ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်ချယ်ရီထက် NUG နဲ့ဆက်သွယ်လို့ဆိုပြီး စစ်ဆေးခံနေရ

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်တာဝန်ယူခဲ့သူ ချယ်ရီထက်ကို NUG နဲ့ ဆက်သွယ်မှုကြောင့် စစ်ဆေးမှုတွေလုပ်နေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပါတယ်။

ချယ်ရီထက်ကိုအမှုဖွင့်ထားပြီလို့ သတင်းတွေထွက်ပေါ်နေပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ဆေးဆဲပဲရှိသေးတယ်လို့ ဘီဘီစီကိုပြောပါတယ်။

ချယ်ရီထက်ဖမ်းဆီးခံလိုက်ရတဲ့သတင်းကို CDM လုပ်သွားတဲ့ တပ်မတော်သားတချို့နဲ့ ရဲတပ်ဖွဲ့ဝင်တချို့က ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက လူမှုကွန်ရက်မှာတင်ခဲ့ကြပါတယ်။

အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့က ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဥ်တွေမှာ အမြဲမြင်တွေ့ရလေ့ရှိပြီး လူသိများသူတစ်ဦးဖြစ်ပါတယ်။

Credit ဘီဘီစီ မြန်မာပိုင်း

Zawgyi

ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သက္ေတာ္ေစာင့္တာဝန္ယူခဲ့သူ ခ်ယ္ရီထက္ကို NUG နဲ႔ ဆက္သြယ္မႈေၾကာင့္ စစ္ေဆးမႈေတြလုပ္ေနတယ္လို႔ စစ္ေကာင္စီ သတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အတည္ျပဳပါတယ္။

ခ်ယ္ရီထက္ကိုအမႈဖြင့္ထားၿပီလို႔ သတင္းေတြထြက္ေပၚေနၿပီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ စစ္ေဆးဆဲပဲရွိေသးတယ္လို႔ ဘီဘီစီကိုေျပာပါတယ္။

ခ်ယ္ရီထက္ဖမ္းဆီးခံလိုက္ရတဲ့သတင္းကို CDM လုပ္သြားတဲ့ တပ္မေတာ္သားတခ်ိဳ႕နဲ႔ ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕က ၿပီးခဲ့တဲ့ရက္ပိုင္းေတြကတည္းက လူမႈကြန္ရက္မွာတင္ခဲ့ၾကပါတယ္။

အၾကမ္းဖက္ႏွိမ္နင္းေရးတပ္ဖြဲ႕က ခ်ယ္ရီထက္ဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ခရီးစဥ္ေတြမွာ အၿမဲျမင္ေတြ႕ရေလ့ရွိၿပီး လူသိမ်ားသူတစ္ဦးျဖစ္ပါတယ္။

Credit ဘီဘီစီ ျမန္မာပိုင္း