ပထမဆုံးအကြိမ် တရုတ်အစိုးရကို သစ္စာခံပါ့မယ်လို့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဟောင်ကောင်၌ကျင်းပ

ဟောင်ကောင်အစိုးရဝန်ထမ်း ၁၈၀,၀၀၀ ဟာ ဒီကျမ်းကျိန်ပွဲကို အသုတ်လိုက်တစ်လကြာတက်ကြရမှာပါ။ တက်ဖို့ငြင်းဆန်ရင်အလုပ်ပြုတ်မယ်လို့ အလုပ်သမားဝန်ကြီးကသတိပေးလိုက်ပါတယ်။

အခုမှဝင်မယ့်လူသစ်တွေကတော့ အလုပ်စာချုပ်မှာကိုမဖြစ်မနေလက်မှတ်ထိုးကြရမှာပါ။ ခုလိုလုပ်ရတာဟာ ပြီးခဲ့တဲ့တရုတ်အစိုးရဆန့်ကျင်တဲ့ ဒီမိုကရေစီအရေးဆန္ဒပြပွဲတွေမှာ အစိုးရဝန်ထမ်းတွေပါပါဝင်ခဲ့ကြလို့ပါတဲ့။ အစိုးရဝန်ထမ်းတွေဟာနိုင်ငံရေးမှာဘက်မလိုက်ဘဲ ကြားနေကြရမယ်လို့အလုပ်သမားအကြီးအကဲက ဆိုပါတယ်။

အစိုးရတစ်ရပ်ကို ချစ်ခြင်း၊ မုန်းခြင်းဟာ အမိန့်အာဏာနဲ့လုပ်ယူလို့ရပါသလား။ ဟုတ်ကဲ့၊ ကွန်မြူနစ်စနစ်မှာတော့ရအောင်လုပ်တတ်ကြပါတယ်။ ရထားတဲ့ဒီမိုကရေစီအပင်ပေါက်လေးကို မပျက်ဆီးရလေအောင်ဝိုင်းဝန်းထိန်းသိမ်းကူညီကြပါစို့။


Ref: BP
https://www.dailymail.co.uk/news/article-9058821/Hong-Kong-civil-servants-swear-oaths-loyalty-China-backed-government.html

CRD_Zin Min Nyein

Zawgyi


Ref: BP

CRD_Zin Min Nyein