ဒေါင်းငှက်တွေအကြောင်း သိကောင်းစရာအချက် ၁၂ ချက်

သင့်အနေနဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပန်းခြံတွေ၊ လယ်ကွင်းတွေ နဲ့ တိရိစ္ဆာန်ရုံတွေမှာ ဒေါင်းတွေကိုမြင်ဖူးပေမယ့် ဥဒေါင်းနဲ့ ပတ်သတ်ပြီး ဒါတွေကိုတော့သိမှာမဟုတ်ပါဘူး။

အပြာရောင်နှင့် အစိမ်းရောင်ရောယှက်​နေတဲ့ ဒေါင်းများဟာ တောက်ပသောအမွှေးအမျှင်များရှိသော ဒဏ္ဍရီလာသတ္တဝါများ​​ဖြစ်ကြပြီး အာရှတိုက်တွင်သာရှိပါတယ်။ သူတို့ရဲ့ထူးခြားတဲ့အလှတရားတွေက သူတို့ကိုကမ္ဘာတစ်ဝှမ်းလုံးကို လွှမ်းမိုးပေးနိုင်​ခဲ့ပါတယ်။

သူတို့ရဲ့ဆွဲဆောင်မှုရှိတဲ့ အမြှီးအမွှေးတွေထက် peafowl မျိုးစိတ်တွေမှာ နောက်ထပ်ဆွဲဆောင်စိတ်ဝင်စားစရာတွေ ရှိပါသေးတယ်။ အောက်ဖော်ပြပါ အချက် (၁၂ ) ချက်တွင် ဥဒေါင်းတွေရဲ့ အနုစိတ်သဘာဝကို စူးစမ်းလေ့လာနိုင်ပါတယ်။

(၁) ဒေါင်းအထီးတွေမှာသာ ရှည်လျားလှပတဲ့ အမွှေးအတောင်တွေရှိတာပါ
အခြားငှက်မျိုးစိတ်များကဲ့သို့ပင် ၎င်းဟာစွဲမက်ဖွယ်အရောင် နှင့် ချစ်စရာကောင်းသော အလှဆင်အမြှီးအမွှေးအတောင် ​ရှိတဲ့ peafowl မျိုးစိတ်၏ အထီးဖြစ်ပါတယ်။

အထီးတွေကို peacocks ဟုခေါ်ပြီး အမတွေကိုတော့ peahens ဟုခေါ်ပါတယ်။ အထီးအမနှစ်မျိုးလုံးကို ခြုံပြီးတော့ peacocks ဟုခေါ်ကြပါတယ်။ သူတို့တွေဟာ peafowl မျိုးစိတ်ဖြစ်ကြပီး ကြွားဝါခြင်းသို့မဟုတ် လူစုလူဝေးဖြစ်အောင် အလှပြစုဆောင်းသူ ဟုခေါ်ပါတယ်။

(၂) ဒေါင်း​တွေရဲ့အမြှီးအမွှေးများပေါက်ရန် သုံးနှစ်ကြာပါတယ်
သူတို့ဟာပေါက်လာပြီး လပေါင်းများစွာကြာတဲ့အခါ အထီးနှင့် အမဟာ မက်မွန်သီးလေးတွေနဲ့တူကြပါတယ်။ အထီးတွေဟာ သုံးလသားအရွယ်အထိ အမွှေးအမျှင်တွေက စတင်မဖွံဖြိုးကြသေးပါဘူး။ သုံးနှစ်သားအရွယ်ရောက်မှ အမွှေးအတောင် အစုံအလင်ပေါက်လာကြတာပါ။

(၃) အိန္ဒိယတွင် ဒေါင်းဟာနိုင်ငံရဲ့အမျိုးသားငှက် ဖြစ်ပါတယ်
၁၉၆၃ ခုနှစ်တွင် အပြာရောင်အိန္ဒိယဥဒေါင်းငှက် (Pavo cristatus)ကို အိန္ဒိယရဲ့အမျိုးသားငှက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ IUCN ၏အဆိုအရ ၎င်းမျိုးစိတ်ဟာ အိန္ဒိယတိုက်ငယ်တစ်ခုလုံးပါးလွှမ်းခြုံထားပြီး အစိုးရိမ်ရဆုံးမျိုးစိတ်တစ်ခုလည်းဖြစ်တယ်ဟု ဆိုပါတယ်။

အိန္ဒိယဒေါင်းတွေဟာ ဘုရားများ၊ နတ်ဘုရားများ ၊ မင်းမျိုးမင်းနွယ်နဲ့ ဆက်စပ်မှုများအပါအဝင် အိန္ဒိယအနုပညာ နှင့် ဟိန္ဒူဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုတွေမှာ သရုပ်ဖော်တဲ့ အစဉ်အလာရှိပါတယ်။

(၄)ဥဒေါင်းအမွှေးအတောင်တွေဟာ ပုံမှန်လဲလေ့ရှိသလား
ဒေါင်းများဟာ မိတ်လိုက်ရာသီပြီးသောအခါ နှစ်စဉ်အမွှေးများကို သဘာဝအတိုင်းလဲစေပါတယ်။ ထိုတောက်ပတဲ့ပုံစံရှိတဲ့ အမွှေးအတောင်တွေကိုစုဆောင်း၍ သိမ်းထားလိုသူတွေ များကြပါတယ်။

(၅) ဒီထူးခြားတဲ့အမွှေးအတောင်တွေဟာ အထီးတွေအမ​တွေကို ဆွဲဆောင်ဖို့အတွက်ဘဲဖြစ်ပါတယ်
ဒေါင်းတွေဟာ သူတို့ရဲ့အမွှေးအတောင်တွေကို ဖြန့်လိုက်တဲ့အခါ ကျွန်ုပ်တို့လူသားတွေရဲ့ မျက်လုံးထဲမှာ နှစ်သက်ဖွယ်ဆွဲဆောင်မှုရှိပြီး သဘောကျစရာကောင်းနေပါတယ်။ အထီးတွေဟာ ဖိုသံဆက်တိုက်ပေးပြီး အနောက်ကဆွဲမက်ဖွယ်ကောင်းတဲ့ အစက်အပြောက်တွေပါတဲ့အ​မြှီးကို ဖြန့်ကျက်ကြပါတယ်။

(peahens)​ဥဒေါင်းအမတွေဟာ သူတို့အနီးအနားမှာရှိတဲ့ ဒေါင်းဖိုရဲ့ကြံ့ခိုင်မှုကို ဤအမြင်ပြသမှုဖြင့် ဆုံးဖြတ်ကြပါတယ်။
သိပ္ပံပညာရှင်တစ်ချို့ရဲ့သီအိုရီအရ အထီးတွေရဲ့အမွှေးအတောင်တွေဟာ ဘလူးဘယ်ရီသီးနဲ့တူနေတာကြောင့် အမတွေအတွက် ဆွဲဆောင်မှုရှိတယ်ဟု ဆိုပါတယ်၊

တစ်ချို့ကလည်း အရောင်အသွေးစုံတဲ့ ဖြန့်ကျက်ထားတဲ့ အမှီးဟာ သားကောင်တွေရန်မှ ကာကွယ်ပေးတယ်လို့လည်း ဆိုကြပါတယ်။ တကယ်တော့ အထီးတွေရဲ့ဖိုသံပေးခြင်း အမြှီးတွေကို ခါပြခြင်း ၊ လှုပ်ပြခြင်းတွေဟာ အမတွေမိတ်လိုက်ဖော် ရွေးချယ်ခြင်းအတွက် အလွန်အရေးကြီးတာ တွေ့ရပါတယ်။

(၆) ဒေါင်းတွေရဲ့ခေါင်းပေါ်မှာရှိတဲ့ အမောက်ဟာ အလွန်အရေးပါတဲ့ အာရုံခံပစ္စည်းများဖြစ်ကြပါတယ်
ဒေါင်းတွေရဲ့ စွဲမက်ဖွယ်ကောင်းသော အမွှေးအတောင်များနှင့်အတူ သရဖူလေးဆောင်းထားတာနဲ့တူတဲ့ သူတို့ရဲ့အမောက်တွေကိုတော့ လျစ်လျူရှုထားကြပါတယ်။ Peafowl မျိုးစိတ်တွေအတွက် အမောက်များဟာ မိတ်လိုက်ရာတွင် အရေးပါသော ရည်ရွယ်ချက်တစ်ခုအဖြစ် ဆောင်ရွက်ပါတယ်။

အထူးသဖြင့်ဒေါင်းအထီးကော အမကောရှည်လျားတဲ့ အမောက်တွေပါကြတယ်။ ဒါပေမဲ့အမတွေဟာ အမောက်တွေကို အလှပြဖို့ထက် အာရုံခံအနေနဲ့သုံးပါတယ်။ အထီးတွေဟာ သူတို့ရဲ့အမြှီးတွေကို လှုပ်ခါပြီး (သိပ္ပံပညာရှင်များရဲ့ တိုင်းတာချက်အရ တစ်စက္ကန့်လျှင် ၂၅ ကြိမ်ခန့် ရှိတယ်ဟုဆိုတယ်) အမတွေကို ဆွဲဆောင်ပါတယ်။

အမတွေဟာ အထီးတွေရဲ့အပြုအမူကိုမြင်ရပြီး ခေါင်းအထက်မှာရှိတဲ့ သရဖူပုံစံအမောက်အာရုံခံမှတဆင့် အာရုံခံစားမိကြပါတယ်။

(၇) ဒေါင်း​တွေဟာ လူ့ယဉ်ကျေးမှုများစွာ၌ ရှည်လျားပြီး လေးစားစရာကောင်းတဲ့ သမိုင်းတွေရှိပါတယ်

အိန္ဒိယနိုင်ငံရဲ့ အမျိုးသားငှက် အဖြစ် ၎င်းတို့၏ အဆင့်အတန်း​ ပြယုဒ်​တွေအပြင် ဒေါင်းများဟာ ဂရိဒဏ္ဍရီတစ်ခုတွင်လည်း ပါ၀င်ပတ်သတ်ပါတယ်။

ဒေါင်းတွေဟာ မသေခြင်း၏ သင်္ကေတဖြစ်တယ်ဟု ဆိုပါတယ်။ Ashkenazi ဂျူးလူမျိုးများဟာ ရွှေဒေါင်းများကို တီထွင်ဖန်တီးမှု၏ သင်္ကေတများအဖြစ် ထည့်သွင်းထားကြပါတယ်။

Peacock flying

အစောပိုင်းခရစ်ယာန် mosaics များ နှင့် ပန်းချီကားများတွင် ဥဒေါင်းများကို သရုပ်ဖော်လေ့ရှိပါတယ်။

သူတို့ရဲ့ အမြှီးအမွှေးအတောင်ပေါ်ရှိ “မျက်လုံးများ” ဟာ အလုံးစုံမြင်သောဘုရားသခင် သို့မဟုတ် ဘုရားကျောင်းတော်ကို ကိုယ်စားပြုတယ်ဟု ယူဆခဲ့ကြပါတယ်။

ရှေးခေတ်ပါရှားနိုင်ငံတွင် ဒေါင်းများဟာ သက်ရှိသစ်ပင် နှင့် ဆက်စပ်ခဲ့တယ်ဟု ပြောကြပါတယ်။

(၈) ဒေါင်းတွေကို စားဖွယ်အဖြစ် အသုံးပြုကြခြင်း

အလယ်ခေတ်တုန်းက ချမ်းသာကြွယ်ဝသူတွေဟာ သူတို့ရဲ့ ချမ်းသာကြွယ်ဝတဲ့ လက္ခဏာတစ်ခုအနေနဲ့ ထူးခြားဆန်းပြားတဲ့ တိရိစ္ဆာန်တွေကို စားဖွယ်အဖြစ် အသုံးပြုကြပါတယ်။

သူတို့ဟာ သာမာန် တောင်သူလယ်သမားတွေ စားတဲ့ အစားအစာမျိုးတွေကို မစားကြပါဘူး။

ထိုအချိန်က ချက်ပြုတ်နည်းများတွင် ဒေါင်းများကို ပွဲတော်တစ်ခုအတွက် မည်သို့ပြင်ဆင်ပုံကို ဖော်ပြထားပါတယ်။

အရေခွံကို အမွှေးအတောင်တွေနဲ့ တွဲလျက် ဖယ်ပြီး ချက်ပြုတ်ပြီး အနံအရသာနဲ့ပြည့်စုံတဲ့အခါ အစားမစားခင် ထူးဆန်းတဲ့အမြင်အာရုံကိုရရှိဖို့ အရေခွံကို ပြန်ချိတ်ထားပါတယ်။

သို့သော် ဒေါင်းများဟာ ကြက်သား​လောက် အရသာရှိပုံ မပေါ်ပါဘူး။ မှတ်တမ်းများအရလူအများစုက ဒေါင်းသားဟာ ကြမ်းတမ်းပြီး အရသာသိပ်မရှိဘူး ဟုဆိုပါတယ်။

(၉) ဒေါင်းတွေရဲ့ ဆွဲဆောင်မှုရှိတဲ့အမြှီးများဟာ အလိုအလျောက် ရွေးချယ်ထားတဲ့ မျိုးစိတ်တွေများလား

အချို့သက်ကြီးရွယ်အို ဒေါင်းအမများဟာ အမွှေးများ ပေါက်လာပြီး အထီးများဟု ခေါ်ဆိုနိုင်ပါတယ်။

peafowl မျိုးစိတ်ရဲ့ လိင်ပြောင်းပြန်လှန်ခြင်း သုတေသနအရ ဒေါင်းမများ အသက်အရွယ်ရလာသောအခါ ပျက်စီးသွားသော သားဥအိမ်များဟာ အီစထရိုဂျင် များများမထုတ်လုပ်တော့ဘဲ ရပ်တန့်သွားစေပါတယ်။

အဲဒါဟာ ဒေါင်းမတွေအတွက် မူလဖွံဖြိုးမှုကြောင့် အထီး​တွေနဲ့ စတင်တူလာပြီး အထီးတွေလို အသံထွက်လာကြပါတယ်။

ဒေါင်းအမများဟာ အမွှေးအမျှင်များကို ဟန့်တားသော ဟော်မုန်းများကြောင့် ပိုမိုကြည့်ကောင်းပါတယ်။

(၁၀) တစ်ကိုယ်လုံးဖြူစွတ်နေတဲ့ ဒေါင်းများဟာ albino ခေါ် ပုံမှန်မဟုတ်တဲ့ ဖြူခြင်း မဟုတ်ပါဘူး

နှင်းဖြူ ဥဒေါင်းများကို ယခင်ကထက် အနည်းငယ် ပိုတွေ့လာရပါတယ်။

ဘာလို့လဲဆိုတော့ သူတို့ရဲ့ အမူအကျင့်ကိုရယူပြီး ရွေးချယ် သားပေါက်နိုင်သောကြောင့် ဖြစ်ပါတယ်။

albinism (အနောက်တိုင်း လူဝင်စားအယူအဆကဲ့သို့ တကိုယ်လုံး ဖြူစွတ်နေခြင်း) ဟာ အများအားဖြင့် အသားအရောင်၊ အမွှေးများ နှင့် မျက်လုံးများမှ အရောင်ခြယ်မှုဆုံးရှုံးခြင်း (အနီရောင်ရှိသော မျက်လုံးများကို ဖြစ်ပေါ်စေခြင်း) တို့ ပါဝင်ပါတယ်။

albinism နဲ့မတူတာက leucism ဟာ ဥဒေါင်းများတွင် အမွှေးမှ အရောင်ခြယ်ခြင်းကိုသာ ဖြစ်စေသောမျိုးရိုးဗီဇအခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။

(၁၁) ဥဒေါင်းတွေဟာ ပျံနိုင်ပါတယ်

ဥဒေါင်းတွေရဲ့ ပန်ကာပုံစံ အမြှီးအမွှေးတွေက ခေါက်သိမ်းလိုက်သောအခါ ရှည်လျားပြီးလေးလံနေပေမဲ့ သားကောင်တွေ ရန်က ကာကွယ်ဖို့ ဒါမှမဟုတ် ညမှာ အသိုက်လုပ်ဖို့ သစ်ပင်အကိုင်းတွေဆီကို ထွက်ပြေးဖို့ ပုံမှန်အားဖြင့် တိုတောင်းတဲ့ အကွာအဝေးကို ပျံသန်းနိုင်ကြပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဥဒေါင်းတွေဟာ သဘာဝအတိုင်း အမွှေးအတောင်တွေ မလဲခင် နှင့် လဲ အပြီး ပျံသန်းတဲ့ အကွာအဝေးကို နှိုင်းယှဥ်ကြည့်ပေမဲ့ ကွာခြားချက်ကို သိပ်မတွေ့ခဲ့ပါဘူး။

(၁၂) Congo Peafowlမျိုးစိတ်ရဲ့ အ​မြှီးများဟာ ပိုမိုသိမ်မွေ့တာ တွေ့ရပါတယ်

ကွန်ဂို (Afropavo congensis) ဥဒေါင်းတွေဟာ လူသိနည်းသောpeafowls မျိုးစိတ် ဖြစ်ပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ဇာတိဖြစ်သော ဒီ ​ဒေါင်းငှက်ကို IUCN မှ မျိုးတုံး ထိခိုက်လွယ်တယ်ဟု ယူဆကြပါတယ်။

Peacock flying

ကွန်ဂို ဥဒေါင်းတွေမှာ တောက်ပတဲ့ အမွှေးအတောင်တွေ ရှိကြပြီး အစိမ်းရောင်နဲ့ ခရမ်းရောင် ရောစပ်နေပြီး နက်ပြာရောင်ရှိတဲ့ ဒေါင်းဟာ အထီးဖြစ်ပြီး အညိုရောင်နဲ့ အစိမ်းရောင် စပ်နေပြီး ဝမ်းဗိုက် အညိုရောင်ရှိတဲ့ ဒေါင်းဟာ အမ ဖြစ်ပါတယ်။

တခြား peafowl မျိုးစိတ်တွေနဲ့ မတူတာက ကွန်ဂို ဥဒေါင်းတွေဟာ အကောင်သေးပြီး အ​မြှီး အမွှေးအတောင်တွေကလည်း တိုကြပါတယ်။

ဒါပေမဲ့ မိတ်လိုက်တဲ့ အခါမှာတော့ အထီးတွေက အမြှီးကို ဖြန့်ကျက်ပြီး ဆွဲဆောင်တာတွေကတော့ တူကြပါတယ်။