ထန်တလန်မြို့နဲ့ပက်သက်ပြီး ချက်ကျလက်ကျနဲ့ အရှိုက်ထိအောင်ရေးသားလာတဲ့ ပိုင်ဖြိုးသု
ထန်တလန်မြို့နဲ့ပက်သက်ပြီး ချက်ကျလက်ကျနဲ့ အရှိုက်ထိအောင်ရေးသားလာတဲ့ ပိုင်ဖြိုးသု။
ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံတော့ လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့ အရေးတွေကြောင့် ဖမ်းဝရံထုတ်ခံထားရပေမဲ့လည်း ဇွဲမလျှော့ဘဲ အမြဲတမ်းတက်ကြွစွာ ပါဝင်ပေးနေဆဲဖြစ်ပါတယ်။
အွန်လိုင်းပေါ်မှာလည်း ဝေဖန်ခံရမှုတွေတစ်ချို့ရှိခဲ့ပေမဲ့ နောက်မဆုတ်ဘဲ ရဲရဲဝင့်ဝင့်ရှိနေပေးလို့ ပရိသတ်တွေရဲ့အချစ်‌ေတွကို ရယူထားနိုင်သူလေးဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်ဖြိုးသုက ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်။
ပိုင်ဖြိုးသုက ဒါရိုက်တာဏကြီးနဲ့ လက်ထက်ထိမ်းမြားထားပြီးတာ့ သာယာပြီးပျော်ရွင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါတယ်။ ပိုင်ဖြိုးသုက တော်လှန်ရေးကြီးမှာလဲ ပြည်သူတနဲ့အတူ လမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာအားတက်သရာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ ကနဲ့ မတရားအမှုဖွင့်ခံရထားပြီး ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။
တိမ်းရှောင်နေစဉ် အတောအတွင်းမှာလဲ လူမှူကွန်ယက်ကနေပြည်သူများအတွက် ခွန်အားဖြစစေမယ့် စာသားတွေကို ရေးသားဖော်ပြလေ့ရှိပါတယ်။ ဘေးကင်းရာကို တိမ်းရှောင်နေရတာကြောင့်လည်း ပိုင်ဖြိုးသုတို့အနေနဲ့ ခင်ပွန်းဖြစ်သူရဲ့ အမေဆုံးတော့လည်း လိုက်ပါပို့ဆောင်ခွင့်မရသလို အဖွားဖြစ်သူသေဆုံးတော့လည်း လိုက်ပါပို့ဆောင်ခွင့် မရနိုင်အောင် ပေးဆပ်ရမှုတွေ များနေပြီဖြစ်ပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ပိုင်ဖြိုးသုတစ်ယောက် လွတ်မြောက်နယ်မြေရောက်နေတဲ့ ပုံလေးတစ်ပဲံုကို တင်ပေးလာခဲ့ပြီး ပရိသတ်ကြီးကို စိတ်မပူရအောင် ထုတ်ပြလာတာပဲ ဖြစ်ပါတတယ်နော်။
ဒီနေ့လေးမှာလည်း ထန်တလန်မြို့နဲ့ပက်သက်ပြီး ” သမာအာဇီဝလုပ်အားနဲ့ စီးပွားရှာရတဲ့လူ‌တွေအတွက် ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို သူတို့ဘယ်သိပါ့မလဲ ပြည်သူဆီက ခိုးထားဝှက်ထားတဲ့ငွေတွေနဲ့ ထားစရာမရှိအောင် ချမ်းသာနေကြတာကိုး ကိုယ်ပိုင်အိမ်တစ်လုံးတောင် မပိုင်တဲ့သူတို့လက်အောက်ခံ ထားရာနေစေရာသွားတွေကလည်း သူတို့ခိုင်းသမျှလုပ်မှာပဲ သူတို့မှအိမ်မပိုင်ဘူးတာ ချွဲနည်းစာနဲ့ဆောက်ထားတဲ့အိမ်လေးကို ဆုံးရှးလိုက်ရတဲ့ ခံစားချက်သူတို့ဘယ်သိပါ့မလဲ စစ်အာဏာရှင်စနစ် အမြန်ဆုံးကျရှုံးပါစေ။ ” ဆိုပြီး ရေးသားလာခဲတာ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း ထန်တန်မြို့လေးအတွက် ဆုတောင်းပေးကြပါအူံးနော်။
Source: Paing Phyo Thu
Zawgyi
လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ပိုင်ဖြိုးသုတစ်ယောက် လွတ်မြောက်နယ်မြေရောက်နေတဲ့ ပုံလေးတစ်ပဲုံကို တင်ပေးလာခဲ့ပြီး ပရိသတ်ကြီးကို စိတ်မပူရအောင် ထုတ်ပြလာတာပဲ ဖြစ်ပါတတယ်နော်။
Source: Paing Phyo Thu