ဒါရိုက်တာကိုပေါက် တင်ထားတဲ့ပို့လေးကိုဖတ်ပြီး အတွေးများစွာ ရရှိသွားစေတဲ့အဖြစ်

သို့မိန်းမရေ ငါပြန်မလာနိုင်ရင်လည်း နင်မငိုနဲ့။ ငါသေမှာစိုးလို့ စာကြိုရေးထားတာ။ ငါသေရင် PDF ကို မမုန်းနဲ့။ စစ်ဆင်ရေးက အစကတည်းက ငါတို့ကို တမင်တကာ အသေခံခိုင်းတာ။ အာဏာရူးတွေကိုမုန်း။ ငါပြန်မလာနိုင်ရင် နင့်ဘဝနင်သေချာထိန်းကျောင်း။ မငိုနဲ့။ ငါ့သားကို ဘယ်တော့မှ စစ်ထဲမဝင်မိစေနဲ့။ နင်အဲ့ဒါသတိထား။

ကလေးအနာဂတ်အတွက် သူ့အဖွားနေတဲ့ မုဒုံကိုသွား။ အမေ့ကို ငါအပ်ထားတဲ့ ပိုက်ဆံနဲနဲရှိတယ်။ ငါးသိန်းလောက်ရှိမယ်။ အဲ့ဒါတောင်းလိုက်။ ဒီမှာအခွင့်အရေးပေးရင် ငါတပ်ပြေးမယ်။ ဦးထွန်း ဗိုက်ဘာကနေ စာကိုပုံရိုက်ပြီး ပို့ပေးလိုက်မယ်။ မသေရင် မရောက်ရောက်အောင် မိသားစုဆီ ငါပြန်လာမယ်။ တပ်က တော်တော်အခြေအနေဆိုးနေပြီ။

အခုစစ်ပွဲတွေက အဓိပ္ပာယ်မရှိဘူး။ အာဏာရူးတပ်ချုပ်ကစတဲ့ အရှုပ်ထုပ်တွေကို တပ်မတော်သားတွေက အသက်ပေးပြီး ရှင်းနေရတာ။ ငါနင့်စကားကို နားထောင်ခဲ့သင့်တာ။ အခုတော့ စောစောတပ်မပြေးမိလို့ နောင်တရနေပြီ။ သတိရတယ် နီလာသားလေးကို ဂရုစိုက်ပါဒါပဲ။

ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားသော စစ်သားတစ်ယောက်၏ အိပ်ကပ်ထဲမှာတွေ့သည့်စာ အောက်ခြေစစ်သားတစ်​ယောက်က စစ်တပ်ကိုမုန်းတဲ့စာ။ ပြည်သူ့စစ်သားတွေအတွက် စိတ်မကောင်းဖြစ်ရတဲ့စာ။

တကယ်တော့ ဒီကာလတွေကို မြန်မြန်ပြီးစေချင်ပါပြီ။ အမှန်တရားအတွက် တိုက်ခိုက်နေရတဲ့ လူငယ်လေးတွေကိုလဲ ထပ်ပြီးမဆုံးရှုံးချေချင်တော့ဘူး။ ဒီလိုပဲ အမှန်တရားကိုသိပြီး ရုန်းမထွက်နိုင်ကြတဲ့ အောက်ခြေငယ်သားတွေကိုလဲ ထပ်ပြီးမသေသေချင်တော့ဘူး။ မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပြီး အမှန်တရားက နိုင်ပါစေ။

Zawgyi

သို႔မိန္းမေရ ငါျပန္မလာႏိုင္ရင္လည္း နင္မငိုနဲ႔။ ငါေသမွာစိုးလို႔ စာႀကိဳေရးထားတာ။ ငါေသရင္ PDF ကို မမုန္းနဲ႔။ စစ္ဆင္ေရးက အစကတည္းက ငါတို႔ကို တမင္တကာ အေသခံခိုင္းတာ။ အာဏာ႐ူးေတြကိုမုန္း။ ငါျပန္မလာႏိုင္ရင္ နင့္ဘဝနင္ေသခ်ာထိန္းေက်ာင္း။ မငိုနဲ႔။ ငါ့သားကို ဘယ္ေတာ့မွ စစ္ထဲမဝင္မိေစနဲ႔။ နင္အဲ့ဒါသတိထား။

ကေလးအနာဂတ္အတြက္ သူ႔အဖြားေနတဲ့ မုဒုံကိုသြား။ အေမ့ကို ငါအပ္ထားတဲ့ ပိုက္ဆံနဲနဲရွိတယ္။ ငါးသိန္းေလာက္ရွိမယ္။ အဲ့ဒါေတာင္းလိုက္။ ဒီမွာအခြင့္အေရးေပးရင္ ငါတပ္ေျပးမယ္။ ဦးထြန္း ဗိုက္ဘာကေန စာကိုပုံ႐ိုက္ၿပီး ပို႔ေပးလိုက္မယ္။ မေသရင္ မေရာက္ေရာက္ေအာင္ မိသားစုဆီ ငါျပန္လာမယ္။ တပ္က ေတာ္ေတာ္အေျခအေနဆိုးေနၿပီ။

အခုစစ္ပြဲေတြက အဓိပၸာယ္မရွိဘူး။ အာဏာ႐ူးတပ္ခ်ဳပ္ကစတဲ့ အရႈပ္ထုပ္ေတြကို တပ္မေတာ္သားေတြက အသက္ေပးၿပီး ရွင္းေနရတာ။ ငါနင့္စကားကို နားေထာင္ခဲ့သင့္တာ။ အခုေတာ့ ေစာေစာတပ္မေျပးမိလို႔ ေနာင္တရေနၿပီ။ သတိရတယ္ နီလာသားေလးကို ဂ႐ုစိုက္ပါဒါပဲ။

ေရွ႕တန္းတစ္ေနရာမွာ က်ဆုံးသြားေသာ စစ္သားတစ္ေယာက္၏ အိပ္ကပ္ထဲမွာေတြ႕သည့္စာ ေအာက္ေျခစစ္သားတစ္​ေယာက္က စစ္တပ္ကိုမုန္းတဲ့စာ။ ျပည္သူ႔စစ္သားေတြအတြက္ စိတ္မေကာင္းျဖစ္ရတဲ့စာ။

တကယ္ေတာ့ ဒီကာလေတြကို ျမန္ျမန္ၿပီးေစခ်င္ပါၿပီ။ အမွန္တရားအတြက္ တိုက္ခိုက္ေနရတဲ့ လူငယ္ေလးေတြကိုလဲ ထပ္ၿပီးမဆုံးရႈံးေခ်ခ်င္ေတာ့ဘူး။ ဒီလိုပဲ အမွန္တရားကိုသိၿပီး ႐ုန္းမထြက္ႏိုင္ၾကတဲ့ ေအာက္ေျခငယ္သားေတြကိုလဲ ထပ္ၿပီးမေသေသခ်င္ေတာ့ဘူး။ ျမန္မာျပည္ႀကီး အျမန္ၿငိမ္းခ်မ္းၿပီး အမွန္တရားက ႏိုင္ပါေစ။