နမ့်စမ်စစ်ကောင်စီတပ် အစည်းအဝေး ရှမ်းတောင် SSS-G အဖွဲ့က ဝင်တိုက်၊စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံးဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စမ်မြို့တွင် သြဂုတ်လ ၁၅ ရက်​နေ့ စစ်​ကောင်စီ တပ်တွင်းတံခါးပိတ် အစည်းအဝေးပြုလုပ်နေစဉ် ရှမ်းတောင် SSS-G အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု Southern Shan State Generations အဖွဲ့ထံမှ သိရသည်။

အဆိုပါအစည်းအဝေးသို့ နေပြည်တော်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးလာရောက်ပြီး အဆိုပါဗိုလ်ကြီးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးကြောင်း၊ SSS-G က တိတ်တဆိတ်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က စစ်ကူများခေါ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ SSS-G အဖွဲ့မှ ၁ ဦး ကျည်ဆံထိမှန်ခဲ့ပြီး မစိုးရိမ်ရကြောင်း SSS-G က သတင်းထုတ်ပြန်သည်။

နမ့်စမ်မြို့တွင် စစ်ကောင်စီမှ ခ.လ.ရ ၂၄၇ တပ်ရင်းဖြင့် အခြေစိုက်လှုပ်ရှားပြီး SSS-G ကဝင်ရောက်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Zawgyi

ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စမ္ၿမိဳ႕တြင္ ၾသဂုတ္လ ၁၅ ရက္​ေန႔ စစ္​ေကာင္စီ တပ္တြင္းတံခါးပိတ္ အစည္းအေဝးျပဳလုပ္ေနစဥ္ ရွမ္းေတာင္ SSS-G အဖြဲ႕က ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ၿပီး ဗိုလ္ႀကီး ၁ ဦးအပါအဝင္ ၁၀ ဦးထက္မနည္းေသဆုံးခဲ့သည္ဟု Southern Shan State Generations အဖြဲ႕ထံမွ သိရသည္။

အဆိုပါအစည္းအေဝးသို႔ ေနျပည္ေတာ္မွ ဗိုလ္ႀကီးအဆင့္ရွိသူ ၁ ဦးလာေရာက္ၿပီး အဆိုပါဗိုလ္ႀကီးအပါအဝင္ ၁၀ ဦးထက္မနည္းေသဆုံးေၾကာင္း၊ SSS-G က တိတ္တဆိတ္ဝင္ေရာက္ပစ္ခတ္ခဲ့ေၾကာင္း၊ စစ္ေကာင္စီတပ္က စစ္ကူမ်ားေခၚသျဖင့္ ျပန္လည္ဆုတ္ခြာခဲ့ရေၾကာင္း၊ SSS-G အဖြဲ႕မွ ၁ ဦး က်ည္ဆံထိမွန္ခဲ့ၿပီး မစိုးရိမ္ရေၾကာင္း SSS-G က သတင္းထုတ္ျပန္သည္။

နမ့္စမ္ၿမိဳ႕တြင္ စစ္ေကာင္စီမွ ခ.လ.ရ ၂၄၇ တပ္ရင္းျဖင့္ အေျခစိုက္လႈပ္ရွားၿပီး SSS-G ကဝင္ေရာက္ပစ္ခတ္မႈႏွင့္ ပတ္သက္ၿပီး ရန္ကုန္ေခတ္သစ္အေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။