားတွေက ကလေးမထိန်းပါဘူး။
မိသားစုတွေ့ဆုံပွဲကို အားလပ်ရက်၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ အမြဲပြုလုပ်ပါတယ်။ မိသားစုတွေ့ဆုံပွဲမှာ အဘိုးအဘွားတွေက ကော်ဖီတွေ၊ ဝိုင်တွေပဲသောက်နေတတ်ပြီး မြေးတွေကိုသိပ်မထိန်းပါဘူး။

၅။ ပြင်သစ်မှာကလေးအစားအစာဆိုပြီး သီးသန့်မရှိပါဘူး။
ပြင်သစ်လူနေမှုဘဝမှာ အစားအသောက်က အရေးကြီးဆုံး အစိတ်အပိုင်းပါပဲ။ နေ့လယ်စာကို နှစ်နာရီကြာအောင် စားပါတယ်။ တရက်ကိုအနည်းဆုံးတခါတော့ ထမင်းလက်ဆုံ စားသင့်တယ်လို့ ပြင်သစ်တွေက ခိုင်ခိုင်မာမာယူဆကြပါတယ်။

ကလေးတွေနဲ့လူကြီးတွေက အစားအစာတစ်မျိုးတည်းကိုပဲ အတူတူစားကြပါတယ်။ ကလေးစားတဲ့ အစားအစာဆိုပြီး ခွဲမထားပါဘူး။ ကလေးတွေမကြိုက်တဲ့ အစားအစာတွေကိုတော့ မကျွေးပါဘူး။ အနည်းဆုံးစားချင်တာကိုတော့ မိဘတွေကို တောင်းဆိုလို့ရပါတယ်။

၆။ ကိုယ်အမူအရာ ယဉ်ကျေးခြင်းက အများကြီးအဓိပ္ပါယ် သက်ရောက်မှု ရှိပါတယ်။
ပြင်သစ်ကလေးတွေက ဧည့်သည်တွေနဲ့ အိမ်နီးနားချင်းတွေကို နှုတ်ဆက်တတ်တဲ့ အလေ့အကျင့်ရှိပါတယ်။ တန်းစီစောင့်တတ်တဲ့ အကျင့်လည်းရှိပါတယ်။ ဘတ်စ်ကားပေါ်မှာ သက်ကြီးရွယ်အိုပါလာရင် ထိုင်ခုံနေရာဖယ်ပေးပါတယ်။ ” ကျေးဇူးတင်ပါတယ်၊ ကောင်းသောနေ့ပါ၊ ရပါတယ်၊ ပြန်လိုက်ပါဦးမယ် ” ဆိုတဲ့ အရေးကြီးတဲ့၊ ယဉ်ကျေးတဲ့စကားလေးခွန်းကို ငယ်ငယ်လေးကတည်းကနေ သင်ကြားပေးထားပါတယ်။

၇။ ကလေးတွေကို အိမ်မှာစာမသင်ပေးပါဘူး။
ကလေးအများစုက အသက် 5 နှစ်အထိ စာမဖတ်တတ် သေးပါဘူး။ စိတ်ကူးကောင်းတွေရဖို့၊ ကမ္ဘာကြီးကိုစူးစမ်းဖို့ အတွက် ကလေးဘဝကအကောင်းဆုံးပါ။ ကလေးတွေကို ငယ်ရွယ်တဲ့အချိန်မှာ ယဉ်ကျေးဖို့၊ တာဝန်ယူစိတ်ရှိဖို့ သင်ပေးထားပါတယ်။ ကလေးအသက် 6 နှစ်လောက်ရောက်မှ စာဖတ်ဖို့၊ သင်္ချာတွက်ဖို့သင်ပေးပါတယ်။

၈။ တနင်္ဂနွေနေ့မှာ မိသားစုနဲ့ပဲအချိန်ကုန်ကြပါတယ်။တနင်္ဂနွေနေ့က ပန်းခြံကိုပျော်ပွဲစားထွက်ဖို့၊ အကင်စားဖို့၊ စက်ဘီးစီးဖို့ အကောင်းဆုံးရက်ပါပဲ။ ပြင်သစ်လူမျိုးတွေက တနင်္ဂနွေနေ့ကို အလေးထားပြီး မိသားစုနဲ့အတူ အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးကြပါတယ်။

၉။ ကလေးတွေက မုန့်ဖိုးရကြပါတယ်။
ဈေးဝယ်နေတဲ့ အချိန်မှာဆိုရင် ကလေးတွေက ငြိမ်ငြိမ်လေးနေပြီး ဟိုဟာဝယ်ပေး၊ ဒီဟာဝယ်ပေးဆိုပြီး မပူဆာတတ်ကြပါဘူး။ ကလေးတွေက အသက် 7 နှစ်အရွယ်မှာ မုန့်ဖိုးစရပြီး ကြိုက်တာဝယ်ဖို့ ခွင့်ပြုထားပါတယ်။ လစဉ်ရတဲ့မုန့်ဖိုးဟာ ကလေးရဲ့ အသက်နဲ့အမြဲ ညီမျှပါတယ်။

Zombie (Lovemedia)

Zawgyi

ျပင္သစ္ႏိုင္ငံကေလးေတြက ယဥ္ေက်းတယ္၊ ဉာဏ္ေကာင္းတယ္၊ သြက္လက္တယ္ဆိုတာကို လူေတာ္ေတာ္မ်ားမ်ား သတိထားမိၾကပါတယ္။ ျပင္သစ္မွာကေလးေတြ ဇီဇာေၾကာင္ၿပီး ဆိုးတာကိုေတြ႕ရခဲပါတယ္။ ကေလးေတြက အစားလည္းေၾကးမမ်ားဘဲ အိမ္နီးနားခ်င္းေတြကိုလည္း ယဥ္ယဥ္ေက်းေက်း ႏႈတ္ဆက္တတ္ၾကပါတယ္။ ျပင္သစ္ အမ်ိဳးသမီးေတြက ကေလးထိန္းေက်ာင္းနည္း အေၾကာင္းေတြကို ေျပာျပထားပါတယ္။

၁။ ကေလး တစ္ႏွစ္အ႐ြယ္
ျပင္သစ္ႏိုင္ငံက ငယ္႐ြယ္တဲ့အမ်ိဳးသမီးေတြက ကေလးေမြးၿပီးရင္ 10 ပတ္ထက္ပိုၿပီး အိမ္မွာမေနပါဘူး။ အလုပ္ျပန္ဝင္ၾကပါတယ္။ အိမ္မွာေနရင္ ကုန္က်စရိတ္ပိုမ်ားတယ္လို႔ ယူဆလို႔ပါ။ ဥပေဒအစ ကေလးေမြးၿပီး 10 ပတ္အၾကာအထိ ကေလးကို ျပဳစုခြင့္ရွိပါတယ္။ မီးဖြားခြင့္ကုန္ဆုံးတဲ့အခါ ကေလးကိုေန႔ကေလးထိန္းဌာနကို ပို႔လိုက္ပါတယ္။ ကေလးေတြက ငယ္ငယ္ကတည္းက လူသစ္၊ပတ္ဝန္းက်င္အသစ္နဲ႔ ႀကီးျပင္းလာရတဲ့ အခါ ပတ္ဝန္းက်င္မဲ့ညႇိယူေနထိုင္တတ္သြားၿပီး ဘဝမွာလည္း အမွီအခိုကင္းကင္း ေနတတ္သြားပါတယ္။

၂။ ျပင္သစ္ႏိုင္ငံကကေလးေတြက အိပ္ရာခြဲၿပီးအိပ္ၾကပါတယ္။
ကေလးကညဘက္မွာ ႏိုးၿပီးငိုလာရင္ အေမကလာၿပီး ခဏေစာင့္ေပးပါတယ္။ ေနာက္ညေတြေရာက္ေတာ့ ကေလးက တစ္ေယာက္တည္း အိပ္တတ္တာအက်င့္ပါသြားပါတယ္။

၃။ ကေလးေတြကို လြတ္လြတ္လပ္လပ္ လႈပ္ရွားခြင့္၊ကစားခြင့္ ေပးထားပါတယ္။
ျပင္သစ္မိဘေတြက ကေလးေတြကို သူတို႔ေဆာ့ႏိုင္သမွ်ေဆာ့ေအာင္ လြတ္လပ္ခြင့္ေပးထားပါတယ္။ ကစားကြင္းမွာ မိဘနဲ႔ ကေလးအတူ ေဆာ့ေနတာမ်ိဳးကို ေတြ႕ရခဲပါတယ္။ ကေလး အခ်င္းခ်င္းရန္ျဖစ္ရင္ မိဘေတြဝင္ေရာက္စြက္ဖက္တာမ်ိဳး မလုပ္ပါဘူး။ သူတို႔ျပႆနာကို သူတို႔ဘာသာ ေျဖရွင္းႏိုင္ေအာင္ ခြင့္ျပဳထားပါတယ္။ ျပင္သစ္မိဘေတြက ကေလးေတြကို ႐ိုး႐ိုးသားသားစေနာက္တာနဲ႔ အျပဳအမူ႐ိုင္းစိုင္းတာကို ကြဲျပားေအာင္ သင္ေပးထားပါတယ္။ အမူအရာ႐ိုင္းစိုင္းရင္ေတာ့ အျပစ္ေပး ခံရပါတယ္။

၄။ အဘိုးအဘြားေတြက ကေလးမထိန္းပါဘူး။
မိသားစုေတြ႕ဆုံပြဲကို အားလပ္ရက္၊ စေန၊ တနဂၤေႏြေန႔ေတြမွာ အၿမဲျပဳလုပ္ပါတယ္။ မိသားစုေတြ႕ဆုံပြဲမွာ အဘိုးအဘြားေတြက ေကာ္ဖီေတြ၊ ဝိုင္ေတြပဲေသာက္ေနတတ္ၿပီး ေျမးေတြကိုသိပ္မထိန္းပါဘူး။

၅။ ျပင္သစ္မွာကေလးအစားအစာဆိုၿပီး သီးသန႔္မရွိပါဘူး။
ျပင္သစ္လူေနမႈဘဝမွာ အစားအေသာက္က အေရးႀကီးဆုံး အစိတ္အပိုင္းပါပဲ။ ေန႔လယ္စာကို ႏွစ္နာရီၾကာေအာင္ စားပါတယ္။ တရက္ကိုအနည္းဆုံးတခါေတာ့ ထမင္းလက္ဆုံ စားသင့္တယ္လို႔ ျပင္သစ္ေတြက ခိုင္ခိုင္မာမာယူဆၾကပါတယ္။

ကေလးေတြနဲ႔လူႀကီးေတြက အစားအစာတစ္မ်ိဳးတည္းကိုပဲ အတူတူစားၾကပါတယ္။ ကေလးစားတဲ့ အစားအစာဆိုၿပီး ခြဲမထားပါဘူး။ ကေလးေတြမႀကိဳက္တဲ့ အစားအစာေတြကိုေတာ့ မေကြၽးပါဘူး။ အနည္းဆုံးစားခ်င္တာကိုေတာ့ မိဘေတြကို ေတာင္းဆိုလို႔ရပါတယ္။

၆။ ကိုယ္အမူအရာ ယဥ္ေက်းျခင္းက အမ်ားႀကီးအဓိပၸါယ္ သက္ေရာက္မႈ ရွိပါတယ္။
ျပင္သစ္ကေလးေတြက ဧည့္သည္ေတြနဲ႔ အိမ္နီးနားခ်င္းေတြကို ႏႈတ္ဆက္တတ္တဲ့ အေလ့အက်င့္ရွိပါတယ္။ တန္းစီေစာင့္တတ္တဲ့ အက်င့္လည္းရွိပါတယ္။ ဘတ္စ္ကားေပၚမွာ သက္ႀကီး႐ြယ္အိုပါလာရင္ ထိုင္ခုံေနရာဖယ္ေပးပါတယ္။ ” ေက်းဇူးတင္ပါတယ္၊ ေကာင္းေသာေန႔ပါ၊ ရပါတယ္၊ ျပန္လိုက္ပါဦးမယ္ ” ဆိုတဲ့ အေရးႀကီးတဲ့၊ ယဥ္ေက်းတဲ့စကားေလးခြန္းကို ငယ္ငယ္ေလးကတည္းကေန သင္ၾကားေပးထားပါတယ္။

၇။ ကေလးေတြကို အိမ္မွာစာမသင္ေပးပါဘူး။
ကေလးအမ်ားစုက အသက္ 5 ႏွစ္အထိ စာမဖတ္တတ္ ေသးပါဘူး။ စိတ္ကူးေကာင္းေတြရဖို႔၊ ကမာၻႀကီးကိုစူးစမ္းဖို႔ အတြက္ ကေလးဘဝကအေကာင္းဆုံးပါ။ ကေလးေတြကို ငယ္႐ြယ္တဲ့အခ်ိန္မွာ ယဥ္ေက်းဖို႔၊ တာဝန္ယူစိတ္ရွိဖို႔ သင္ေပးထားပါတယ္။ ကေလးအသက္ 6 ႏွစ္ေလာက္ေရာက္မွ စာဖတ္ဖို႔၊ သခ်ၤာတြက္ဖို႔သင္ေပးပါတယ္။

၈။ တနဂၤေႏြေန႔မွာ မိသားစုနဲ႔ပဲအခ်ိန္ကုန္ၾကပါတယ္။တနဂၤေႏြေန႔က ပန္းၿခံကိုေပ်ာ္ပြဲစားထြက္ဖို႔၊ အကင္စားဖို႔၊ စက္ဘီးစီးဖို႔ အေကာင္းဆုံးရက္ပါပဲ။ ျပင္သစ္လူမ်ိဳးေတြက တနဂၤေႏြေန႔ကို အေလးထားၿပီး မိသားစုနဲ႔အတူ အခ်ိန္ကို အက်ိဳးရွိရွိ ကုန္ဆုံးၾကပါတယ္။

၉။ ကေလးေတြက မုန႔္ဖိုးရၾကပါတယ္။
ေဈးဝယ္ေနတဲ့ အခ်ိန္မွာဆိုရင္ ကေလးေတြက ၿငိမ္ၿငိမ္ေလးေနၿပီး ဟိုဟာဝယ္ေပး၊ ဒီဟာဝယ္ေပးဆိုၿပီး မပူဆာတတ္ၾကပါဘူး။ ကေလးေတြက အသက္ 7 ႏွစ္အ႐ြယ္မွာ မုန႔္ဖိုးစရၿပီး ႀကိဳက္တာဝယ္ဖို႔ ခြင့္ျပဳထားပါတယ္။ လစဥ္ရတဲ့မုန႔္ဖိုးဟာ ကေလးရဲ႕ အသက္နဲ႔အၿမဲ ညီမွ်ပါတယ္။

Zombie (Lovemedia)