နိုင်ငံပေါင်း ၁၀၀ အထိ သွားရောက်ပြီ မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့တဲ့ အားကျစရာချစ်သူစုံတွဲ

မင်္ဂလာပွဲဆိုတာ ချစ်သူနှစ်ဦးစလုံးအတွက် တသက်တာမေ့မရတဲ့ အမှတ်တရတခုပါပဲ။ အမျိုးသမီးအတွက် အမှတ်တရရော ဂုဏ်သိက္ခာအတွက်ပါ အရေးကြီးတဲ့ပွဲဖြစ်ပါတယ်။ ဒါကြောင့် တချို့စုံ‌တွဲတွေက မင်္ဂလာပွဲကို ခမ်းခမ်းနားနားနဲ့ တသက်တာမေ့မရအောင် ငွေကြေးများစွာ အကုန်အကျခံပြီး ကျင်ပကြပါတယ်နော်။

မင်္ဂလာပွဲတစ်ခု ကျင်းပဖို့အတွက် ငွေကြေးကုန်ကျမှုနှင့် အချိန်ယူပြင်ဆင်ရခြင်းဟာ အလွန်မလွယ်ကူသော အလုပ်တစ်ခုဖြစ်ပါတယ်။ ငွေကြေးချို့တဲ့ သူများအတွက် မင်္ဂလာပွဲဆိုတာ အလွန်ခက်ခဲသော အခမ်းအနားလေးဖြစ်သော်လည်း ချမ်းသာကြွယ်ဝသူများအတွက် စိတ်ရှိတိုင်း လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ နိုင်ငံပေါင်း ၁၀၀ အထိသွားရောက်ပြီး မင်္ဂလာပွဲကျင်းပခဲ့တဲ့ စုံတွဲတတွဲအကြောင်းပါနော်။

ဗီယက်နမ်မှ အသက် ၂၉ နှစ်အရွယ် မစ္စတာ Vu Thi Quynh နှင့် မစ္စ Hoa တို့ချစ်သူစုံတွဲ နှစ်ဦးလုံးဟာ ခရီးသွားရတာကို အလွန်ဝါသနာပါသူတွေ ဖြစ်ပါတယ်။ ထို့ကြောင့် မင်္ဂလာပွဲကိုလည်း နိုင်ငံပေါင်း ၁၀၀ အထိကို သွားရောက်လည်ပတ်ရင်း မင်္ဂလာပွဲလေးကျင်းပပြီး အမှတ်တရတွေ ရယူခဲ့ပါတယ်။

နိုင်ငံပေါင်း ၁၀၀ ရှိပြီဖြစ်သော်လည်း စုံတွဲနှစ်ဦးဟာ နောက်ထပ် ၉၅ နိုင်ငံအထိကို ထပ်မံလည်ပတ်ရန် စီစဥ်နေပြီး စုစုပေါင်းနိုင်ငံ ၁၉၅ နိုင်ငံအထိကို သွားနိုင်ရန် စိတ်ကူးထားကြတယ်လို့ သတင်းစာတွေဖော်ပြထားပါတယ်နော်။

ပရိတ်သတ်ကြီးလဲ ဒီသတင်းကိုဖတ်ပြီး အားကျနေမယ်ထင်ပါတယ်နော်။ ဒီတော့ ကိုယ်ရဲ့မင်္ဂလာပွဲကို ဘယ်လိုအမှတ်တရတွေနဲ့ ကျင်ပကြမလဲဆိုတာ ပြောပြပေးပါအုံးနော်

Nyo Nyo (boomnews)

Zawgyi






Nyo Nyo (boomnews)