နေတိုး ဘာရည်ရွယ်ချက်နဲ့ထားတာလဲ

နေတိုးတပ်ဖွဲ့ကတော့အစီးရေ ၅ စီးပါဝင်တဲ့ Northrop Grumman ထုတ် RQ-4D Phoenix တာဝေးအမြင့်ပျံ (HALE) ဒရုန်းစနစ်တွေကိုအသင့်ပြင်ထားလိုက်ပြီဖြစ်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါပြီ။

ဒါဟာစစ်ဆင်ရေးအတွက် ဖြစ်တယ်လို့လည်းဆိုပါတယ်။ Leonrop၊ Airbus နှင့် Kongsberg တို့အပါအဝင် Northrop Grumman ဦးဆောင်သည့်အဖွဲ့မှ တီထွင်ခဲ့သော AGS စနစ်ဟာနေတိုးတပ်မှူးများအား မြေပြင်အခြေအနေကိုပြည့်ပြည့်စုံစုံပုံဖော်နိုင်ရန် ကူညီထောက်ပံ့ပေးမှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

၎င်းနဲ့မဟာမိတ်နိုင်ငံပေါင်း ၃၀ ကျော်ရှိပြီး၎င်းနိုင်ငံတွေအတွက် နယ်စပ်တလျှောက်ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကို အချိန်နဲ့တစ်ပြေးညီသိရှိနိုင်စေဖို့အတွက် ကူညီနိုင်မှာဖြစ်တယ်လို့ နေတိုးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

RQ-4D Phoenix စနစ်တွေဟာ လက်ရှိစနစ်တွေထဲမှာအမြင်ဆုံးကနေထောက်လှမ်းနိုင်ပြီး ရာသီဥတုအမျိုးမျိုးမှာကောင်းစွာတာဝန်ထမ်းဆောင်နိုင်တဲ့ စနစ်တွေလည်းဖြစ်ပါတယ်။ နေတိုးအဖွဲ့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့စနစ်တစ်ခုလည်းဖြစ်ပါတယ်။

ဖွဲ့စည်းထားတဲ့ AGS စနစ်မှာ ဒရုန်း ၅ စီးနဲ့အတူ အမိန့်ပေးထိန်းချုပ်မှုစခန်းတွေပါဝင်ပါတယ်။ မြေပြင်ထိန်းချုပ်မှုစနစ်တွေပါဝင်တာကြောင့် ဆက်သွယ်မှု ကောင်းမွန်တယ်လို့ဆိုရမှာပါ။ ၎င်းစနစ်တွေကိုအီတလီနိုင်ငံ Sigonella မှာအခြေစိုက်မှာဖြစ်ပါတယ်။

ဒီစနစ်တွေကို နေတိုးမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Bulgaria, Czechia, Denmark, Estonia, Germany, Italy, Latvia, Lithuania, Luxembourg, Norway, Poland, Romania, Slovakia, Slovenia နဲ့ အမေရိကန်တို့ကလည်းဝယ်ယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ သို့သော်လည်းဒီစနစ်တွေကိုအသုံးပြုပြီး နေတိုးအဖွဲ့ဝင် ၃၀ နိုင်ငံအကြား သတင်းအချက်အလက်တွေကို မျှဝေသုံးစွဲမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။

Ref-MLeak