ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ဖြင့်ရေးသားခဲ့ ကိုမင်းကိုနိူင်ရဲ့ကဗျာ

“ ​ဝေမြဲနှင်းဆီ ”

ဟိုတုန်းက ပြပွဲတွေမှာနှင်းဆီတပွင့်ပုံ တင်ချိတ်ရုံနဲ့ပန်းချီကားလည်း အဖြုတ်ခံရ

ရေးဆွဲသူလည်း အစစ်ခံရတယ်

မိခင်က ရင်သွေးကို နို့ချိုကျွေးမယ်

ဘာအဓိပ္ပာယ်လဲ မေးစရာလား

မိခင်က ရင်သွေးကိုအသက်ကယ်ပေးမယ်

ဘာရည်ရွယ်လဲ မေးစရာလား

ပုဆိန်ရိုး ..တဲ့

ချိုးဖဲ့တိုင်း ကြွေရရင်

​ဝေပြစရာတောင် ကျန်မှာမဟုတ်

ခုတော့ ပုံတူကိုယ်ပွားတွေ တောလုံးဝေပြီ

အို..နှင်းဆီ…

ရန်လိုတိုက်ခိုက်သူများအတွက်

ဘယ်လိုရင့်ကျက်

ရက်စက်ရိုင်းစိုင်းမှုများကိုဘယ်လို ဖြတ်ကျော်

သူ့ကျင့်စဉ်အလှ ကမ္ဘာမြေရဲ့ သင်ရိုးအဖြစ် ပြဌာန်းရပြီ ။ဝေမြဲနှင်းဆီ

ဣနြေ္ဒ္ဒဖြင့် ရှေ့ကိုပဲကြည့်နေသည်။

#မင်းကိုနိုင်

(၁၉/ဇွန်/၂၀၁၆)

Zawgyi

“ ​ေဝၿမဲႏွင္းဆီ ”

ဟိုတုန္းက ျပပြဲေတြမွာႏွင္းဆီတပြင့္ပုံ တင္ခ်ိတ္႐ုံနဲ႔ပန္းခ်ီကားလည္း အျဖဳတ္ခံရ

ေရးဆြဲသူလည္း အစစ္ခံရတယ္

မိခင္က ရင္ေသြးကို ႏို႔ခ်ိဳေကြၽးမယ္

ဘာအဓိပၸာယ္လဲ ေမးစရာလား

မိခင္က ရင္ေသြးကိုအသက္ကယ္ေပးမယ္

ဘာရည္႐ြယ္လဲ ေမးစရာလား

ပုဆိန္႐ိုး ..တဲ့

ခ်ိဳးဖဲ့တိုင္း ေႂကြရရင္

​ေဝျပစရာေတာင္ က်န္မွာမဟုတ္

ခုေတာ့ ပုံတူကိုယ္ပြားေတြ ေတာလုံးေဝၿပီ

အို..ႏွင္းဆီ…

ရန္လိုတိုက္ခိုက္သူမ်ားအတြက္

ဘယ္လိုရင့္က်က္

ရက္စက္႐ိုင္းစိုင္းမႈမ်ားကိုဘယ္လို ျဖတ္ေက်ာ္

သူ႔က်င့္စဥ္အလွ ကမာၻေျမရဲ႕ သင္႐ိုးအျဖစ္ ျပဌာန္းရၿပီ ။ေဝၿမဲ.ႏွင္းဆီ

ဣေျႏၵၵျဖင့္ ေရွ႕ကိုပဲၾကည့္ေနသည္။.

#မင္းကိုႏိုင္

(၁၉/ဇြန္/၂၀၁၆)