ဒေဝါလီခံရတော့မည့် တရုတ်အကြီးဆုံး ဆောက်လုပ်ရေးလုပ်ငန်းကြီး

တရုတ်ပြည်က အကြီးဆုံးဆောက်လုပ်ရေးကုမ္ပဏီ Evergrande ဆောက်လုပ်ရေးလုပ်ငန်းစုဂရုကြီးဟာ ပြိုကျလုနီးနီးဖြစ်နေတာပါ။ ပေးရမယ့်အကြွေးပေါင်း ဒေါ်လာ (၃၀၅) ဘီလျံဆိုတာ နည်းတဲ့ပမာဏမဟုတ်ပါ။

လိုရင်းကတော့ ဝန်ထမ်း (၁) သိန်းကျော်ရှိတဲ့ ဧရာမကုမ္ပဏီကြီး (၁) ပါတ်အတွင်း ဒေါ်လာ (၃၀၀) ဘီလီယံ မရှာနိုင်ရင် ဒေဝါလီခံတော့မယ်။

မနေ့က Mid-Autum Festival လမုန့်ပွဲတော်မှာ တရုတ်ပြည်မှာမပျော်နိုင်သူတွေအများကြီးပါ။ အားလပ်ရက်ဖြစ်လို့ စတော့ဈေးကွက်ပိတ်ပေမယ့် အားလုံးက Evergrande ဂရုကြီးစတော့ရှယ်ယာဈေးကျနေတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီ Evergrande ပြိုလဲခြင်းနဲ့အတူ စီးပွားပျက်ကပ်တွဲပါလာဖို့ အလားအလာများနေပြီ။ ဟောင်ကောင် စတော့အိတ်ချိမ်းတော့စထိပြီ။

ရိုက်တာသတင်းဌာန ရထားတဲ့သတင်းအရ Evergrande ဟာ တရုတ်ဘဏ်ကြီးတွေကို စက်တင်ဘာလ ၂၀ ရက်နေ့မှာပေးရမယ့် ချေးငွေ loan payment ကိုမပေးနိုင်ပဲ ကတိပျက်ခဲ့တယ်လို့ဆိုပါတယ်။ တရုတ်ပြည်မှာ လက်ရှိဖြစ်နေတဲ့ Evergrande crisis ဟာ “Made in China” Economic Crisis ဖြစ်သွားနိုင်မလားဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။

သူဒေဝါလီခံတာက အရေးမကြီးဘူး၊ တိုက်ရိုက်ဝန်ထမ်း (၁) သိန်းကျော်နဲ့ ကန်ထရိုက်ပေးထားတဲ့ လုပ်ငန်းလေးအသီးသီးက ဝန်ထမ်းတွေ အများအပြားအလုပ်လက်မဲ့ဖြစ်ကြတော့မယ်။ ဒါတင်မကဘူး၊ ဆောက်လုပ်ရေးကုမ္ပဏီဆိုတော့ ဝင်ငွေကကြိုပွိုင့်တွေ ရောင်းပြီးရှာရတာ။ ကြိုပွိုင့်ပေးထားသူတွေ ငွေဆုံးတော့မယ်။ လူတွေကုမ္ပဏီရှေ့မှာ ဆန္ဒတွေပြကြ၊ ငိုကြယိုကြ၊ ငွေပြန်တောင်းကြနဲ့ ကမ္ဘာပျက်နေပြီ။

သူ့ကိုပရောဂျက်တွေအတွက် ငွေချေးပေးထားတဲ့ ဘဏ်တွေလည်း ရောထိကြမယ်။ အစိုးရတစ်ပိုင်း ဘဏ်တွေဆိုတော့ ဆောက်လက်စရော ဆောက်ပြီးရောရသမျှ အကုန်သိမ်းထိုးရောင်းပြီး သူကဦးအောင်ငွေဖော်ပြီး ပြန်ယူလိမ့်မယ်လို့ ပြောကြတယ်။

အကုန်ထိုးရောင်းလို့ အိမ်စျေးတွေကျရင် တစ်ခြားဆောက်လုပ်ရေး ကုမ္ပဏီတွေပါ နောက်ဆက်တွဲရောထိမယ်။ ရောပြိုမယ်။ Domino Effect နဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ကို သွားမလား ဆွေးနွေးနေကြရပြီ။

တရုတ်အစိုးရဟာ ဒီလောက်ကြီးမားတဲ့ သူ့ရဲ့အကြီးမားဆုံးဆောက်လုပ်ရေးလုပ်ငန်းစုကြီး ဘုံးဘုံးလဲသွားတာကို လက်ခံမယ်လို့တော့မထင်ပါ။ တရုတ်အစိုးရဟာ ဒီ Evergrande ဂရုကြီးကျဆင်းမှုမှာ အညင်သာဆုံးဖြစ်အောင် ဝင်ထိန်းမယ်လို့အားလုံးကယူဆထားပါတယ်။

တရုတ်အစိုးရက အာဏာရှင်ဆန်ဆန်အစိုးရဆိုတော့ ဝင်ထိန်းမယ်ဆိုရင် ထိန်းလို့တော့ရသွားနိုင်တယ်။ လိုငွေထုတ်ပေးထားပဲ ဖြစ်ဖြစ်၊ တစ်ခြားတစ်နည်းနည်းနဲ့ အာဏာပြပြီးတော့ဖြစ်ဖြစ် ဝင်ထိန်းလိုက်ရင်တော့ ပြေလည်ကောင်းပြေလည်သွားမယ်။

မနှစ်ကပဲ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တင်းကြပ်တဲ့ ဥပဒေတစ်ခု ထုတ်ထားလို့ နိုင်ငံရေးအရဝင်မထိန်းဘဲ အသာကြည့်ပြီး အပြိုခံလိမ့်မယ်လို့လဲ ပြောနေကြတယ်။

အနောက်နိုင်ငံတွေက ပညာရှင်တွေကတော့ တစ်ကယ်ပဲ ယုံကြည်လို့လား လူတွေစိတ်ပူပြီး ပိုဆိုးသွားမှာစိုးလို့လားမသိဘူး၊ တရုတ်ပြည်ကကိစ္စ အမေရိကကိုဒီလောက်ကြီး ရိုက်ခတ်စရာမရှိပါဘူးလို့ ပြောနေတယ်။ အမေရိကကို ရိုက်ခတ်မခတ်တော့မသိဘူး၊ Crypto စျေးကွက်ကိုတော့ ရိုက်ခတ်လို့ အခု အကြီးအကျယ်ဂွမ်းနေပြီ။

Zawgyi

တ႐ုတ္ျပည္က အႀကီးဆုံးေဆာက္လုပ္ေရးကုမၸဏီ Evergrande ေဆာက္လုပ္ေရးလုပ္ငန္းစုဂ႐ုႀကီးဟာ ၿပိဳက်လုနီးနီးျဖစ္ေနတာပါ။ ေပးရမယ့္အေႂကြးေပါင္း ေဒၚလာ (၃၀၅) ဘီလ်ံဆိုတာ နည္းတဲ့ပမာဏမဟုတ္ပါ။

လိုရင္းကေတာ့ ဝန္ထမ္း (၁) သိန္းေက်ာ္ရွိတဲ့ ဧရာမကုမၸဏီႀကီး (၁) ပါတ္အတြင္း ေဒၚလာ (၃၀၀) ဘီလီယံ မရွာႏိုင္ရင္ ေဒဝါလီခံေတာ့မယ္။

မေန႔က Mid-Autum Festival လမုန႔္ပြဲေတာ္မွာ တ႐ုတ္ျပည္မွာမေပ်ာ္ႏိုင္သူေတြအမ်ားႀကီးပါ။ အားလပ္ရက္ျဖစ္လို႔ စေတာ့ေဈးကြက္ပိတ္ေပမယ့္ အားလုံးက Evergrande ဂ႐ုႀကီးစေတာ့ရွယ္ယာေဈးက်ေနတာကို ရင္တထိတ္ထိတ္နဲ႔ေစာင့္ၾကည့္ေနပါတယ္။

ေဆာက္လုပ္ေရးကုမၸဏီ Evergrande ၿပိဳလဲျခင္းနဲ႔အတူ စီးပြားပ်က္ကပ္တြဲပါလာဖို႔ အလားအလာမ်ားေနၿပီ။ ေဟာင္ေကာင္ စေတာ့အိတ္ခ်ိမ္းေတာ့စထိၿပီ။

႐ိုက္တာသတင္းဌာန ရထားတဲ့သတင္းအရ Evergrande ဟာ တ႐ုတ္ဘဏ္ႀကီးေတြကို စက္တင္ဘာလ ၂၀ ရက္ေန႔မွာေပးရမယ့္ ေခ်းေငြ loan payment ကိုမေပးႏိုင္ပဲ ကတိပ်က္ခဲ့တယ္လို႔ဆိုပါတယ္။ တ႐ုတ္ျပည္မွာ လက္ရွိျဖစ္ေနတဲ့ Evergrande crisis ဟာ “Made in China” Economic Crisis ျဖစ္သြားႏိုင္မလားဆိုၿပီး ေမးခြန္းထုတ္ေနၾကပါတယ္။

သူေဒဝါလီခံတာက အေရးမႀကီးဘူး၊ တိုက္႐ိုက္ဝန္ထမ္း (၁) သိန္းေက်ာ္နဲ႔ ကန္ထ႐ိုက္ေပးထားတဲ့ လုပ္ငန္းေလးအသီးသီးက ဝန္ထမ္းေတြ အမ်ားအျပားအလုပ္လက္မဲ့ျဖစ္ၾကေတာ့မယ္။ ဒါတင္မကဘူး၊ ေဆာက္လုပ္ေရးကုမၸဏီဆိုေတာ့ ဝင္ေငြကႀကိဳပြိဳင့္ေတြ ေရာင္းၿပီးရွာရတာ။ ႀကိဳပြိဳင့္ေပးထားသူေတြ ေငြဆုံးေတာ့မယ္။ လူေတြကုမၸဏီေရွ႕မွာ ဆႏၵေတြျပၾက၊ ငိုၾကယိုၾက၊ ေငြျပန္ေတာင္းၾကနဲ႔ ကမာၻပ်က္ေနၿပီ။

သူ႔ကိုပေရာဂ်က္ေတြအတြက္ ေငြေခ်းေပးထားတဲ့ ဘဏ္ေတြလည္း ေရာထိၾကမယ္။ အစိုးရတစ္ပိုင္း ဘဏ္ေတြဆိုေတာ့ ေဆာက္လက္စေရာ ေဆာက္ၿပီးေရာရသမွ် အကုန္သိမ္းထိုးေရာင္းၿပီး သူကဦးေအာင္ေငြေဖာ္ၿပီး ျပန္ယူလိမ့္မယ္လို႔ ေျပာၾကတယ္။

အကုန္ထိုးေရာင္းလို႔ အိမ္ေစ်းေတြက်ရင္ တစ္ျခားေဆာက္လုပ္ေရး ကုမၸဏီေတြပါ ေနာက္ဆက္တြဲေရာထိမယ္။ ေရာၿပိဳမယ္။ Domino Effect နဲ႔ ကမာၻ႔စီးပြားပ်က္ကပ္ကို သြားမလား ေဆြးေႏြးေနၾကရၿပီ။

တ႐ုတ္အစိုးရဟာ ဒီေလာက္ႀကီးမားတဲ့ သူ႔ရဲ႕အႀကီးမားဆုံးေဆာက္လုပ္ေရးလုပ္ငန္းစုႀကီး ဘုံးဘုံးလဲသြားတာကို လက္ခံမယ္လို႔ေတာ့မထင္ပါ။ တ႐ုတ္အစိုးရဟာ ဒီ Evergrande ဂ႐ုႀကီးက်ဆင္းမႈမွာ အညင္သာဆုံးျဖစ္ေအာင္ ဝင္ထိန္းမယ္လို႔အားလုံးကယူဆထားပါတယ္။

တ႐ုတ္အစိုးရက အာဏာရွင္ဆန္ဆန္အစိုးရဆိုေတာ့ ဝင္ထိန္းမယ္ဆိုရင္ ထိန္းလို႔ေတာ့ရသြားႏိုင္တယ္။ လိုေငြထုတ္ေပးထားပဲ ျဖစ္ျဖစ္၊ တစ္ျခားတစ္နည္းနည္းနဲ႔ အာဏာျပၿပီးေတာ့ျဖစ္ျဖစ္ ဝင္ထိန္းလိုက္ရင္ေတာ့ ေျပလည္ေကာင္းေျပလည္သြားမယ္။

မႏွစ္ကပဲ ေဆာက္လုပ္ေရးလုပ္ငန္းေတြကို တင္းၾကပ္တဲ့ ဥပေဒတစ္ခု ထုတ္ထားလို႔ ႏိုင္ငံေရးအရဝင္မထိန္းဘဲ အသာၾကည့္ၿပီး အၿပိဳခံလိမ့္မယ္လို႔လဲ ေျပာေနၾကတယ္။

အေနာက္ႏိုင္ငံေတြက ပညာရွင္ေတြကေတာ့ တစ္ကယ္ပဲ ယုံၾကည္လို႔လား လူေတြစိတ္ပူၿပီး ပိုဆိုးသြားမွာစိုးလို႔လားမသိဘူး၊ တ႐ုတ္ျပည္ကကိစၥ အေမရိကကိုဒီေလာက္ႀကီး ႐ိုက္ခတ္စရာမရွိပါဘူးလို႔ ေျပာေနတယ္။ အေမရိကကို ႐ိုက္ခတ္မခတ္ေတာ့မသိဘူး၊ Crypto ေစ်းကြက္ကိုေတာ့ ႐ိုက္ခတ္လို႔ အခု အႀကီးအက်ယ္ဂြမ္းေနၿပီ။