ထမင်းနဲ့ငရုတ်သီးကို ၅ နှစ်လုံးလုံးစားပြီးတော့ မောင်လေးအတွက်ဆေးဖိုးရှာခဲ့သူလေး ကွယ်လွန်သွားရှာပြီ

အမကြီးအမိရာဆိုတဲ့စကားပုံဟာ ဒီဖြစ်ရပ်လေးမှာ မှန်နေခဲ့တာကို သက်သေပြခဲ့တာပါ။ ပြီးခဲ့တဲ့ (၅နှစ်မှာ တစ်နေ့ကို (၂)ယွမ်(မန်မာငွေ ၄၃၂ ကျပ်) ပဲသုံးပြီးတော့ ထမင်းနဲ့ငရုတ်သီးပဲစားခဲ့ပြီး အာဟာရပြတ်လပ်မှုဆိုးဆိုးရွားရွားဖြစ်ခဲ့သော တရုတ်ကျောင်းသူ ကွယ်လွန်သွားပြီလို့ တရုတ်မီဒီယာတစ်ခုကဖော်ပြခဲ့တာပါ။

အသက်(၂၄နှစ်အရွယ်ရှိပေမဲ့လည်း ခန္ဓာကိုယ်အလေးချိန် (၄၃) ပေါင်ကျော်ပဲရှိသော ဝူဟွာယန်(Wu Huayan)ရဲ့ဓာတ်ပုံတွေဟာ ထွက်ပေါ်လာချိန်မှာ တရုတ်တစ်နိုင်ငံလုံးတုန်လှုပ်ခဲ့တာပါ။ သူမဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလက အသက်ရှူကျပ်တဲ့ဝေဒနာကြောင့်ဘဲ ဆေးရုံရောက်လာခဲ့တာပါနော်။ ဝူဟွာယန်ကျန်းမာလာဖို့ ကူညီနိုင်ဖို့ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကွယ်လွန်သွားခဲ့တာလို့ မောင်ဖြစ်သူကပြောခဲ့တာပါ။ တတိယနှစ်တက္ကသိုလ်ကျောင်းသူလေး ဝူဟွာယန်(Wu Huayan)က စိတ်ကျန်းမာရေးမကောင်းတဲ့မောင်ဖြစ်သူကို စောင့်ရှောက်ရင်းကျောင်းတက်ခဲ့သူပါနော်။ ဝူဟွာယန် ၄ နှစ်သမီးအရွယ်မှာဘဲ မိခင်ဆုံးပါးခဲ့ပြီးတော့ ကျောင်းသူဘဝရောက်ချိန်မှာတော့ ဖခင်ဖြစ်သူဆုံးပါးကွယ်လွန်ခဲ့တာပါ။

အစောပိုင်းမှာတော့ သူတို့မောင်နှမကို အဘွားဖြစ်သူကစောင့်ရှောက်ထားခဲ့ပြီးတော့ နောက်ပိုင်းမှာတော့ ဦးလေးနဲ့အဒေါ်ဆီက ထောက်ပံ့ရခဲ့တာပါ။ သိုေ့ပမယ့်တစ်လကို ယွမ်(၃၀၀)ပဲထောက်ပံ့ပေးနိုင်ခဲ့ပြီးတော့ အဲဒီငွေကလည်း မောင်ဖြစ်သူရဲ့ဆေးဖိုးဖြစ်ခဲ့တာပါ။ ဒါကြောင့်ဝူဟွာယန်က တစ်နေ့ကို ၂ ယွမ်ပဲသုံးခဲ့ပြီးတော့ ထမင်းနဲ့ငရုတ်သီးပဲစားခဲ့ပါတယ်တဲ့။ သူမဟာ (၅ နှစ်လုံးလုံး အစာရေစာ မဝမလင်စားခဲ့ရလို့ နှလုံးနဲ့ကျောက်ကပ်ရောဂါတွေ ခံစားခဲ့ရတယ်လို့ ဆရာဝန်တွေကပြောခဲ့တာပါ။ သူတို့မောင်နှမဟာ တရုတ်နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ကွေ့ကျိုးပြည်နယ်မှာနေထိုင်သူတွေပါတဲ့။

သူတို့အကြောင်း လူသိရှင်ကြားဖြစ်သွားပြီးချိန်မှာတော့ တရုတ်ပြည်သူတွေက အာဏာပိုင်တွေကိုဒေါသတကြီးဝေဖန်ခဲ့ကြတယ်လို့ သိရပါတယ်။ဝူဟွာယန်ရဲ့အဖြစ်ကတော့ အာဖဂန်နစ္စတန်ဒုက္ခသည်တွေထက်ပိုဆိုးခဲ့တယ်လို့ တရုတ်လူမှုကွန်ရက် Weibo အသုံးပြုသူတစ်ယောက်က ရေးသားခဲတာပါ။

credit

Zawgyi

အမႀကီးအမိရာဆိုတဲ့စကားပုံဟာ ဒီျဖစ္ရပ္ေလးမွာ မွန္ေနခဲ့တာကို သက္ေသျပခဲ့တာပါ။ ၿပီးခဲ့တဲ့ (၅ႏွစ္မွာ တစ္ေန႔ကို (၂)ယြမ္(မန္မာေငြ ၄၃၂ က်ပ္) ပဲသုံးၿပီးေတာ့ ထမင္းနဲ႔င႐ုတ္သီးပဲစားခဲ့ၿပီး အာဟာရျပတ္လပ္မႈဆိုးဆိုး႐ြား႐ြားျဖစ္ခဲ့ေသာ တ႐ုတ္ေက်ာင္းသူ ကြယ္လြန္သြားၿပီလို႔ တ႐ုတ္မီဒီယာတစ္ခုကေဖာ္ျပခဲ့တာပါ။

အသက္(၂၄ႏွစ္အ႐ြယ္ရွိေပမဲ့လည္း ခႏၶာကိုယ္အေလးခ်ိန္ (၄၃) ေပါင္ေက်ာ္ပဲရွိေသာ ဝူဟြာယန္(Wu Huayan)ရဲ႕ဓာတ္ပုံေတြဟာ ထြက္ေပၚလာခ်ိန္မွာ တ႐ုတ္တစ္ႏိုင္ငံလုံးတုန္လႈပ္ခဲ့တာပါ။ သူမဟာ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလက အသက္ရႉက်ပ္တဲ့ေဝဒနာေၾကာင့္ဘဲ ေဆး႐ုံေရာက္လာခဲ့တာပါေနာ္။ ဝူဟြာယန္က်န္းမာလာဖို႔ ကူညီႏိုင္ဖို႔ေငြေၾကးလႉဒါန္းမႈေတြ ျပဳလုပ္ခဲ့ေပမဲ့လည္း ၿပီးခဲ့တဲ့ တနလၤာေန႔မွာ ကြယ္လြန္သြားခဲ့တာလို႔ ေမာင္ျဖစ္သူကေျပာခဲ့တာပါ။ တတိယႏွစ္တကၠသိုလ္ေက်ာင္းသူေလး ဝူဟြာယန္(Wu Huayan)က စိတ္က်န္းမာေရးမေကာင္းတဲ့ေမာင္ျဖစ္သူကို ေစာင့္ေရွာက္ရင္းေက်ာင္းတက္ခဲ့သူပါေနာ္။ ဝူဟြာယန္ ၄ ႏွစ္သမီးအ႐ြယ္မွာဘဲ မိခင္ဆုံးပါးခဲ့ၿပီးေတာ့ ေက်ာင္းသူဘဝေရာက္ခ်ိန္မွာေတာ့ ဖခင္ျဖစ္သူဆုံးပါးကြယ္လြန္ခဲ့တာပါ။

အေစာပိုင္းမွာေတာ့ သူတို႔ေမာင္ႏွမကို အဘြားျဖစ္သူကေစာင့္ေရွာက္ထားခဲ့ၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ ဦးေလးနဲ႔အေဒၚဆီက ေထာက္ပံ့ရခဲ့တာပါ။ သိုေ့ပမယ့္တစ္လကို ယြမ္(၃၀၀)ပဲေထာက္ပံ့ေပးႏိုင္ခဲ့ၿပီးေတာ့ အဲဒီေငြကလည္း ေမာင္ျဖစ္သူရဲ႕ေဆးဖိုးျဖစ္ခဲ့တာပါ။ ဒါေၾကာင့္ဝူဟြာယန္က တစ္ေန႔ကို ၂ ယြမ္ပဲသုံးခဲ့ၿပီးေတာ့ ထမင္းနဲ႔င႐ုတ္သီးပဲစားခဲ့ပါတယ္တဲ့။ သူမဟာ (၅ ႏွစ္လုံးလုံး အစာေရစာ မဝမလင္စားခဲ့ရလို႔ ႏွလုံးနဲ႔ေက်ာက္ကပ္ေရာဂါေတြ ခံစားခဲ့ရတယ္လို႔ ဆရာဝန္ေတြကေျပာခဲ့တာပါ။ သူတို႔ေမာင္ႏွမဟာ တ႐ုတ္ႏိုင္ငံရဲ႕ အဆင္းရဲဆုံးျပည္နယ္တစ္ခုျဖစ္တဲ့ ေကြ႕က်ိဳးျပည္နယ္မွာေနထိုင္သူေတြပါတဲ့။

သူတို႔အေၾကာင္း လူသိရွင္ၾကားျဖစ္သြားၿပီးခ်ိန္မွာေတာ့ တ႐ုတ္ျပည္သူေတြက အာဏာပိုင္ေတြကိုေဒါသတႀကီးေဝဖန္ခဲ့ၾကတယ္လို႔ သိရပါတယ္။ဝူဟြာယန္ရဲ႕အျဖစ္ကေတာ့ အာဖဂန္နစၥတန္ဒုကၡသည္ေတြထက္ပိုဆိုးခဲ့တယ္လို႔ တ႐ုတ္လူမႈကြန္ရက္ Weibo အသုံးျပဳသူတစ္ေယာက္က ေရးသားခဲတာပါ။

credit