ကမ္ဘာ့ပထမဆုံး နှလုံးရောဂါသည် အမေရိကန်အမျိုးသားကို ဝက်နှလုံးဖြင့် အစားထိုးကုသ

နှလုံးရောဂါသည် အမေရိကန်အမျိုးသားကို ဝက်နှလုံးဖြင့် ပထမဆုံး အစားထိုးကုသ။

နှလုံးရောဂါ ကုသလို့မရအောင် လမ်းဆုံးနေတဲ့ အမေရိကန်အမျိုးသားတဦးကို မျိုးဗီဇပြုပြင်ထားတဲ့ ဝက်ရဲ့နှလုံးနဲ့ ပထမဆုံး အစားထိုးကုသခဲ့ပြီး၊ သုံးရက်အကြာမှာ လူနာဟာ ပုံမှန်ကောင်းမွန်နေပြီလို့ မေရီလန်းဆေးတက္ကသိုလ်ဆေးရုံက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆေးတက္ကသိုလ် ဆရာဝန်အဖွဲ့ရဲ့ ခွဲစိတ်မှုက ဝက်ကနေလူကို နှလုံးအစားထိုးမှု ပထမဆုံးထုတ်ဖော်ပြသမှုပါ။ မျိုးဗီဇပြုပြင်ထားတဲ့အရာတွေနဲ့ အစားထိုးကုသမှုနယ်ပယ်အတွက် ဖြစ်နိုင်ခြေအလားအလာတွေ အများကြီး ဖြစ်ပေါ်စေပါတယ်။

ဒေါက်တာဘတ်လေဂရစ်ဖ်က “ကျနော်တို့ အရင်တခါမှ လူတွေကို မလုပ်ဖူးပါဘူး၊ အခုလူနာကို တခြားကုထုံးနည်းလမ်းမရှိတဲ့အတွက် ဒီနည်းကိုအကောင်းဆုံးအဖြစ် ရွေးချယ်ခဲ့တာပါ။ သူ ဘယ်လောက်ခံမလဲ၊ တရက်လား၊ တပတ်လား၊ တလလား၊ တနှစ်လား ဘာမှကျနော်တို့ မပြောနိုင်ပါဘူး” လို့ ပြောပါတယ်။

Zawgyi

ႏွလုံးေရာဂါသည္ အေမရိကန္အမ်ိဳးသားကို ဝက္ႏွလုံးျဖင့္ ပထမဆုံး အစားထိုးကုသ။

ႏွလုံးေရာဂါ ကုသလို႔မရေအာင္ လမ္းဆုံးေနတဲ့ အေမရိကန္အမ်ိဳးသားတဦးကို မ်ိဳးဗီဇျပဳျပင္ထားတဲ့ ဝက္ရဲ႕ႏွလုံးနဲ႔ ပထမဆုံး အစားထိုးကုသခဲ့ၿပီး၊ သုံးရက္အၾကာမွာ လူနာဟာ ပုံမွန္ေကာင္းမြန္ေနၿပီလို႔ ေမရီလန္းေဆးတကၠသိုလ္ေဆး႐ုံက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေဆးတကၠသိုလ္ ဆရာဝန္အဖြဲ႕ရဲ႕ ခြဲစိတ္မႈက ဝက္ကေနလူကို ႏွလုံးအစားထိုးမႈ ပထမဆုံးထုတ္ေဖာ္ျပသမႈပါ။ မ်ိဳးဗီဇျပဳျပင္ထားတဲ့အရာေတြနဲ႔ အစားထိုးကုသမႈနယ္ပယ္အတြက္ ျဖစ္ႏိုင္ေျခအလားအလာေတြ အမ်ားႀကီး ျဖစ္ေပၚေစပါတယ္။

ေဒါက္တာဘတ္ေလဂရစ္ဖ္က “က်ေနာ္တို႔ အရင္တခါမွ လူေတြကို မလုပ္ဖူးပါဘူး၊ အခုလူနာကို တျခားကုထုံးနည္းလမ္းမရွိတဲ့အတြက္ ဒီနည္းကိုအေကာင္းဆုံးအျဖစ္ ေ႐ြးခ်ယ္ခဲ့တာပါ။ သူ ဘယ္ေလာက္ခံမလဲ၊ တရက္လား၊ တပတ္လား၊ တလလား၊ တႏွစ္လား ဘာမွက်ေနာ္တို႔ မေျပာႏိုင္ပါဘူး” လို႔ ေျပာပါတယ္။