ဒေါ်အောင်ဆန်းစုကြည်အတွက် အလှူငွေများလက်ခံမည်မဟုတ်ဟု ရှေ့နေဦးခင်မောင်ဇော်အသိပေး

ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် အလှူရှင်များမှ လှူဒါန်းရန်ဆက်သွယ်မှုများရှိလာသော်လည်း လက်ခံမည်မဟုတ်ကြောင်း၊ လက်ရှိအချိန်အထိ ၎င်း၏စရိတ်ဖြင့်သာနေထိုင်နေကြောင်း အမှုများလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးခင်မောင်ဇော်က ယမန်နေ့(ဇွန် ၇ ရက်) ညတွင် လူမှုကွန်ရက်မှတစ်ဆင့် အများပြည်သူအားအသိပေးရေးသားထားသည်။

“ဒေါ်မင်းမင်းစိုးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ပြောပြတဲ့ သူအခုထိသူ့စရိတ်နဲ့သူပဲ နေနေတယ်ဆိုတာကိုမျှဝေလိုခြင်းပါ။ သူ့ငွေရေးကြေးရေးအခြေအနေက သူနဲ့ရင်းနှီးတဲ့ရှေ့နေတွေကိုတိုင်ပင်တာပါ။ သူကလူထုကိုပြောစေတာလဲမဟုတ်၊ သိစေတာလဲမဟုတ်ပါ။ ကျွန်တော်တို့ရှေ့နေတွေကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက်ဆိုပြီး အလှူငွေစသည်ပေးပို့တာကို လက်ခံမှာ၊ရယူမှာမဟုတ်ပါ” ဟု

ဦးခင်မောင်ဇော်က ဖြေရှင်းခဲ့သည်။

ထို့ပြင်ရှေ့နေများကိုယ်တိုင်က အခမဲ့ရှေ့နေလိုက်ပေးခြင်းဖြစ်ပြီး ရှေ့နေခသာမကမည်သည့်စရိတ်စကကိုမှ လက်မခံကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်၍ ငွေကြေးပစ္စည်းများမပေးပို့ကြရန် မေတ္တာရပ်ခံကြောင်း ဦးခင်မောင်ဇော်ကဆိုသည်။

ယမန်နေ့က ရုံးချိန်းအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့်အမှုများကို ရိုးရှင်းသောအမှုများအဖြစ်သတ်မှတ်ပြီး (၆) လအတွင်း အပြီးသတ်စစ်ဆေးရန် တရားသူကြီးကသဘောတူခဲ့ပြီး ဇွန် ၁၄ ရက်မှစ၍ တစ်ပတ်နှစ်ရက် ပုံမှန်ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်

Zawgyi

ထိန္းသိမ္းခံထားရသည့္ ေဒၚေအာင္ဆန္းစုၾကည္အတြက္ အလႉရွင္မ်ားမွ လႉဒါန္းရန္ဆက္သြယ္မႈမ်ားရွိလာေသာ္လည္း လက္ခံမည္မဟုတ္ေၾကာင္း၊ လက္ရွိအခ်ိန္အထိ ၎၏စရိတ္ျဖင့္သာေနထိုင္ေနေၾကာင္း အမႈမ်ားလိုက္ပါေဆာင္႐ြက္ေပးေနသည့္ ေရွ႕ေနဦးခင္ေမာင္ေဇာ္က ယမန္ေန႔(ဇြန္ ၇ ရက္) ညတြင္ လူမႈကြန္ရက္မွတစ္ဆင့္ အမ်ားျပည္သူအားအသိေပးေရးသားထားသည္။

“ေဒၚမင္းမင္းစိုးေျပာခ်င္တာက ေဒၚေအာင္ဆန္းစုၾကည္ေျပာျပတဲ့ သူအခုထိသူ႔စရိတ္နဲ႔သူပဲ ေနေနတယ္ဆိုတာကိုမွ်ေဝလိုျခင္းပါ။ သူ႔ေငြေရးေၾကးေရးအေျခအေနက သူနဲ႔ရင္းႏွီးတဲ့ေရွ႕ေနေတြကိုတိုင္ပင္တာပါ။ သူကလူထုကိုေျပာေစတာလဲမဟုတ္၊ သိေစတာလဲမဟုတ္ပါ။ ကြၽန္ေတာ္တို႔ေရွ႕ေနေတြကလည္း ေဒၚေအာင္ဆန္းစုၾကည္အတြက္ဆိုၿပီး အလႉေငြစသည္ေပးပို႔တာကို လက္ခံမွာ၊ရယူမွာမဟုတ္ပါ” ဟု

ဦးခင္ေမာင္ေဇာ္က ေျဖရွင္းခဲ့သည္။

ထို႔ျပင္ေရွ႕ေနမ်ားကိုယ္တိုင္က အခမဲ့ေရွ႕ေနလိုက္ေပးျခင္းျဖစ္ၿပီး ေရွ႕ေနခသာမကမည္သည့္စရိတ္စကကိုမွ လက္မခံေၾကာင္းႏွင့္ ေဒၚေအာင္ဆန္းစုၾကည္အတြက္ ရည္႐ြယ္၍ ေငြေၾကးပစၥည္းမ်ားမေပးပို႔ၾကရန္ ေမတၱာရပ္ခံေၾကာင္း ဦးခင္ေမာင္ေဇာ္ကဆိုသည္။

ယမန္ေန႔က ႐ုံးခ်ိန္းအၿပီးတြင္ ေဒၚေအာင္ဆန္းစုၾကည္အား တရားစြဲဆိုထားသည့္အမႈမ်ားကို ႐ိုးရွင္းေသာအမႈမ်ားအျဖစ္သတ္မွတ္ၿပီး (၆) လအတြင္း အၿပီးသတ္စစ္ေဆးရန္ တရားသူႀကီးကသေဘာတူခဲ့ၿပီး ဇြန္ ၁၄ ရက္မွစ၍ တစ္ပတ္ႏွစ္ရက္ ပုံမွန္႐ုံးထုတ္စစ္ေဆးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း – စံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္