ပိုက်ဆံမက်ပြီး အသက်(၆၀)ကျော်ကို ယူလိုက်တဲ့ အသက်(၂၀)အရွယ် မိန်းမပျိုလေးရဲ့အဖြစ်

ပိုက်ဆံမက်တဲ့ အသက် ၂ဝ အရွယ် မိန်းကလေးတစ်ယောက်ဟာ အသက် ၆၀ ကျော်သူဌေးကြီးနဲ့ မင်္ဂလာဆောင်လိုက်ပါတယ်။

တစ်ပါတ်လောက်နေတော့ ကျောင်းနေဘက်သူငယ်ချင်းက အခြေအနေသိချင်လို့ ဖုန်းဆက်ပြီးစပ်စုကြည့်တယ်။

“သူငယ်ချင်း အခြေအနေဘယ်လိုနေလဲ? ဘဲကြီးက အသက်ကြီးတော့ ညည်းသက်သာမှာပေါ့နော်” “ပြောချင်ပါဘူးအေ ငါ့အဖြစ်ကိုသိချင်ရင် MAI Yangon Bangkok လေကြောင်းလိုင်းသာ မေးကြည့်ပါတော့”။

သူငယ်ချင်းက MAI ရုံးကို ဖုန်းဆက်ပြီး မေးကြည့်လိုက်တယ်။MAI Yangon Bangkok ခရီးစဉ် အကြောင်း သိချင်လို့ပါရှင်။ MAI ရန်ကုန်-ဘန်ကောက်က လေယာဉ်အကြီးစားတွေဖြစ်ပြီး တစ်ရက်မှာ ခရီးစဉ် ၅ ကြောင်း ရှိပါတယ်ရှင်။

တစ်ပတ်မှာ ၇ ရက်လုံး နားရက်မရှိပါဘူး။ လေယာဉ်တစ်ခေါက်ပြေးဆွဲချိန်ကတော့ ၄၅ မိနစ်ကနေ တစ်နာရီအထိကြာတတ်ပါတယ်”။ ဒါမျိုးပြောတာပေါ့ “နွားပျိုတွေသန်လှတယ် နွားအိုပေါင်ကျိုးသလောက်” ဆိုတဲ့ မြန်မာစကားပုံ ရှိတယမဟုတ်လား။

ရယ်မောခြင်းဖြင့် ဘဝအမောများ ပြေပျောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်းဖြင့်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်တယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။

crd

Zawgyi






crd