နေစရာမြေမရှိသူများကို သူဌေးတစ်ဦးက ၂၃၇ ဧက အကျယ်အဝန်းတွင် ရွာသုံးရွာ တည်ပေးမည်

မွန်ပြည်နယ်၌ နေစရာမြေမရှိသူများကို ဒေ သခံသူဌေး ဦးခွေးက ၎င်းပိုင် ရော်ဘာစိုက် ခင်း ၂၃၇ ဧကတွင် ရွာသုံးရွာ တည်ပေးမည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက စံတော်ချိန်သို့ ဒီဇင်ဘာ ၁၆ ရက်တွင် ပြောသည်။

‘မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တစ်ရက်သွားတွေ့ကြတယ်။ ပုံစံ(၇)ထုတ်ပေးဖို့က အစိုးရက စီမံချက် အကြီးကြီးတွေနဲ့ဆုံရင် ပေးမှာမဟုတ်ဘူး။သူတို့မှာအိုးအိမ်စီမံချက် ကြီးတွေ ရှိထားမယ်ဆိုရင်၊ အဲဒါ သွားစုံစမ်းတာ၊ ပြည်နယ်အစိုးရ စီမံချက်ဆွဲထားတဲ့အထဲ မပါဘူး’ဟု ဦးဉာဏ်ဟိန်းက ပြောသည်။

တည်မည့်ရွာများမှာမွန်ပြည်နယ်မုဒုံမြို့တွင် တစ်ရွာတည်မည်ဖြစ်ပြီးယင်းရွာသည် ပြည် ထောင်စုကားလမ်းမကြီးဘေး တစ်ဖာလုံခန့် ဝင်ရမည်ဖြစ်ကြောင်း၊ သံဖြူဇရပ်မြို့တွင် နှစ်ရွာတည်မည်ဖြစ်ကာ တစ်ရွာသည် သံဖြူဇရပ်နှင့် ဘုရားသုံးဆူကားလမ်းဘေးတွင် တည်မည်ဖြစ်ကာ နောက်တစ်ရွာသည်သံဖြူဇရပ်နှင့် ရေးကားလမ်းနံဘေးတွင်တည်ဆောက်မည် ဖြစ်ကြောင်း ဦးဉာဏ်ဟိန်းက ပြောသည်။

‘မြေစာရင်းနဲ့တိုင်းပြီး အကွက်တွေပါရိုက်မှာ။ လျှောက်လွှာတင်တဲ့လူ မဲနှိုက်ယူပေါ့။ မိသားစုသုံးထောင်လောက် နေစရာရသွားမယ်။ ရွာနာမည်ကတော့ ဦးခွေး၊ ဒေါ်ရွေး ရွာလို့ ပေးမယ်စိတ်ကူးတယ်’ဟု ဦးဉာဏ်ဟိန်းက ပြောသည်။ ဒေသခံသူဌေး ဦးခွေးသည် ရော်ဘာခြံဧကများစွာပိုင်ဆိုင်ပြီး သားသမီးများကိုလည်း အမွေပေးထားပြီးဖြစ်ကြောင်း၊ အိမ်ရာများနေထိုင်ခွင့်ကို ရောင်းစားမည်စိုးရိမ်၍ ၁၀ နှစ်စာချုပ်ဖြင့်ထားမည်ဖြစ် ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၏ အကျယ်အဝန်းသည် ၃၂၇ စတုရန်းမိုင်ရှိ၍ ကျေးရွာအုပ်စု ပေါင်း ၂၁ ရွာပါဝင်ပြီး မြို့နယ်တစ်ခုလုံးတွင် လူဦးရေ ၁၇၀၄၈၀ (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ) ရှိကြောင်း သိရသည်။ အများစုမှာ မွန်တိုင်းရင်းသားများနေထိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်း၊ ရော်ဘာစေး လုပ်ငန်း၊ ထင်းလုပ်ငန်း၊ ဆားချက်လုပ်ငန်းတို့ကို လုပ်ကိုင်ကြကြောင်း သိရသည်။

သတင်း – တေဇာဘုန်းမြင့်

Zawgyi
မြန္ျပည္နယ္၌ ေနစရာေျမမရွိသူမ်ားကို ေဒ သခံသူေဌး ဦးေခြးက ၎ပိုင္ ေရာ္ဘာစိုက္ ခင္း ၂၃၇ ဧကတြင္ ႐ြာသုံး႐ြာ တည္ေပးမည္ျဖစ္ေၾကာင္း သံျဖဴဇရပ္ၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဉာဏ္ဟိန္းက စံေတာ္ခ်ိန္သို႔ ဒီဇင္ဘာ ၁၆ ရက္တြင္ ေျပာသည္။

‘မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ တစ္ရက္သြားေတြ႕ၾကတယ္။ ပုံစံ(၇)ထုတ္ေပးဖို႔က အစိုးရက စီမံခ်က္ အႀကီးႀကီးေတြနဲ႔ဆုံရင္ ေပးမွာမဟုတ္ဘူး။သူတို႔မွာအိုးအိမ္စီမံခ်က္ ႀကီးေတြ ရွိထားမယ္ဆိုရင္၊ အဲဒါ သြားစုံစမ္းတာ၊ ျပည္နယ္အစိုးရ စီမံခ်က္ဆြဲထားတဲ့အထဲ မပါဘူး’ဟု ဦးဉာဏ္ဟိန္းက ေျပာသည္။

တည္မည့္႐ြာမ်ားမွာမြန္ျပည္နယ္မုဒုံၿမိဳ႕တြင္ တစ္႐ြာတည္မည္ျဖစ္ၿပီးယင္း႐ြာသည္ ျပည္ ေထာင္စုကားလမ္းမႀကီးေဘး တစ္ဖာလုံခန႔္ ဝင္ရမည္ျဖစ္ေၾကာင္း၊ သံျဖဴဇရပ္ၿမိဳ႕တြင္ ႏွစ္႐ြာတည္မည္ျဖစ္ကာ တစ္႐ြာသည္ သံျဖဴဇရပ္ႏွင့္ ဘုရားသုံးဆူကားလမ္းေဘးတြင္ တည္မည္ျဖစ္ကာ ေနာက္တစ္႐ြာသည္သံျဖဴဇရပ္ႏွင့္ ေရးကားလမ္းနံေဘးတြင္တည္ေဆာက္မည္ ျဖစ္ေၾကာင္း ဦးဉာဏ္ဟိန္းက ေျပာသည္။

‘ေျမစာရင္းနဲ႔တိုင္းၿပီး အကြက္ေတြပါ႐ိုက္မွာ။ ေလွ်ာက္လႊာတင္တဲ့လူ မဲႏႈိက္ယူေပါ့။ မိသားစုသုံးေထာင္ေလာက္ ေနစရာရသြားမယ္။ ႐ြာနာမည္ကေတာ့ ဦးေခြး၊ ေဒၚေ႐ြး ႐ြာလို႔ ေပးမယ္စိတ္ကူးတယ္’ဟု ဦးဉာဏ္ဟိန္းက ေျပာသည္။ ေဒသခံသူေဌး ဦးေခြးသည္ ေရာ္ဘာၿခံဧကမ်ားစြာပိုင္ဆိုင္ၿပီး သားသမီးမ်ားကိုလည္း အေမြေပးထားၿပီးျဖစ္ေၾကာင္း၊ အိမ္ရာမ်ားေနထိုင္ခြင့္ကို ေရာင္းစားမည္စိုးရိမ္၍ ၁၀ ႏွစ္စာခ်ဳပ္ျဖင့္ထားမည္ျဖစ္ ေၾကာင္း သိရသည္။

သံျဖဴဇရပ္ၿမိဳ႕နယ္၏ အက်ယ္အဝန္းသည္ ၃၂၇ စတုရန္းမိုင္ရွိ၍ ေက်း႐ြာအုပ္စု ေပါင္း ၂၁ ႐ြာပါဝင္ၿပီး ၿမိဳ႕နယ္တစ္ခုလုံးတြင္ လူဦးေရ ၁၇၀၄၈၀ (၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ) ရွိေၾကာင္း သိရသည္။ အမ်ားစုမွာ မြန္တိုင္းရင္းသားမ်ားေနထိုင္ၾကၿပီး စိုက္ပ်ိဳးေရးလုပ္ငန္း၊ ေရာ္ဘာေစး လုပ္ငန္း၊ ထင္းလုပ္ငန္း၊ ဆားခ်က္လုပ္ငန္းတို႔ကို လုပ္ကိုင္ၾကေၾကာင္း သိရသည္။

သတင္း – ေတဇာဘုန္းျမင့္