နှစ်သုံးဆယ်လုံးလုံး ဟော်တယ်ထဲနေပြီး ချောင်းလာသူတစ်ယောက်ရဲ့အတွေ့အကြုံ
Gerald Foos ဆိုတဲ့ အမျိုးသားဟာ Colorado မှာ နေထိုင်ပြီး သူဟာဟော်တယ်အပိုင်တစ်လုံးရှိသူဖြစ်ပါတယ်။ ဒီဟော်တယ်နာမည်ကတော့ The Manor House Hotel ပဲဖြစ်ပါတယ်။ သူဟာဟော်တယ်ပိုင်ရှင်ဖြစ်ပေမယ့် စုံတွဲတွေရဲ့ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေမှာ ဝင်ရောက်ပါဝင်ခဲ့တာဖြစ်ပါတယ်။
1966 ခုနှစ်ကနေစပြီး Gerald Foos ဟာ သူ့ဟော်တယ်ကိုလာတည်းသမျှ အမျိုးသမီးတွေနဲ့စုံတွဲတွေရဲ့အခန်းကို နှစ် 30 တိတိချောင်းကြည့်ခဲ့တဲ့ချောင်းကြည့်ဆုံးလူသားဖြစ်ပါတယ်။ သူဟာအခန်းတွေတိုင်းမှာလျှို့ဝှက်အပေါက်တွေဖောက်ပြီး လုံခြုံတဲ့နေရာကနေ ချောင်းကြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာမိန်းမရပြီးချိန်ထိ ဒီလိုအလုပ်ကိုလုပ်နေတာဖြစ်ပါတယ်။ နောက်တော့သူ့မိန်းမကိုပါခေါ်ပြပြီးချောင်းကြည့်နှစ်ယောက်ဖြစ်သွားပါတယ်။ သူတို့ဟာတချို့စုံတွဲတွေရဲ့အပြုအမူကို သရော်တာရယ်ပွဲဖွဲ့တာမျိုးလုပ်ပြီးချောင်းကြည့်တဲ့ကိစ္စကို ပုံမှန်လုပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်သူ့မိန်းမဟာကြာကြာမခံပဲ နာတာရှည်ရောဂါနဲ့ဆုံးပါးသွားခဲ့ပါတယ်။ နောက်တော့သူဟာနောက်ထပ်အိမ်ထောင်ထပ်ပြုလိုက်ပြီး အဲဒီဇနီးကိုလဲမယားကြီးလို စည်းရုံးပြီး အတူတူချောင်းကြည့်ခဲ့တာဖြစ်ပါတယ်။ 1980 ခုနှစ်မှာတော့ နယူးယောက်သားတစ်ဦးဖြစ်တဲ့ Gay Talese ဆိုတဲ့ဇာတ်ကောင်ကိုဖန်ဆင်းပြီး သူချောင်းကြည့်ခဲ့တဲ့အတွေ့အကြုံတွေအားလုံးကို ပြည်သူကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီလထဲမှာပဲ သူ့ဇာတ်ကောင်နဲ့ဇာတ်ကွက်နဲ့ သူချောင်းကြည့်ခြ့တြံအတွေ့အကြုံတွေကိုပေါင်းပြီး စာရေးခဲ့တာဖြစ်ပြီး New Yorker Magazine မှာ ပါဝင်လာပါတယ်။ သူဟာချောင်းကြည့်ခြင်းကိစ္စကို တော်တော်ငယ်တဲ့အချိန်ထဲက လုပ်ခဲ့တာလို့ဆိုပါတယ်။ သူ့အဒေါ်နဲ့ဦးလေးအတူနေတဲ့အချိန်တွေမှာ သွားချောင်းကြည့်ရာက ဒီအကျင့်က ပြင်မရဖြစ်သွားတယ်လို့ဆိုပါတယ်။ ဒီလိုချောင်းကြည့်နိုင်ဖို့ တချို့သောမျက်နှာကျက်တွေကို အတုတပ်ဆင်တာ တဖက်ကကြည့်ရင် မြင်ရတာတွေအတွက် သူဟာငွေတော်တော်သုံးခဲ့တယ်လို့ဆိုပါတယ်။
သူဟာဒါကိုအခန်းဆက်ရေးခဲ့တာဖြစ်ပြီး အိမ်နီးချင်းရဲ့ဇနီးတို့ဘာတို့ကအစ ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူဟာဒီလိုချောင်းကြည့်မှုတွေလုပ်ပြီး အိမ်ထောင်မှရိခင်ကတကိုယ်ရည်အာသာဖြေတတ်ပြီး သူကြည့်ခဲ့တဲ့အကြောင်းကိုလဲ ပြန်လည်မှတ်တမ်းတင်ပြီး ရေးလေ့ရှိပါတယ်။ 15 နှစ်ကျော်ချောင်းကြည့်ပြီးမှသိလာတာက တချို့က လက်တွေ့ဆန်ပြီး နူးညံ့ငြင်သာမှုကိုမကြိုက်ပဲ အမြဲတမ်းလော်ဆောနေတာဖြစ်ပါတယ်။ တကယ်တော့ သမီးရည်းစားဆိုရင်ငြ်သာတဲ့အထိအတွေ့နဲ့ နူးညံ့တဲံ ကိုင်တွယ်ပွတ်သပ်မှုတွေရှိရမယ်လို့ ထင်ခဲ့တာမှားမှန်းသိတော့တယ်လို့ရေးထားပါတယ်။
Foos ဟာ သူ့ကိုစာအုပ်တွေကသာ ဘဝကိုတည့်မတ်ပေးတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ သူဟာဒီလိုချောင်းကြည့်တာမကောင်းမှန်းသိလို့ သူ့ရဲ့လုပ်ရပ်ကို စာအုပ်ထဲကနေ တောင်းပန်လိုက်တာဖြစ်တယ်လို့ပြောပါတယ်။ ဒီလိုချောင်ကြည့်သူ့စာအုပ်ကိုပြန်ရေးတာ သူရိုးသားချင်လို့ပဲလို့ဆိုပါတယ်။ တကယ်တော့ အဲ့စာအုပ်ထွက်တဲ့အခါမှာ သူ့ကိုရဲတွေကအမှုတွေများစွာတပ်ပြီး ဖမ်းဆီးဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူတစ်ဦးထဲသာကြည့်ခဲ့ပြီး အများကိုပြန်လည်ဝေငှဖို့အတွက် ကင်မရာမှတ်တမ်းမထားရှိခြင်းကြောင့် သူဟာအပြစ်ကလွတ်ခဲ့ပါတယ်။
သူဟာ အပိုင်း 296 ပိုင်းပါတဲ့ စာတိုတွေရေးခဲ့တာဖြစ်ပြီး 195 ပိုင်းလောက်ဟာ မူမမှန်တဲ့အပြူအမူတွေနဲ့ ဆက်ဆံသူတွေရဲ့အကြောင်းပါတာဖြစ်ပါတယ်။ 62 %လောက်က မြန်မြန်ဆန်ဆန်နဲ့ကြမ်းကြမ်းရမ်းရမ်းပွဲသိမ်းလေ့ရှိတယ်လို့ သူကဆိုပါတယ်။ 12 %လောက်ကသာ ထူးခြားပြီးအချိန်ကြာကြာနဲ့ မပြီးနိုင်မစီးနိုင်ပြုနောဖြစ်ပါတယ်။ 22% ကတော့ စတင်လိုက်ပြီးမှဖြစ်မလာတော့တဲ့ စုံတွဲတွေဖြစ်တယ်လို့ရေးသားထားပါတယ်။
#Credit:Cancantwait2say
Zawgyi