နိဗ္ဗာန်ယာဉ် မောင်းရင်းနဲ့ ထူးဆန်းစွာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကို ပြောပြလာတဲ့ဦးကျော်သူ

ဦးကျော်သူကတော့ နိဗ္ဗာန်ယာဉ်မောင်းနဲ့ ထူးဆန်းစွာကြုံတွေ့ခဲ့ရတာကို ခုလိုဘဲ ပြောပြတာပါ။ဦးကျော်သူကထူးခြားသည့် တတိယအသုဘရှုခြင်း ယနေ့ တတိယမြောက်နာရေးကူညီမှု လမ်းကြောင်းသည်ကား ဒဂုံမြောက်)ရှိ အဘိုး ဦးမြင့်ဆွေ အသက်(၉၀)နှစ်၏ လမ်းကြောင်းဖြစ်ပါတယ်။

အဘိုးဟာ ယနေ့ မနက်အစောပိုင်းတွင် တရားရှုမှတ် ရင်းဖြင့် ဘဝကူးသွားသူဖြစ်သည်နှင့် အညီ နေ့လယ် ၂:၃၀ အချိန် အထိ အနံ့မထွက်ခြင်း၊ ကိုယ်လက်ခေါင်းလည်ပင်း စသည်တို့ဟာ တိုက်ခန်း(၅)ထပ်မှ လှေခါးမှတစ်ဆင့် မြေညီထပ်သို့ သယ်ပိုးချရာမှာ ပျော့ပြောင်းနေခြင်းတို့ကို မြင်တွေ့ကြုံတွေ့ခဲ့ရပါတယ်။ပရဟိတသမားများရဲ့ ဈာပနကူညီမှု ဗြဟ္မစိုရ်ခြေလှမ်းများ (တတိယ ကူညီမှုလမ်းကြောင်း)

၂၀၂၀ ၊ ဒီဇင်ဘာလ ၊ (၂၀) ယနေ့ နေ့လယ်(၂း၀၀)နာရီ ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်မြောက်ပိုင်း)မြို့နယ် ၊ ဆောင်းဟေမာန်အိမ်ရာရှိ နေအိမ်မှာ ကွယ်လွန်သွားသော ဦးမြင့်ဆွေအသက်(၉၀) နှစ်ရဲ့ ရုပ်ခန္ဓာအား မီးသြင်္ဂိုဟ်ရန် နေအိမ်မှ ရေဝေးသုသာန်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ နိဗ္ဗာန်ယာဉ်မောင်းနှင်ပြီး စေတနာ့လုပ်အားပေး အသင်းသား ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို နှင့် တနင်္ဂနွေနေ့ လုပ်အားပေး အသင်းသား/အသင်းသူများမှ ဖေးမကူညီပေးခဲ့ပါတယ်။အဘိုး ဦးမြင့်ဆွေ ကောင်းရာသုဂတိလားမည်မှာ ဧကန်မုချဖြစ်ပေသည် ဆိုပြီးတော့ ပြောပြလာခဲ့တာဘဲ ဖြစ်ပါတယ်နော်။

source;ကျော်သူ
Zawgyi



source;ကျော်သူ